The Purpose of Christmas

ယုံကြည်ခြင်းအားဖြင့်

ရောမသြဝါဒစာ ၄း၅ မှာ ‘‘မတရားသောသူ၏ အပြစ်ကိုဖြေ သောသူကိုယုံကြည်လျှင်၊ သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်လျက်ရှိ၏။’’ လို့ရေးထားပါတယ်။

‘‘ဖြောင့်မတ်ခြင်းကဲ့သို့မှတ်ယူ၏’’ တဲ့။ တကယ်ဖြောင့်မတ်တာ မဟုတ်ခဲ့ဘဲနှင့်၊ ဖြောင့်မတ်သည်ဟု မှတ်ယူခြင်းခံရတာပါ။ ဓမ္မသဘော၊ ဓမ္မစကားနှင့်ပြောရင်၊ အင်္ဂလိပ်လို Justifie ပေါ့။ ‘‘ဖြောင့်မတ်သည်ဟု မှတ်ယူ’’ ဆိုတာ အပြစ်မရှိတော့ဘူးလို့ ခံယူလိုက်တာပါ။ ကျခံရမယ့် ပြစ်ဒဏ်ကနေလွတ်မြောက်လိုက်ပြီ။ အပြစ်ဒုစရိုက်လည်းမရှိတော့။ ကွန်ပျူတာနှင့်နှိုင်းရင်တော့ … စက်ထဲရှိတဲ့အချက်အလက်တွေကို ဖျက်ပစ် လိုက်သလို၊ လူမှာရှိတဲ့အပြစ်တွေကို မေ့ပစ်လိုက်ခြင်းပဲဖြစ်ပါတယ်။ ဒါဆို ဒီလောက်ကြီးမားတဲ့ဖြောင့်မတ်ခြင်းကို အဘယ်ကြောင့် ရနိုင်သလဲ ၊ တခြားတော့မဟုတ်။ ယုံကြည်ခြင်းအားဖြင့်သာ ဖြောင့်မတ်ရာသို့ရောက်ရ ခြင်းဖြစ်ပါတယ်။
ဘုရားသခင်ရဲ့ချစ်ခြင်းကို မိဘမေတ္တာနှင့် နှိုင်းမိပါတယ်။ မိဘ တိုင်းက သူတို့သားသမီးတွေက သူတို့အပေါ် ယုံကြည်စိတ်ချ၊ ချစ်ခင်မှု ကို လိုလားသလို၊ ဘုရားသခင်ကလည်း သူ့ကိုယုံကြည်နိုင်ဖို့ ခင်ဗျားကို မျှော်လင့်ပါတယ်။
ဟေဗြဲ ၁၁း၆ မှာ
‘‘ယုံကြည်ခြင်းမရှိလျှင်၊ ဘုရားသခင်၏စိတ်တော်နှင့် မတွေ့နိုင်။ အကြောင်းမူကား ဘုရားသခင်အထံတော်သို့ ချဉ်းကပ်သောသူသည် ဘုရားသခင်ရှိတော်မူသည်ကို၄င်း၊ ကိုယ်တော်ကိုရှာသောသူအား အကျိုးပေးတော်မူသည်ကို၄င်း၊ ယုံကြည်ရမည်’’ လို့ ရေးထားပါတယ်။
ဒီကျမ်းတွေအားဖြင့် တွေ့ရတာက၊ ယုံကြည်ခြင်းဟာ ဘုရားရှေ့ မှာဘယ်လောက်အထိ အရေးပါသလဲဆိုတာ သေချာစေပါတယ်။ ယုံကြည် ခြင်းရှိရင် ဘုရားသခင်ကျေနပ်တယ်ဆိုတာ တွေ့ရတယ်။ ဒီတော့ ကောင်းကင်နိုင်ငံရောက်ရှိရေး၊ အကျင့်အားဖြင့်မဟုတ်၊ ယုံကြည်ခြင်း ကြောင့်သာဖြစ်ကြောင်း ထင်ရှားလာပါတယ်။
စာရေးသူ ကျွန်တော်လူငယ်တုန်းက နွေရာသီ (၃) နှစ်လောက် ကယ်ဆယ်ရေးလုပ်သား အလုပ်လုပ်ခဲ့ဖူးပါတယ်။ လူတွေဟာ ရေပေါ်မှာ အန္တရာယ်နှင့်ကြုံရပြီဆိုရင် ထိတ်ထိတ်ပျာပျာဖြစ်တတ်ကြတယ်။ အထူး သဖြင့် ရေနစ်တဲ့အခါမှာ ဝန်းကျင်မှာတွေ့တာကိုကိုင်ပြီး လွတ်အောင် ရုန်းတတ်ကြပါတယ်။ အဲဒီအချိန်မှာသာ ခင်ဗျားဟာ ကိုယ်ရံတော်၊ ကယ်ဆယ်ရေးသမားတစ်ယောက်ဖြစ်လို့ ကယ်ဖို့ကြိုးစားရင်တော့၊ ခင်ဗျား ပါရေနစ်သေဖို့ပဲရှိပါတယ်။ ဒီတော့ … ကျွမ်းကျင်တဲ့ကယ်ဆယ်ရေး သမားတွေကတော့ … လူတစ်ဦးရေနစ်ပြီဆိုရင် … ဒီအတိုင်းခဏထားပြီး