The Purpose of Christmas

အဓိပ္ပါယ်ပြည့်ဝသောအသက်တာပိုင်ဆိုင်ဖို့ သင့်အားကယ်တင်ရန် ခရစ်တော်ကြွဆင်း၍လာ

ဘဝမှာ တခါတလေ မေးခွန်းများစွာရင်ဆိုင်ကြုံတွေ့ရပေမယ့် ကျွန်တော်တို့ တစ်ယောက်ချင်းစီရင်ဆိုင်ရတဲ့ မေးခွန်း (၃) ခုရှိပါတယ်။

ပထမမေးခွန်းက ဖြစ်တည်ခြင်းမေးခွန်းပါ။ Why am I alive တဲ့။ ဘာကြောင့်ကျွန်တော်အသက်ရှင်နေရတာလဲ။

ဒုတိယမေးခွန်းကတော့ အရေးပါအရာရောက်မှုကိစ္စ။ Does my life matter ၊ တဲ့။ ကျွန်တော့်ဘ၀ အဓိပ္ပါယ်ရှိရဲ့လားဆိုတဲ့မေးခွန်း။

တတိယအချက်ကတော့ ဘ၀ ရည်ရွယ်ချက်။ What is my Purpose ၊ ကျွန်တော့်ဘဝရဲ့ ရည်ရွယ်ချက် ကဘာလဲ၊ ဆိုတဲ့မေးခွန်းတွေပါ။

ဘုရားသခင်က သူဖန်ဆင်းခဲ့တဲ့ သတ္တဝါတိုင်းအတွက် ရည်ရွယ် ချက်မဲ့ဘာမှ မဖန်ဆင်းခဲ့ပါဘူး။ စာဖတ်သူ ဒီနေ့ထိအသက်ရှင်နေသေး တယ်ဆိုတော့၊ အဲဒီရှင်သန်မှုအတွက် ဘုရားသခင်ရဲ့ကြံစည်မှုရှိနေတယ် ဆိုတာ သေချာပါတယ်။ သမ္မာကျမ်းစာထဲမှာ ဒီလိုရေးထားပါတယ်။

”ဤကမ္ဘာမတည်မရှိမှီ ငါတို့ကို ခရစ်တော်၌ ရွေးကောက်တော် မူသည်နှင့်အညီ၊ ကောင်းကင်ဘုံနှင့်ဆိုင်သောအရာတို့၌ ခပ်သိမ်းသော ဓမ္မမင်္ဂလာတို့ကို ခရစ်တော်အားဖြင့်၊ ငါတို့အားပေးသနားတော်မူသော ငါတို့သခင်ယေရှုခရစ်၏ ခမည်းတော်ဘုရားသခင်သည် မင်္ဂလာရှိစေ တော်မူစေသတည်း”။

ဒါပေမယ့် ဒီမှာ ပြဿနာတစ်ခုရှိလာတယ်။ ကျွန်တော်တို့ လူသားတွေအားလုံးဟာ ကျွန်တော်တို့ဘဝအတွက် ဘုရားပြင်ဆင်ပေးတဲ့ အရာကနေ လမ်းလွဲနေကြတယ်။ ကျွန်တော်တို့တွေဟာ၊ လမ်းချော်နေတဲ့ ရထားလို၊ ကျွန်တော်တို့ရဲ့တဇောက်ကန်းရွေးချယ်မှု၊ အပြစ်ဖြစ်စေတဲ့ ရွေးချယ်မှုတွေကြောင့် လမ်းချော်နေကြပေပြီ။ အဲဒါကို ကျမ်းစာက ဘယ်လိုပြောသလဲဆိုတော့
”ငါတို့ရှိသမျှသည် သိုးကဲ့သို့ လမ်းလွဲလျက်၊ ကိုယ့်လမ်းသို့ အသီးသီးလိုက်သွားကြသည်ဖြစ်၍၊ ထာဝရဘုရားသည် ခပ်သိမ်းသောငါတို့၏အပြစ်များ ကို သူ့အပေါ်၌ တင်တော်မူ၏” တဲ့။
(ဟေရှာယ ၅၃း၆)
ဘုရားသခင်က ကျွန်တော်တို့ကို အဓိပ္ပါယ်ရှိရှိ၊ အသက်ရှင် အောင်ဖန်ဆင်းခဲ့ပေမယ့် ကျွန်တော်တို့ဟာ ကိုယ့်လမ်းကိုယ်သိတယ် ထင်ပြီး အဲဒီအထင်နှင့် လမ်းလွဲလျက်ရှိနေပါတယ်။ အဲဒါကြောင့် အဲဒီလမ်း လွဲခြင်းကနေ ကယ်ထုတ်ဖို့ သခင်ယေရှုကို ဘုရားသခင်က စေလွှတ်တော် မူခဲ့ခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ဘဝခရီးကို ပြန်လည်လမ်းညွှန်ဖို့ ယေရှု ကို စေလွှတ်ခြင်းဖြစ်တယ်။ ပြီးတော့ ကျွန်တော်တို့အပေါ်ထားတဲ့ ဘုရား သခင်ရဲ့ ရည်ရွယ်ချက်ပြန်လည်ဖေါ်ထုတ်ဖို့ သခင်ယေရှုကို စေလွတ်ခြင်း ဖြစ်ပါတယ်။ အဲသလို ကယ်တင်တယ်လို့ပြောတဲ့အခါမှာ သတိပြုရမှာက ကျွန်တော်တို့ကို ကယ်တင်တယ်ဆိုတာ မကောင်းမှုငရဲကနေပဲ ကယ်တင် တာမကဘဲ၊ ကောင်းတဲ့အရာတွေလုပ်ဖို့လည်း ကယ်တင်ခြင်းဖြစ်တယ် ဆိုတာ သဘောပေါက်ရပါမယ်။

