The Purpose of Christmas

ကယ်တင်ခြင်းဆိုတာ လွတ်လပ်ခြင်း

ကယ်တင်ခြင်းဆိုတာ လွတ်လပ်ခြင်း

 

ကယ်တင်ခြင်းရဲ့တခြားအဓိပ္ပါယ်ကတော့ လွတ်လပ်ခြင်းပါပဲ။ ကျမ်းစာထဲမှာ ”ငါတို့သည် ဒုက္ခထဲရောက်သောအခါ၊ ထာဝရဘုရားကို ခေါ်ပါ၏။ ထာဝရဘုရားသည် နားညောင်းလျက် လွတ်မြောက်စေတော် မူ၏” လို့ ရေးထားပါတယ်။ [ ဆာလံ ၁၁၈ ]

 

ယေရှုက ဘယ်အရာကနေ လွတ်မြောက်ဖို့ ကျွနု်ပ်တို့ကို ခေါ် ဖိတ်ပါသလဲ၊ အတိတ်ရဲ့အပြစ်၊ ဒုစရိုက်မှမလုံခြင်း။ ဒီစိတ်ခံစားမှုဟာ ဘုရား သခင်ပေးတဲ့စိတ်၊ စံနှုန်းများကို ခိုျးဖောက်တဲ့အတွက် ခံစားရတဲ့ စိတ်ပိုင်းဆိုင်ရာခံစားမှုပါ။ ပေးဆပ်ရတဲ့ခံစားမှုပါ။ ဥပဒေချိုးဖေါက်ရင်၊ ပြစ်ဒဏ် ခံစားရမယ်ဆိုတာ ကျွနု်ပ်တို့အသိဖြစ်ပါတယ်။ ကျွန်တော်တို့ လည်း ဘုရားသခင်ရဲ့ဥပဒေကိုချိုးဖေါက်ရင်၊ အဲဒီအတွက် ဒဏ်ခံစားရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘုရားသခင်က အဲဒီအပြစ်ကြွေးကို ကျွန်တော်တို့ အစား၊ ယေရှုကို စေလွှတ်ပြီးဖြေရှင်းစေခဲ့ပါတယ်။

 

ရောမသြဝါဒစာ ၆း၂၃ မှာ ”အပြစ်တရား၏ အခကားသေခြင်း ပေတည်း။ ဘုရားသခင်ပေးတော်မူသော ဆုကျေးဇူးတော်ကား၊ ငါတို့ သခင်ယေရှုခရစ်အားဖြင့် ထာဝရအသက်ပေတည်း” လို့ ရေးထားပါတယ်။

 

ဟုတ်ပါ၏။ ခရစ်တော်ဟာ လက်ဝါးကားတိုင်ပေါ်မှာ အသေခံ တော်မူတဲ့အခါမှာ စာဖတ်သူနှင့် ကျွန်တော် ကမ္ဘာသူ၊ ကမ္ဘာသားအားလုံး ပြုခဲ့တဲ့အပြစ်၊ ဆက်ပြီးပြုဦးမယ့်အပြစ်တွေကို ယူဆောင်ပေးပြီးသား၊ အဖိုးအခပေးပြီးသားဖြစ်ပါတယ်။ အလွန်ကြီးမြတ်တဲ့ ကယ်တင်ခြင်း မဟုတ်ပါလား။ ကျွန်တော်တို့ခံစားရမယ့်အပြစ်ကို ယေရှုခရစ်ထံသို့ ပုံအပ်ပြီးအစားထိုးပေးလိုက်ပါတယ်။ ကြီးမားတဲ့လဲလှယ်မှုရယ်ပါ။ အဲဒီလို ပြုပေးတော်မူခြင်းအားဖြင့် စာဖတ်သူနှင့် ကျွန်တော်ဟာ သက်သာရာရပြီး လွတ်လပ်မှုကို ရသွားပါတယ်။

