The Purpose of Christmas

အပြစ်မှ ကယ်တင်ဖို့ ယေရှုကြွလာတယ်။

စာဖတ်သူရဲ့ဘဝမှာ … ခင်ဗျား ကိုယ်၌က ပြဿနာရဲ့အရင်း အမြစ်ဖြစ်တယ်လို့ ပြောပါရစေ။ ခင်ဗျားဘဝမှာ တခြားသူတွေက ပြဿနာတွေ ဖြစ်စေပါလိမ့်မယ်။ ဒါပေမယ့် ခင်ဗျားရဲ့တုံ့ပြန်မှုကပိုပြီး ဆိုးဝါးစေတာပါ။ စာဖတ်သူဘဝကို ရိုးရိုးသားသားပြန်သုံးသပ်ကြည့်မယ် ဆိုရင် … ခင်ဗျားဘဝမှာ ဖျောက်ဖျက်ချင်ပေမယ့် … မဖျောက်နိုင်တဲ့ အကျင့်ဆိုးတွေရှိနေတာတွေ့ရမှာပါ။ ခင်ဗျားမလိုချင်တဲ့ အတွေးဆိုးတွေ၊ မခံစားလိုတဲ့ခံစားချက်တွေ၊ စိတ်မလုံမလဲဖြစ်မှုတွေနှင့် ခင်ဗျားပြည့်နေတာ တွေ့ရမှာပါ။

အရိုးသားဆုံးပြောရရင်တော့ ခင်ဗျားဟာခင်ဗျားကိုယ်တိုင် ပြဿနာဖြစ်နေတယ်လို့ဆိုရမှာပါ။ အဲသလို ပြဿနာတွေကနေ ပြောင်းလဲ ဖို့အတွက်တော့ … ခင်ဗျားရဲ့နှလုံးသားကနေအစပြုရပါမယ်။
စာဖတ်သူရော၊ စာရေးသူ ကျွန်တော်အပါအဝင်၊ ကျွန်တော်တို့ အားလုံးဟာ ”ငါ”ဆိုတဲ့ ပြဿနာ၊ အတ္တနှင့်မွေးဖွားလာကြတာပါ။ ကျွန်တော်တို့ရဲ့သဘာဝကိုက၊ အတ္တဗဟိုပြုတဲ့လူတွေပါ။

ကလေးရှိတဲ့ မိဘတိုင်းကိုမေးကြည့်ပါ။ ဘယ်မိဘကမှ သူတို့ ကလေးကို အတ္တရှိအောင် သင်ကြားပေးတာမရှိပါဘူး။ ဒါပေမယ့် ကလေး တွေက အလိုလိုနှင့်ကို အတ္တတွေရှိလာတာဗျ။ အဲသလိုသာ လူတွေရဲ့ သဘာဝမှာ အတ္တမရှိဘူးဆိုရင် လူတွေကြားမှာ တင်းမာမှု၊ ပြဿနာတွေ၊ လင်မယားကွာရှင်းမှုတွေ တဦးအပေါ်တဦးအမြတ်ထုတ်မှုတွေရှိလာမှာ မဟုတ်ဘူး။ လောဘရမ္မက်တွေ၊ ပြစ်မှုကျူးလွန်မှုတွေနှင့် စစ်ပွဲတွေလည်း ဖြစ်လာမှာမဟုတ်ဘူး။

ကျွန်တော်တို့တွေရဲ့ သဘာဝသဘောထားကိုယ်၌ကား ဘုရားသခင်ရဲ့လမ်း၊ အလိုအတိုင်းထက်၊ ကိုယ့်လမ်းကိုယ်သွားချင်တဲ့ အလိုဆန္ဒ တွေနှင့် ပြည့်နေပါတယ်။ အဲသလိုကောင်းတဲ့အရာကို ရွေးမယ့်အစား၊ မကောင်းမှုကိုရွေးချယ်ခြင်းကို အပြစ်လို့ခေါ်ပါတယ်။ အင်္ဂလိပ်လို Sin ပေါ့။ အဲဒီအင်္ဂလိပ်လို Sin ရဲ့ အလယ်စကားလုံးက “I” ဖြစ်နေပါတယ်။ “I” ဆိုတာက မြန်မာလို ”ငါ” ဖြစ်လာတယ်။ ကျွန်တော်တို့ရဲ့ဘဝမှာ I ဖြစ်တဲ့ငါကို ဗဟိုပြု၊ ဦးစားပေးတဲ့အခါမှာ အပြစ်သားတွေဖြစ်လာတယ်။ အပြစ်တွေလုပ်လာတယ်။ ဘုရားသခင်ကိုဖယ်ထားပြီး၊ ကိုယ့်ရဲ့အလိုဆန္ဒ ကို ရှေ့တန်းတင်လုပ်ဆောင်ခဲ့သမျှဟာ အပြစ်ထဲမှာ ပါပါတယ်။