၂ကော ၅း၁၅ မှာ ”… အသက်ရှင်သောသူတို့သည် တဖန်ကိုယ် အလိုသို့လိုက်၍မရှင်၊ သူတို့အတွက်ကြောင့်အသေခံပြီးမှ ထမြောက်တော် မူသောသူ၏အလိုသို့လိုက်၍ ရှင်စေမည်အကြောင်း …” လို့ ရေးထား ပါတယ်။
နှစ်ပေါင်းသုံးဆယ်ကျော်ကာလ၊ စာရေးသူကျွန်တော့်ဘဝရဲ့ အခြေပြုကျမ်းစာက တမန်တော်ဝတ္ထု ၁၃း၃၆ ပဲဖြစ်ပါတယ်။ အဲဒီကျမ်း ပိုဒ်မှာ
”ဒါဝိဒ်သည် မိမိကာလ၌ ဘုရားသခင်၏အလိုတော်ကို ဆောင်ရွက်ပြီးလျှင်၊ ကျိန်းစက်၍ မိမိဘိုးဘေးစုထဲသို့ဝင်သဖြင့်၊ ပုပ်စပ် ခြင်းသို့ ရောက်လေ၏” လို့ရေးထားပါတယ်။ ဒါဝိဒ်ဟာ သူ့အသက်ရှင်တဲ့ ကာလမှာ ဘုရားသခင်အလိုတော်အတိုင်း အသက်ရှင်သန်ခဲ့တယ်။ အဲသလို အသက်ရှင်ခြင်းကို ကောင်းသောအသက်ရှင်ခြင်းလို့ခေါ်ပါတယ်။ အဲသလိုကောင်းသောအသက်ရှင်တဲ့သူဟာ … ကန့်သတ်မှုရှိပြီး၊ တိုတောင်း တဲ့ကာလ (လောမှာအသက်ရှင်စဉ်) မှာ မကုန်ဆုံးတော့သောကာလ၊ ဘုရားသခင်အုပ်စိုးမှု) ကို ခံယူကြသူတွေဖြစ်ပါတယ်။ အဲသလိုလူတွေဟာ ပြောင်းလဲနေတဲ့ကမ္ဘာမှာ မပြောင်းလဲတဲ့ဘုရားရဲ့ နှုတ်ကပတ်တော်ကို ကျင့်ဆောင်ကြသူတွေဖြစ်ပါတယ်။ အဲသလိုဘဝကို ကျွန်တော်က The Purpose Driven Life လို့ နာမည်ပေးလိုက်ပါတယ်။ ဒီလိုပြုခြင်းထက် ကြီးမားတဲ့ စွန့်စားလုပ်ဆောင်မှုလည်းမရှိနိုင်ပါ။ ခင်ဗျားဘဝမှာ ဒီ့ ထက်မြတ်တဲ့ ဘယ်အမွေအနှစ်မှလည်း မရှိနိုင်ပါ။