ကြည့်နေပါတယ်။ အဲဒီရေနစ်သူက အားကုန်ရုန်းလို့ အားအင်ကုန်ဆုံးချိန်၊ ဘာမှလုပ်နိုင်စွမ်းမရှိတော့မှ အသာလေးကယ်တင်လိုက်တယ်။ ရေနစ်သူ ကို အသာလေးလက်နှင့်ဆွဲပြီး၊ ကမ်းစပ်ကိုလွယ်လွယ်ပို့ဆောင်နိုင်ပါ တယ်။ အဲဒီမှာရေနစ်သူအနေနှင့် ကယ်ဆယ်ရေးသမားကိုယုံကြည်ပြီး သူခေါ်ရာကို လိုက်ဖို့အရေးကြီးပါတယ်။ လူတစ်ဦးဟာ သူ့ကိုယ်သူ ယုံကြည်ပြီး၊ ကြိုးစာသရွေ့တခြားတယောက်ရဲ့ ကယ်တင်ခြင်းကိုမခံနိုင်။
စာဖတ်သူခင်ဗျား … ခင်ဗျားရောကယ်တင်ခြင်းရဖို့ ကိုယ်ဟာ ကိုယ်ကြိုးစားနေသေးလား။ ဒါမှမဟုတ် လက်လျှော့လိုက်ပြီလား။ ခင်ဗျား ဟာခင်ဗျား ကယ်တင်နိုင်ပြီး၊ ကယ်တင်ဖို့မလိုဘူးဆိုရင် ဘုရားသခင်က သားတော်ယေရှုကိုစေလွတ်ပြီး သူ့ရဲ့အချိန်၊ အစွမ်းအစ၊ အလကား အကုန်ခံပါ့မလား။ နာကျင်မှုတွေခံစရာလိုပါ့မလား။ စဉ်းစားကြည့်ပါ။ လက်ဝါးကပ်တိုင်မှာ ကယ်တင်တော်မူခြင်းကလွဲလို့ တခြားသော နည်းလမ်းရှိရင်၊ ခရစ်တော်ရော အဲဒီလိုလွယ်တဲ့လမ်းကို မလျှောက်ပဲနေပါ့ မလား။ ဆင်းရဲဒုက္ခထက် အဲဒီတခြားလမ်းကို မရွေးသင့်ဘူးလား။
စာဖတ်သူရဲ့ဘဝမှာ … ကျွန်တော့်ရဲ့ဒီစာအုပ်ကို ဖတ်နေချိန်မှာ ဘယ်လိုစိတ်ပူပန်မှုတွေ၊ ဖိစီးမှုတွေရှိနေမယ်ဆိုတာ ကျွန်တော်မသိပါ။ ဒါပေမယ့်ယေရှုကတော့ သိပါတယ်။ ခင်ဗျားဘဝမှာ သူ့ကိုလုံးလုံး လျားလျား ယုံကြည်မယ်ဆိုရင် သူခင်ဗျားကို သူကယ်တင်နိုင်ပါတယ်။ ခင်ဗျားကိုလည်း သူဂရုစိုက်ပါတယ်။
ယော ၁၄း၁ မှာ ‘‘ယေရှုက၊ သင်တို့စိတ်နှလုံးပူပန်ခြင်းမရှိစေ နှင့်။ ဘုရားသခင်ကို ယုံကြည်ကြလေ့ာ။’’ လို့ မိန့်မှာခဲ့ပါတယ်။
ဟုတ်ပါတယ်။ ခင်ဗျားကို ကယ်တင်ဖို့ ဘုရားသခင်စောင့်နေပါတယ်။ ခင်ဗျားရဲ့အပြစ်နှင့် ခန္ဓာကိုယ်ဆင်းရဲခြင်းကနေ ကယ်တင်ချင်ပါတယ်။ ပြီးတော့ သူ့ရဲ့အလိုတော်နှင့်အညီ ရှင်သန်စေချင်ပါတယ်။ သူ့ရဲ့ကျေးဇူး တော်အားဖြင့် ကယ်တင်ချင်တယ်။ ခင်ဗျားယုံကြည်လိုက်ရုံပါ။ ခင်ဗျား ဘက်က ဘာမှလုပ်စရာမလို၊ ကိုယ့်ကိုယ်ကို ကယ်တင်ဖို့ကြိုးစားခြင်းတွေ ရပ်တန့်လိုက်ပါ။ ကယ်တင်ရှင်ဘုရားကို ယုံကြည်လိုက်ပြီး၊ ကယ်တင် ခွင့်ပြုလိုက်ပါ။
လွန်ခဲ့တဲ့နှစ်တွေတုန်းက ကျွန်တော်ရဲ့ချစ်ခင်ရတဲ့သူငယ်ချင်း၊ ကမ္ဘာကျော်ဆရာကြီး Peter Drucker ဆီကို ကျွန်တော်သွားလည်ပါတယ်။