 

”ဘုရားသခင်သည် အပြစ်နှင့်ကင်းစင်သောသူကို ငါတို့အတွက် ကြောင့် အပြစ်ရှိသောသူဖြစ်စေတော်မူ၏။ အကြောင်းမူကား ငါတို့သည် ထိုသူအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သောသူ ဖြစ်မည့် အကြောင်းတည်း” လို့ ၂ကော ၅း၂၁ မှာ ဖေါ်ပြထားပါတယ်။

 

စာဖတ်သူခင်ဗျား၊ ဘုရားသခင်ရဲ့ ခွင့်လွတ်ခြင်းတရားဟာ ခင်ဗျားပြုတဲ့အပြစ်နှင့် အမှားတွေထက်သာ၍ ကြီးမားတဲ့အတွက် ခင်ဗျား ဟာ ဖြောင့်မတ်ခြင်းကို ရရှိနိုင်ခြင်းဖြစ်ပါတယ်။ အဲဒါဟာလည်း လွတ်လပ်ခြင်း ဖြစ်ပါတယ်။ ဒါဟာ ကောင်းကင်နှင့် ငရဲနှင့်တောင် မဆိုင်သေးတဲ့ လောကီလွတ်မြောက်မှုလည်းဖြစ်ပါတယ်။ အကယ်၍ ကောင်းကင်နှင့် ငရဲလည်း မရှိခဲ့ဘူးဆိုရင် (တကယ်တော့ရှိပါတယ်) တောင်မှ၊ ကြောက်ရွံ့မှုကင်းကင်းနှင့် ဝန်ထုပ်ဝန်ပိုးကြီးမထမ်းရပဲ လောက ခရီးလျှောက်ရတာဟာ စိတ်ပေါ့ပါးပြီး လွတ်လပ်လှပါတယ်။

 

စိတ်နာကြည်းခြင်းမှ လွတ်မြောက်ခြင်း

 

စာဖတ်သူရဲ့ဘဝမှာ တခြားလူတွေရဲ့ပြစ်တင်မှု၊ ဆုတောင်းမှု တွေကြောင့် နာကြည်းခံစားရပါတယ်။ ကျွန်တော်တို့အပေါ်သူတို့ပြုတဲ့ အရာကို ကျွန်တော်တို့ဘာမှတားဆီးလို့မရပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ လုပ်နိုင်တာကတော့ ဘယ်လိုတုံ့ပြန်မလဲဆိုတာရှိပါတယ်။ စိတ်နာကြည်းမှု ဆိုတာဟာ စိတ်ပိုင်းခံစားမှုကင်ဆာရောဂါလို့ခေါ်လို့ရပါတယ်။ အဲဒီ ရောဂါကို ကုစားနိုင်တာက ယေရှုခရစ်ပါပဲ။ ခရစ်တော်ကို မကုစားခိုင်း သရွေ့၊ လွတ်မြောက်အောင်မလုပ်စေသရွေ့၊ ခင်ဗျားရဲ့ပျော်ရွှင်မှုတွေကို အဲဒီနာကျည်းမှုက ဖျက်ဆီးနေမှာပါပဲ။

 

တခြားသူများပြစ်တင်ခြင်းမှ လွတ်ကင်းခြင်း

 

စာဖတ်သူရဲ့ဘဝမှာ (ကိုယ်မလုပ်ချင်ပေမယ့်၊ မပြောချင်ပေ မယ့်) တခြားလူတွေ အပြစ်တင်မှာကြောက်၍ ”ဘယ်နှစ်ကြိမ်၊ ဘယ်နှစ်ခါ” လောက် လုပ်ဖြစ်၊ ပြောဖြစ်ပါသလဲ။

သမ္မာကျမ်းစာက ”လူကိုကြောက်ရွံ့ခြင်းသဘောသည် ကျော့ကွင်းကိုထောင်ထားတတ်၏” လို့ ဆိုထားတယ်။ (သုတ္တံ ၂၉း၂၅)