ဟုတ်ပါတယ်။ အပြစ်ဟာ ကျွန်တော်တို့ရဲ့ အကြီးမားဆုံး ပြဿနာပါ။ ပြီးတော့ တကမ္ဘာလုံး၊ စကြဝဠာတခုလုံးရဲ့ ပြဿနာပါပဲ။ စာဖတ်သူရော၊ စာရေးသူရော၊ ကျွန်တော်တို့အားလုံးဟာ နေ့စဉ်၊ နေ့တိုင်း နှင့်အမျှ ကာယကံ၊ ဝစီကံနှင့် မနောကံအားဖြင့် အပြစ်တွေပြုနေကြပါ တယ်။ အဲဒါကို သမ္မာကျမ်းစာက ဒီလိုဆိုထားတယ်။

ဒေသနာကျမ်း ရး၂၀
”အပြစ်မပါဘဲ ကောင်းသောအကျင့်ကိုကျင့်သော သူတော် ကောင်း တစုံတယောက်မျှ မြေကြီးပေါ်မှာမရှိ” လို့ အတိအကျရေးထား ပါတယ်။ ဟုတ်ပါ၏။ ဘယ်သူမျှ ပြည့်ဝတယ်ဆိုတာမရှိပါ။ သမိုင်းတစ်လျှောက်လုံးမှာ အမှားအယွင်းကင်း၍ ပြည့်ဝစုံလင်တဲ့သူတစ်ဦး တစ်ယောက်မျှမရှိပါပေ။

ဘုရားသခင်မိန့်မြွှတ်တာက ”လူအပေါင်းတို့သည် ဒုစရိုက်ကို ပြု၍၊ ဘုရားသခင်ရှေ့တော်၌၊ အသရေပျက်ကြပြီ” လို့ ရောမသြဝါဒစာ ၃း၂၃ မှာ ရေးမှတ်ထားပါတယ်။ ဆက်ပြီး သမ္မာကျမ်းစာမှာ ဒီလိုရေးထား တယ်။
”ကိုယ်အပြစ်မရှိဟု ငါတို့သည်ဆိုလျှင်၊ ကိုယ်ကိုကိုယ် လှည့်ဖြားကြ၏။ ငါတို့၌ သစ္စာတရားမရှိ။ … ဒုစရိုက်ကိုမပြုပြီဟု ငါတို့သည်ဆိုလျှင် ဘုရားသခင်ကို မုသာအပြစ်တင်ကြ၏။ နှုတ်ကပတ် တော်သည်လည်း ငါတို့၌မရှိ” ၁ ယော ၁း၈ – ၁၀။

စာရေးသူကျွန်တော်၊ ကမ္ဘာတဝှမ်းသို့ခရီးပြုပြီး လူထောင်ပေါင်း များစွာနှင့်တွေ့ဆုံခဲ့ပါတယ်။ ဒါပေမယ့် … တစ်ဦးတစ်ယောက်မှ အပြစ်မရှိ တဲ့သူရယ်လို့ မတွေ့ဘူးပါ။ အပြစ်မရှိဘူးလို့ပြောတဲ့သူတဦးမှလည်း မတွေ့ပါ။ ဘယ်ခါမှ ကျွန်တော်မတွေ့ပါ။ ကျွန်တော်တို့အားလုံးဟာ အပြစ်သားပါ။ အပြစ်မဲ့သူတဦးမှမရှိပါ။ အဲဒါ ကျွန်တော်တို့ အားလုံး အသိပါ။
အဲဒီမှာ အဆိုးဆုံးတစ်ခုက အပြစ်ဆိုတာလည်း အကျင့်တခုလို ဖြစ်လာတယ်။ လုပ်လေ ပိုပြီးလုပ်ချင်လာလေ။ ပိုပြီးလွယ်ကူလာလေ ဖြစ်လာတယ်။