”ဘုရားသခင်၏အလိုတော်ကို ဆောင်ရွက်ပြီးလျှင်” ဆိုတဲ့စာပိုဒ် ဟာ ခင်ဗျားရဲ့အုတ်ဂူပေါ်မှာရေးနိုင်မလားဆိုတာ စိတ်ကူးကြည့်ပါ။ စာဖတ်သူခင်ဗျားရဲ့အုတ်ဂူမှာ အဲဒီစာပိုဒ်ထည့်နိုင်လောက်တယ်ဆိုရင် … ခင်ဗျားဟာ ဘဝမှာအောင်မြင်သူဖြစ်ပါပြီ။ ဒီ့ထက်ကောင်းတဲ့အောင်မြင် ခြင်းဆိုင်ရာဖွင့်ဆိုမှုလည်း မရှိနိုင်တော့ပါ။

စာဖတ်သူခင်ဗျားကို ဘုရားသခင်ဖန်ဆင်းတာပါ။ ရည်ရွယ် ချက်တခုအတွက် ခင်ဗျားဘဝကိုပုံဖေါ်ပေးပါတယ်။ ဆုကျေးဇူးတွေကို ပေးအပ်ခဲ့ပါတယ်။ ခင်ဗျားကို ရွေးကောက်ပါတယ်။ ပြီးတော့ ကယ်တင် ခဲ့ပါတယ်။ အဲဒါကြောင့် သမ္မာကျမ်းစာက
”ထို့ကြောင့် ခက်ခဲဆိုးယုတ်သောနေ့ရက်ကာလ၌၊ ဆီးတားနိုင် သဖြင့် ကိစ္စအလုံးစုံတို့ကို ပြီးစီး၍ ခံရပ်နိုင်မည်အကြောင်း၊ ဘုရားသခင် ပြင်ဆင်တော်မူသော လက်နက်စုံကို ယူဆောင်ကြလော့” လို့ ပြောထား ခြင်းလည်း ဖြစ်ပါတယ်။

စာဖတ်သူခင်ဗျားဘဝမှာ ဘုရားသခင်အလိုတော်၊ ရည်ရွယ်တဲ့ အတိုင်း၊ အသက်ရှင်ခြင်းထက် ကြီးမြတ်တဲ့ဘယ်အရာမှရှိနိုင်မှာ မဟုတ် တော့ပါ။ အဲဒီအရာဟာ ခင်ဗျားဘဝမှာ အလေးနက်ဆုံးအရာ၊ အလိုချင်ဆုံး အရာဖြစ်ပြီး၊ တခြားဘယ်အရာကမှ အစားထိုးနိုင်မှာမဟုတ်ပါ။ အဲဒီ ဘုရားသခင်အလိုတော်အတိုင်း အသက်ရှင်ဖို့ပဲ ခင်ဗျားကိုဖန်ဆင်းခြင်း ဖြစ်ပါတယ်။ ကျွန်တော်ရဲ့ The Purpose Driven Life စာအုပ်မှာ လူတိုင်းဟာ ဘဝမှာ သုံးမျိုးသုံးဆင့်အသက်ရှင်တဲ့အကြောင်းရေးထားပါ တယ်။ အဲဒါကတော့ Survival, Success နှင့် Significance ဆိုတဲ့အဆင့် တွေပါ။ ၃-ခုလုံးဆိုပါတော့။ ကမ္ဘာလူသားအများစုက ပထမ S ထဲမှာ ရှိကြပါတယ်။ ရုန်းကန်အသက်ရှင်ကြတဲ့ လူတန်းစားတွေ။ ကမ္ဘာ့လူဦးရေ သန်း ၆၀၀၀ ထဲကတစ်ဝက်က တစ်နေ့ဝင်ငွေ ၂ဒေါ်လာထက်နည်း ကြတယ်။ လူသန်း ၁၀၀၀ ကျော်က တစ်နေ့ဝင်ငွေ တစ်ဒေါ်လာအောက်မှာ ရှိကြတယ်။ ဒီလူတွေအားလုံးဟာ ရုန်းကန်ရှင်သန်ရုံလေးဘဝ၊ Survival အဆင့်မှာ ရှိကြပါတယ်။