ဟုတ်ပါတယ်။ လူကိုကြောက်ရွံ့နေခြင်းဟာ ကိုယ့်ကိုယ်ကို ထောင်ချောက်ဆင်နေတာပါပဲ။ လူကိုကြောက်တော့ ကိုယ့်ကိုယ်ကို စိတ်ချ ယုံကြည်မှုနည်းလာတယ်။ ကိုယ်ရဲ့လုပ်နိုင်စွမ်းလျော့နည်းလာတယ်။ ပြီးတော့ ဘုရားသခင်ဖြစ်စေချင်တဲ့ဘဝကနေ ဝေးကွာစေသေးတယ်။

 

ဒီတော့ သူများရဲ့ပြောဆိုမှု၊ ဝေဖန်မှုကို လျစ်လူျရှုပြီး ဘဝကို ရင်ဆိုင်နိုင်ဖို့ရန်အတွက်၊ ဘုရားသခင်ရဲ့ မပြောင်းလဲတဲ့မေတ္တာ၊ အနှိုင်းမဲ့ ချစ်ခြင်းတရားအပေါ်မှာပဲ အခြေခံပြီးလုပ်ဆောင်ရမှာပါ။ ဘုရားရဲ့ချစ်ခြင်း က ခင်ဗျားကို လွတ်လပ်စေတယ်။ ချစ်ခြင်းမေတ္တာက စိတ်ချယုံကြည်မှုကို ဖြစ်ပေါ်စေတယ်။

၁ယော ၄း၁၈ မှာ ”ချစ်ခြင်းမေတ္တာသည် ကြောက်ရွံ့ခြင်း၊ သံဝေဂနှင့် မပေါင်းနိုင်ရာ၊ သံဝေဂသည် ပူပန်ခြင်းဝေဒနာကို ဖြစ်စေ သောကြောင့်၊ စုံလင်သောမေတ္တာသည် သံဝေဂကို ပယ်ရှားတတ်၏။ သံဝေဂရှိသောသူသည် မေတ္တာနှင့်မပြည့်စုံသေး” လို့ ဆိုထားပါတယ်။

 