စာဖတ်သူဘဝမှာလည်း စွဲလမ်းမှုတခုခုကိုဖြတ်ဖို့ ကြိုးစားခဲ့ဘူး ပါလိမ့်မယ်။ ခန္ဓာကိုယ်အဝလွန်ခြင်းမှ ထိန်းဖို့အမြဲကြိုးစားနေပါလိမ့်မယ်။ နှစ်သစ်မှာပြုတဲ့ ဆုံးဖြတ်ချက်ကို ထိန်းသိမ်းဖို့ကြိုးစားခဲ့ပါလိမ့်မယ်။ ဘဝမှာမကောင်းတဲ့အရာကနေ ကောင်းအောင်ပြောင်းလဲဖို့ စိတ်စွမ်းအင်နှင့် ကြိုးစားပြီးလုပ်ဆောင်ခဲ့ဘူးပါလိမ့်မယ်။ အဲဒီအခါမှာ ဘယ်လောက်ထိ ခက်ခဲပြီး၊ အချည်းအနှီးဖြစ်နေတယ်ဆိုတာလည်း သိပါလိမ့်မယ်။ ရှင်ပေါလုကိုယ်တိုင်ကလည်း အဲသလိုခံစားတာကို ကျမ်းစာထဲမှာ တွေ့ရ ပါတယ်။

”ငါသည် ကိုယ်ကျင့်သောအကျင့်ကိုမနှစ်သက်၊ ကျင့်ချင်သော အကျင့်ကိုမကျင့်။ ရွံ့ရှာသောအကျင့်ကိုကျင့်၏။ ထိုသို့ ငါသည် မကျင့်ချင် သောအကျင့်ကိုကျင့်လျှင် ပညတ်တရားဖြောင့်သည်ဟု ငါဝန်ခံ၏။ သို့ ဖြစ်လျှင်၊ ထိုမကောင်းသောအကျင့်ကို ငါကိုယ်တိုင်ကျင့်သည်မဟုတ်၊ ငါ့အထဲ၌နေသော အပြစ်တရားသည်ကျင့်၏။ ( ရောမသြဝါဒစာ ရး၁၅-၁၇ )

ဟုတ်ပါ၏။ ကျွနု်ပ်တို့တွေဟာ ဘုရားကိုမလိုမရှိ။ ကိုယ့်လမ်း ကိုယ်သွားချင်လျက်ရှိနေကြပါတယ်။ ကိုယ့်ကိုကိုယ်သာ ကိုးကွယ်ချင်ကြ တယ်။ ကိုယ်မှန်တယ်ထင်ရာကိုလုပ်၍ ဘုရားမလိုဟုထင်မှတ်ကြတယ်။ ဒါကြောင့် ပျော်သလိုနေကြတယ်။
စာဖတ်သူရဲ့ဘဝမှာ အဲသလိုအသက်ရှင်နေတယ်၊ ဘုရားသခင် လမ်းညွှန်တဲ့အတိုင်းမရှင်၊ ကိုယ်ထင်သလို အသက်ရှင်နေရင်တော့ … ခင်ဗျားဟာခင်ဗျား ဘုရားရဲ့နေရာယူလိုက်တာပါပဲ။ အဲဒီလိုဖြစ်လာတော့ ခင်ဗျားဘဝဟာ ဘုရားနှင့်ပြိုင်ဆိုင်လာပြီး၊ စစ်ခင်းနေတော့တယ်။ အဲဒီ အကျိုးအဖြစ်ဆင်းရဲပူပန်မှုတွေ၊ စိတ်ကျဉ်းကြပ်မှုတွေဖြစ်လာပြီး၊ သင့်ခန္ဓာ ကိုယ်ရော၊ စိတ်ပါဆင်းရဲပြီး၊ ဘုရားနှင့်ဆက်ဆံရေးပါ ယိုယွင်းလာပါ လိမ့်မယ်။