Peter Drucker ဟာ တကယ့် အသိဥာဏ်ပွင့်လင်းတဲ့သူတစ်ဦးပါ။ သူဟာ ခေတ်သစ်စီမံခန့်ခွဲမှုပညာရဲ့ ဖခင်ဖြစ်ပြီး ၂ဝရာစု တွေးခေါ်ရှင်ကြီး တွေထဲက တစ်ဦးလည်းဖြစ်ပါတယ်။ ကျွန်တော်သူ့ကိုမေးပါတယ်။ ‘‘ဆရာကြီးက၊ သခင်ယေရှုကို ကိုယ့်ရဲ့ ကယ်တင်ပိုင်ရှင်အဖြစ် ဘယ်လို လက်ခံလာတာလဲ’’ လို့ မေးလိုက်တော့၊ စက္ကန့်အနည်းငယ်စဉ်းစားပြီး ဒီလိုဖြေပါတယ်။ ‘‘ကျေးဇူးတော်ကို လုံးလုံးသဘောပေါက်တဲ့နေ့မှာ၊ ကျွန်တော်သဘောပေါက် သွားတယ်။ ဘယ်အခါမှ ဒီလောက်မြတ်တဲ့ ကျေးဇူးတော် ကျွန်တော် မရခဲ့ဘူးဆိုတာ နားလည်တဲ့နေ့မှာ ခရစ်တော်ကို ကယ်တင်ရှင်အဖြစ် လက်ခံလိုက်တာပါ’’ တဲ့။
သခင်ယေရှုခရစ်တော် ကျွန်တော်တို့ကို ကယ်တင်ဖို့ရန် လက်ဝါးကပ်တိုင်မှာ အသေခံတဲ့အချိန်မှာ သူ့ဘေးနားမှာရှိတဲ့လူတွေက သူ့ကိုလှောင်ပြောင်ဟားတိုက်ပြီး၊ မခံချိ မခံသာအောင်ပြောကြပါတယ်။ ဘယ်လိုပြောကြလဲဆိုတော့ … ရှင်မသဲ ၂၇း၄ဝ မှာ ဒီလိုမှတ်တမ်းတင် ထားပါတယ်။
‘‘ဘုရားသခင်၏ သားတော်မှန်လျှင် လက်ဝါးကပ်တိုင်မှ ဆင်းလော့ဟု မိမိတို့ခေါင်းကိုညိတ်၍ ကဲ့ရဲ့သောစကားနှင့် ပြောဆိုကြ၏’’ ဟုတ်ပါ၏။ ခရစ်တော်ကို သူတို့ကဲ့ရဲ့ကြပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ကဲ့ရဲ့သံကို ခရစ်တော်က မသိကျိုးကျွံပြုလိုက်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူတို့ပြောသလို၊ ခရစ်တော်ဟာ ကိုယ့်ကိုယ်ကို ကယ်တင်ဖို့ လောကကို ကြွလာတာမှမဟုတ်ဘဲ။ ခရစ်တော်လောကကို ကြွလာခြင်းက ခင်ဗျားနှင့်ကျွန်တော်ကို ကယ်တင်ဖို့ပါ။
စာဖတ်သူအနေနှင့် အဲဒီယေရှုရဲ့ကယ်တင်ခြင်းကိုလက်ခံတာနှင့် ဘာများဆုံးရှုံးမှာလဲ။ ခင်ဗျားဆုံးရှုံးမှာက ခင်ဗျားခံစားခဲ့တဲ့အပြစ် ဒုစရိုက်၊ မလုံခြုံမှု၊ ဘဝအဓိပ္ပါယ်ကင်းမဲ့မှုရယ်၊ သေခြင်းကိုရင်မဆိုင်ရဲတာတွေက ကင်းလွတ်ရမှာပါ။ မျှော်လင့်ချက်မဲ့နေတာတွေ၊ စိတ်ဖိစီးမှု၊ အရှက်တကွဲ ဖြစ်နေတာတွေနှင့် ကင်းဝေးရတော့မယ်။ ဘုရားသခင်ရဲ့လမ်းပြမှုမရှိတဲ့ အတွက် ခင်ဗျားထမ်းဆောင်နေရတဲ့ တခြားတခြားသောဝန်ထုပ်ပေါင်း များစွာ၊ ဒုက္ခပေါင်းများစွာဟာ ခရစ်တော်ကိုလက်ခံတဲ့အခါမှာ ဝေးလွင့် သွားမှာဖြစ်ပါတယ်။ အဲသလောက်ကောင်းမြတ်တဲ့ ကမ်းလှမ်းချက်ကို ဘယ်သူက ဂရုမစိုက်ပဲနေနိုင်မှာလဲ။ ဘုရားသခင်ကတော့ ခင်ဗျား ရွေးချယ်လို့ရအောင် အခွင့်ပေးထားပါတယ်။ ခင်ဗျားရဲ့ဆုံးဖြတ်ချက်ပါ။ အတ္တဗဟိုပြုတဲ့ဘဝ၊ ကိုယ့်လမ်းကိုယ်ပဲဆက်လျှောက်မလား။ ဘုရားနှင့် ဝေးရာသွားဦးမလား။
ဒါမှမဟုတ် … ခရစ်တော်ရဲ့နောက်ကိုလိုက်ပြီး နောင်တတရားနှင့် စိတ်သစ်၊ လူသစ်နှင့် နေသွားမလားဆိုတာ ခင်ဗျားရဲ့ ရွေးချယ်ခြင်းပါ။
ခရစ်တော်ကိုလက်ခံမယ်ဆိုရင်၊ ခင်ဗျားရဲ့အပြစ်အားလုံး အတွက် ခွင့်လွတ်ဖို့တောင်းပန်ပါ။ ပြီးတော့ သားတော်ယေရှု၊ ခင်ဗျားကို ကယ်တင်တဲ့သူအပေါ် ယုံကြည်လိုက်ပါ။