အကယ်၍ စာဖတ်သူဟာ အမေရိကားမှာနေထိုင်တဲ့လူဖြစ်နေရင် ခင်ဗျားဘဝမှာဆင်းရဲတယ်လို့ ထင်ရင်တောင်မှ ခင်ဗျားဘဝဟာ Success Level မှာရှိပါတယ်။ အမေရိကန်သားတွေဆင်းရဲတာဟာ၊ တချို့ဆင်းရဲ တဲ့နိုင်ငံကလူတွေအတွက် အားကျစရာရှိနေသေးတယ်။ ဒါပေမယ့် … အမေရိကန်လူမှုဘဝဟာ ကျေနပ်အားရစရာအဆင့်တော့ မဟုတ်သေး ပြန်ဘူး။ အဲဒီဘဝမှာ ခင်ဗျားပိုင်ဆိုင်တာတွေကများပြားသလို၊ လိုအပ်တာ ကလည်း အများအပြားရှိနေနိုင်သေးတယ်။ ဘဝကိုရုန်းကန်လှုပ်ရှားပြီး၊ အလုပ်သိပ်ရှုပ်နေပေမယ့် … တကယ့်ဘဝတစ်ခုတော့မပိုင်ဆိုင်နိုင်ပြန်ဘူး။

စာဖတ်သူရဲ့ဘဝဟာ အဲသလိုအဆင့်ထက်ပိုဖို့ ဘုရားသခင် အလိုရှိပါတယ်။ ခင်ဗျားဘဝဟာ အထူးတလည်ဖြစ်ပြီး၊ ထူးခြားသော အသက်တာဖြစ်ဖို့ ဘုရားသခင်က ဖန်ဆင်းခြင်းဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီထူးခြားတဲ့ဘဝကို ငွေကြေးဓနပိုင်ဆိုင်ခြင်း၊ ရာထူးကြီးကြီးရယူခြင်း တွေနှင့် လောကီပျော်ရွှင်မှုတွေအားဖြင့်ရမှာတော့မဟုတ်ပါ။ ဘယ်အရာ ကနေရမလဲဆိုတော့ ပေးကမ်းစွန့်ကြဲခြင်း၊ ခင်ဗျားဘဝကို ခင်ဗျားအတွက် သာမဟုတ်၊ အများအတွက်ပေးကမ်းစွန့်လွတ်တဲ့အခါမှာသာ ရရှိပိုင်ဆိုင် နိုင်မှာဖြစ်ပါတယ်။ သခင်ယေရှုက ကျမ်းစာထဲမှာ ဒီလိုမိန့်ထားပါတယ်။

”အကြင်သူသည် မိမိအသက်ကို ကယ်တင်ခြင်းငှါ အလိုရှိ၏။ ထိုသူသည် အသက်ဆုံးရှုံးလိမ့်မည်။ အကြင်သူသည် ငါ့ကြောင့်၎င်း၊ ဧဝံကလိတရား ကြောင့်၎င်း၊ အသက်ရှုံး၏။ ထိုသူသည် မိမိအသက် ကို ကယ်ဆယ်လိမ့်မည်”။ မာကု ၈း၃၅

ဟုတ်ပါ၏။ စာဖတ်သူခင်ဗျားရဲ့ဘဝမှာ ဘုရားသခင်ကခင်ဗျား ကို ဖန်ဆင်းခြင်းရည်ရွယ်ချက်၊ သခင်ယေရှုအားဖြင့် ကယ်တင်ခြင်း ရည်ရွယ်ချက်တွေကို သဘောပေါက်ပြီးစတင်လို့ ဖြည့်ဆည်းလိုက်ပြီ၊ သတိပြုလိုက်ပြီဆိုတာနှင့် ”ဒါမှဘဝပေပဲ၊ ဒါမှရှင်သန်ထိုက်ဘဝပေပဲ။ လူဖြစ်ရကျိုးနပ်တယ်။ အခုမှ ဘာကြောင့်လူဖြစ်ရတာလဲဆိုတာသိပြီ” လို့ စာဖတ်သူပြောရပေလိမ့်မယ်။ အောင်မြင်တဲ့ဘဝပိုင်ဆိုင်ရုံနှင့်တော့ အဲဒီလို ဘဝရဲ့အထွဋ်အထိပ် ထူးခြားကျေနပ်မှုရမှာတော့ မဟုတ်ပါပေ။

အဲဒါဘာကြောင့်လဲဆိုတော့ … ကျွန်တော်တို့လူသားတွေကို ဖန်ဆင်းခြင်းမှာ ဘုရားကိုသိဖို့၊ ချစ်ဖို့၊ ယုံကြည်ဖို့နှင့် အစေခံဖို့ဖန်ဆင်း ခဲ့ခြင်းဖြစ်တယ်၊ အဲဒီအရာတွေ မမြဲသရွေ့၊ လူ့အမြင်မှာဘယ်လိုပဲ အောင်မြင်၊ အောင်မြင် ဘဝရဲ့ကျေနပ်နိုင်တဲ့အဆင့်ရောက်နိုင်မှာမဟုတ်။