အဲသလို မာနထောင်လွှားမှုကြောင့် ဘုရားနှင့်ဝေးကွာစေပြီး၊ ဘုရားနှင့်မိုင်ထောင်ပေါင်းများစွာ၊ သန်းပေါင်းများစွာ ဝေးကွာသလို၊ ခံစား စေပါမယ်။ အဲဒီအခါမှာ ခင်ဗျားရဲ့ဆုတောင်းခြင်းဟာလည်း အချည်းအနှီး၊ မိုးကောင်းကင်ထဲသို့ အော်ငိုခြင်းသက်သက်လို့ခံစားစေလာပါမယ်။

စာဖတ်သူစဉ်းစားပါ။ အဲသလို ဘုရားနှင့်ဝေးကွာသွားပြီလို့ ခံစားတာနှင့်တပြိုင်နက် ဘယ်သူဝေးလွင့်သွားမလဲ။ ဘုရားကတော့ ဝေးလွင့်သွာ့းမှာမဟုတ်၊ သူ့နေရာမှာပဲ သူရှိနေပါလိမ့်မယ်။ အဲဒီတော့ ကျမ်းစာကိုလေ့လာတဲ့အခါမှာ
ဟေရှာယအနာဂတ္တိကျမ်း ၅၉း၂ မှာ ”သင်တို့ ဒုစရိုက်သည် သင်တို့ကို ဘုရားသခင်နှင့်ကွာစေပြီ။” လို့ ရေးထားပါတယ်။

အဲသလို မခြားမလပ်၊ မပြတ်မလပ်လုပ်ဆောင်တဲ့ ကျွနု်ပ်တို့ရဲ အပြစ်ကြောင့်၊ ဘုရားနှင့် ကျွန်တော်တို့ဝေးကွာသွားပြီး၊ အဲဒီဝေးကွာသွား ခြင်းက လောကမှာရှိတဲ့ ပြဿနာအားလုံးရဲ့ အရင်းအမြစ်ဖြစ်ပါတယ်။ အဲသလိုဘုရားနှင့် ဝေးကွာခြင်းအားဖြင့် တစ်ဦးချင်းအပေါ်မှာတော့ စိုးရိမ် ပူပန်မှုတွေ၊ ကြောက်ရွံ့မှုတွေနှင့် စိတ်ဓါတ်ကျမှုတွေ၊ တင်းမာမှုတွေနှင့် အားငယ်မှုတွေဖြစ်စေပါတယ်။ စိတ်ပျက်အားငယ်မှုတွေဖြစ်စေပါတယ်။ ရှက်ကြောက်မှု၊ အပြစ်ဒုစရိုက်၊ နာကြည်းမှုနှင့် နောင်တရစရာလမ်း ကြောင်းကို ပို့ဆောင်ပေးပါတယ်။ တကယ်တော့ ခင်ဗျားဘဝဟာ၊ ဘုရား သခင်နှင့် ဝေးကွာဖို့မဟုတ်။ သို့သော် ကိုယ်လုပ်ခဲ့တဲ့ အပြစ်ဒုစရိုက်တွေ ကြောင့်၊ ဘုရားနှင့် ဝေးကွာသွားတဲ့အခါမှာ ခင်ဗျားဘဝမှာ အားငယ်မှု၊ ဝိဉာဉ်ရေးဆုတ်ယုတ်မှုခံစားပြီး၊ စိတ်မှာတင်းမာလာပါတော့တယ်။ ဒါဟာ ဘုရားသခင်နှင့်ဝေးကွာတဲ့အတွက် ဖြစ်လာတဲ့လူတစ်ဦးချင်းနှင့် ဘုရား ဆက်ဆံရေးဖြစ်ပါတယ်။