Author
Thang No
Join the discussion

2 comments

Further reading

The Purpose of Christmas

ကျေးဇူးတော်အားဖြင့်

ကျေးဇူးတော်ဆိုတာ ဘာပါလိမ့်။ မေးစရာ ရှိပါတယ်။ ဟုတ်ပါတယ်။ ကျေးဇူးတော်ဆိုတာကတော့ ဘုရားရဲ့ မေတ္တာ လက်တွေ့ပြတဲ့ ဘုရားရဲ့ပြုမူချက်ပါ။ ကျေးဇူးတော်ဆိုတာ...

The Purpose of Christmas

ကျေးဇူးတော်အားဖြင့် သင့်အားကယ်တင်ဖို့ ယေရှု ကြွလာ

ကျွန်တော်တို့နေ့စဉ်အသက်ရှင်သန်မှုတိုင်းမှာ ကျောင်းတက်တဲ့ အခါမှာဖြစ်ဖြစ်၊ ကစားတဲ့အခါမှာဖြစ်စေ၊ အလုပ်လုပ်တဲ့နေရာမှာဆိုရင်၊...

The Purpose of Christmas

အဓိပ္ပါယ်ပြည့်ဝသောအသက်တာပိုင်ဆိုင်ဖို့ သင့်အားကယ်တင်ရန် ခရစ်တော်ကြွဆင်း၍လာ

ဘဝမှာ တခါတလေ မေးခွန်းများစွာရင်ဆိုင်ကြုံတွေ့ရပေမယ့် ကျွန်တော်တို့ တစ်ယောက်ချင်းစီရင်ဆိုင်ရတဲ့ မေးခွန်း (၃) ခုရှိပါတယ်။ ပထမမေးခွန်းက...

The Purpose of Christmas

အပြစ်မှ ကယ်တင်ဖို့ ယေရှုကြွလာတယ်။

စာဖတ်သူရဲ့ဘဝမှာ … ခင်ဗျား ကိုယ်၌က ပြဿနာရဲ့အရင်း အမြစ်ဖြစ်တယ်လို့ ပြောပါရစေ။ ခင်ဗျားဘဝမှာ တခြားသူတွေက ပြဿနာတွေ ဖြစ်စေပါလိမ့်မယ်။ ဒါပေမယ့်...

The Purpose of Christmas

ကယ်တယ်ခြင်းရဖို့ အချိန်ကာလ

            အချိန်ကာလစေ့သောအခါ၊ ငါတို့သည် သား၏အခွင့်အရာကို ခံရမည့်အကြောင်း ပညတ်တရားလက်၌ရှိသော ငါတို့ကို ရွေးနှုတ်စေခြင်း ငှါ၊ မိန်းမဝမ်း၌...

Instagram feed @newdreammedia

Instagram has returned empty data. Please authorize your Instagram account in the plugin settings .