ဒီတော့ စာဖတ်သူကို အရမ်းအရေးကြီးတဲ့မေးခွန်း (၂) ခုမေးပါ ရစေ။

ခင်ဗျားဘဝမှာကြိုးစားခဲ့သမျှအရာတွေက၊ စိတ်ရဲ့ပျော်ရွှင်ကျေနပ်မှု ကို အဆုံးထိမပေးနိုင်ဘူးဆိုတာသိလျက်သားနှင့်
၁။ ဘာကိုစောင့်ပြီးမျှော်နေသေးတာလဲ။
၂။ ခရစ်တော်ကို ခင်ဗျားရဲ့ကယ်တင်ရှင်အဖြစ် ဘာကြောင့်လက်မခံ တာလဲ။

စာဖတ်သူ ခင်ဗျားရဲ့အတိတ်ကအမှားတွေ၊ အပြစ်တွေကို ခွင့်လွတ်ခဲ့ပြီးပြီ။ အဓိပ္ပါယ်ရှိရှိဘဝကို ပိုင်ဆိုင်ဖို့ ခင်ဗျားကိုဖန်ဆင်းထား တယ်။ ပြီးတော့ တမလွန်အတွက် ကောင်းကင်နိုင်ငံတော်ကို ဂတိပေးထား တယ်။ ဘယ်သူကအဲသလောက်ထိ ခင်ဗျားဘဝအတွက်ပေးဆပ်နိုင်မှာလဲ။ ဘယ်သူဘာပေးနိုင်လို့လဲ။ ဘယ်သူမှမရှိပါ။

ဘုရားသခင်တစ်ပါးတည်းသာပါ။

Author
Thang No
Join the discussion

Further reading

The Purpose of Christmas

ယုံကြည်ခြင်းအားဖြင့်

ရောမသြဝါဒစာ ၄း၅ မှာ ‘‘မတရားသောသူ၏ အပြစ်ကိုဖြေ သောသူကိုယုံကြည်လျှင်၊ သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်လျက်ရှိ၏။’’ လို့ရေးထားပါတယ်။...

The Purpose of Christmas

ကျေးဇူးတော်အားဖြင့်

ကျေးဇူးတော်ဆိုတာ ဘာပါလိမ့်။ မေးစရာ ရှိပါတယ်။ ဟုတ်ပါတယ်။ ကျေးဇူးတော်ဆိုတာကတော့ ဘုရားရဲ့ မေတ္တာ လက်တွေ့ပြတဲ့ ဘုရားရဲ့ပြုမူချက်ပါ။ ကျေးဇူးတော်ဆိုတာ...

The Purpose of Christmas

ကျေးဇူးတော်အားဖြင့် သင့်အားကယ်တင်ဖို့ ယေရှု ကြွလာ

ကျွန်တော်တို့နေ့စဉ်အသက်ရှင်သန်မှုတိုင်းမှာ ကျောင်းတက်တဲ့ အခါမှာဖြစ်ဖြစ်၊ ကစားတဲ့အခါမှာဖြစ်စေ၊ အလုပ်လုပ်တဲ့နေရာမှာဆိုရင်၊...

The Purpose of Christmas

အပြစ်မှ ကယ်တင်ဖို့ ယေရှုကြွလာတယ်။

စာဖတ်သူရဲ့ဘဝမှာ … ခင်ဗျား ကိုယ်၌က ပြဿနာရဲ့အရင်း အမြစ်ဖြစ်တယ်လို့ ပြောပါရစေ။ ခင်ဗျားဘဝမှာ တခြားသူတွေက ပြဿနာတွေ ဖြစ်စေပါလိမ့်မယ်။ ဒါပေမယ့်...

The Purpose of Christmas

ကယ်တယ်ခြင်းရဖို့ အချိန်ကာလ

            အချိန်ကာလစေ့သောအခါ၊ ငါတို့သည် သား၏အခွင့်အရာကို ခံရမည့်အကြောင်း ပညတ်တရားလက်၌ရှိသော ငါတို့ကို ရွေးနှုတ်စေခြင်း ငှါ၊ မိန်းမဝမ်း၌...

Instagram feed @newdreammedia

Instagram has returned empty data. Please authorize your Instagram account in the plugin settings .