ဆက်ပြီး စကြဝဠာအဆင့်မှာ ကြည့်ကြမယ်ဆိုရင်၊ အပြစ်ရဲ့ အကိုျးဆက်ကို ကျွန်တော်တို့ဝန်းကျင်မှာ မြင်တွေ့ရပါတယ်။ စစ်တွေဖြစ် နေတယ်။ မတရား၊ မမျှတမှုတွေဖြစ်နေတယ်။ ချစားမှု၊ ပျက်စီးယိုယွင်းမှု၊ ဘက်လိုက်မှု၊ ဆင်းရဲမွဲတေမှု၊ လူကုန်ကူးမှု၊ လိင်ကုန်ကူးမှုနှင့် တခြားလူမှု ပြဿနာများ၊ အားလုံးကို မြင်နေရပါတယ်။ ကျွန်တော်တို့ခံစားရတဲ့ ရောဂါတချို့တောင်မှ .. ကျန်းမာအောင်နေဖို့ ဘုရားသခင်လမ်းညွှန်တဲ့ အတိုင်း အသက်ရှင်အောင်ငြင်းဆန်ခဲ့သောကြောင့် ရောဂါတွေဖြစ်လာ ပါတယ်။ ဒါဆိုအဲဒီဘဝကနေ ကျွန်တော်တို့ကိုဘယ်သူကယ်တင်နိုင်မလဲ၊ အစိုးရက ကယ်တင်မပေးနိုင်ပါ။ စီးပွားရေးလည်း မဟုတ်ပါ။ ပညာရေးက လည်း မကယ်တင်နိုင်ပါ။ ဒီအရာတွေက အပြစ်တရားနှင့် အပြစ်ကိုျးတွေ ကို ထင်သာမြင်သာစေရုံသာဖြစ်စေပါတယ်။

ဒါပေမယ့် … အဲသလို ပြဿနာတွေ၊ ဒုက္ခတွေကို ဖြေရှင်းနိုင်မယ့်နေရာ၊ အစပြုရမယ့်နေရာက တော့ လူ့နှလုံးသားဖြစ်ပြီး၊ ဘုရားသခင်တစ်ပါးတည်းသာ လူ့နှလုံးသားကို ပြုပြင်နိုင်ပါတယ်။

Author
Thang No
Join the discussion

Further reading

The Purpose of Christmas

ယုံကြည်ခြင်းအားဖြင့်

ရောမသြဝါဒစာ ၄း၅ မှာ ‘‘မတရားသောသူ၏ အပြစ်ကိုဖြေ သောသူကိုယုံကြည်လျှင်၊ သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်လျက်ရှိ၏။’’ လို့ရေးထားပါတယ်။...

The Purpose of Christmas

ကျေးဇူးတော်အားဖြင့်

ကျေးဇူးတော်ဆိုတာ ဘာပါလိမ့်။ မေးစရာ ရှိပါတယ်။ ဟုတ်ပါတယ်။ ကျေးဇူးတော်ဆိုတာကတော့ ဘုရားရဲ့ မေတ္တာ လက်တွေ့ပြတဲ့ ဘုရားရဲ့ပြုမူချက်ပါ။ ကျေးဇူးတော်ဆိုတာ...

The Purpose of Christmas

ကျေးဇူးတော်အားဖြင့် သင့်အားကယ်တင်ဖို့ ယေရှု ကြွလာ

ကျွန်တော်တို့နေ့စဉ်အသက်ရှင်သန်မှုတိုင်းမှာ ကျောင်းတက်တဲ့ အခါမှာဖြစ်ဖြစ်၊ ကစားတဲ့အခါမှာဖြစ်စေ၊ အလုပ်လုပ်တဲ့နေရာမှာဆိုရင်၊...

The Purpose of Christmas

အဓိပ္ပါယ်ပြည့်ဝသောအသက်တာပိုင်ဆိုင်ဖို့ သင့်အားကယ်တင်ရန် ခရစ်တော်ကြွဆင်း၍လာ

ဘဝမှာ တခါတလေ မေးခွန်းများစွာရင်ဆိုင်ကြုံတွေ့ရပေမယ့် ကျွန်တော်တို့ တစ်ယောက်ချင်းစီရင်ဆိုင်ရတဲ့ မေးခွန်း (၃) ခုရှိပါတယ်။ ပထမမေးခွန်းက...

The Purpose of Christmas

ကယ်တယ်ခြင်းရဖို့ အချိန်ကာလ

            အချိန်ကာလစေ့သောအခါ၊ ငါတို့သည် သား၏အခွင့်အရာကို ခံရမည့်အကြောင်း ပညတ်တရားလက်၌ရှိသော ငါတို့ကို ရွေးနှုတ်စေခြင်း ငှါ၊ မိန်းမဝမ်း၌...

Instagram feed @newdreammedia

Instagram has returned empty data. Please authorize your Instagram account in the plugin settings .