စာဖတ်သူခင်ဗျားရဲ့ဘဝမှာလုပ်တဲ့အရာတွေအပေါ်၊ တချို့ လူတွေဟာ မကျေမနပ်၊ မကြိုက်ဖြစ်နေရင်လည်း ဘာမှပြဿနာမရှိပါ။ သတိပြုရမှာက၊ အလင်းကပိုပြီးလင်းလေလေ၊ ပိုးဖလံတွေပိုပြီး များလာ လေလေဆိုတာ သိရပါမယ်။ စာရေးသူကျွန်တော်ရဲ့ The Purpose Driven Life  စာအုပ်ကပေါက်သွားလို့ လူသိများလာတော့၊ လူတွေရဲ့ ဝေဖန်မှုဟာ ကျွန်တော့်အပေါ်ရောက်လာပါတယ်။ ကျွန်တော့်ကို ဦးတည် တိုက်ခိုက်လာကြတယ်။ ပြီးတော့ ကျွန်တော့်ကို မဟုတ်မမှန် စွပ်စွဲ ကြတယ်။ အဲဒီအချိန်မှာ ကင်ဆာရောဂါခံစားနေရတဲ့ ကျွန်တော့်ဇနီး Kay ကိုသာ ကျွန်တော်အာရုံစိုက်နေရတယ်။ ဒါပေမယ့် လူတွေရဲ့တိုက်ခိုက်မှု ကြောင့် ကျွန်တော်စိတ်ပျက်ရပါတယ်။ အဲဒီအချိန်မှာ ကျွန်တော့်ကို အားဖြစ်စေတဲ့အရာကတော့ တခြားမဟုတ်၊ ဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာ ကသာ ကျွန်တော့်ကိုအားဖြစ်စေပါတယ်။ ဘုရားသခင်က အဲဒီမေတ္တာကို အမှတ်ရစေလို့ အဲဒါကပဲ ကျွန်တော့်အတွက်အားဖြစ်လာတယ်။ တစ်နေ့ တနင်္ဂနွေရက်တစ်ရက်မှာ ကျွန်တော်ရဲ့အသင်းတော်မှာ ဧည့်သည်ကြီး တစ်ဦးနှင့်အတူ ကျွန်တော်တရားဟောခွင့်ရခဲ့ပါတယ်။ သူကတော့ တခြားသူမဟုတ်ပါ။ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ကနေရောက်လာသူ စာရေး ဆရာကြီး၊ သင်းအုပ်ဆရာ ဲသ့ည ှအသအအ ပါ။ သူဟာ ဝိဉာဉ်ရေးရာမှာ ဆရာကြီးတစ်ဆူဖြစ်ပြီး … ကျွန်တော့်အတွက် သူငယ်ချင်းလည်းဖြစ်၊ ဝိဉာဉ်ဖခင်တစ်ပါးလည်းဖြစ်သူပါ။ ကျွန်တော်တို့နှစ်ယောက်အတူ တရား ဟောပြီးတဲ့နောက်၊ နှစ်ယောက်သားစကားပြောခွင့်ရပါတယ်။ အဲဒီမှာ သူက ကျွန်တော့်ကို စကားတစ်ခွန်းကမ်းလှမ်းပါတယ်။ သူ့ရဲ့နာမည်ကြီး စာအုပ်၊ ဂန္ထဝင်နှင့် အရောင်းသွက်ဆုံးစာရင်းဝင်စာအုပ် Basic Christianity မှာ အမှာစာရေးပေးဖို့ပြောပါတယ်။ သူ ကျွန်တော့်ကို လူရှေ့ သူရှေ့မှာ လက်တွဲလိုက်တာပါ။ သူရဲ့စာအုပ်အမှာစာကိုတောင် ရေးခွင့် ပြုလိုက် တာပါ။ ”သူက သူသိတဲ့ ကမ္ဘာအရပ်ရပ်ကသူများစွာထဲ၊ သူငယ်ချင်း ပေါင်းများစွာထဲက သူသိတဲ့လူ၊ သူလေးစားတဲ့သူများစွာထဲကနေ ကျွန်တော့် ကို ရွေးချယ်လိုက်တာပါလား”။ သူဒီလို ကျွန်တော့်ကို ရွေးချယ်ခြင်းအားဖြင့် ကျွန်တော်စိတ်မှာ သူရဲ့မေတ္တာကိုမြင်ရပြီး၊ တခြား ကျွန်တော်လေးစားတဲ့ လူတွေလည်းပဲ ကျွန်တော့်ကိုချစ်ကြမှာဘဲဆိုတဲ့အသိကြောင့်  လတ်တလော ကျွန်တော်ခံစားရတဲ့ဝေဒနာ၊ လူတွေရဲ့ဝေဖန်ပြစ်တင်မှုကနေ ယုံကြည်ချက် တွေ တဖန်ပြန်မွေးဖွားစေပါတယ်။ ကျွန်တော့်ကိုမသိပဲ ဆန့်ကျင်၊ ပြစ်တင်နေတဲ့လူတွေကို လျစ်လူျရှုနိုင်စေပါတယ်။

ဟုတ်ပါတယ်။ ကျွန်တော်တို့ဘဝမှာ အားငယ်နေတဲ့အခါမှာ လူတွေရဲ့ လက်ခံပေးခြင်းဟာ အားအရမ်းဖြစ်စေပါတယ်။ ဒါပေမယ့် … ဘုရားသခင်ရဲ့ချစ်ခြင်းနှင့် ရွေးကောက်ခြင်းက ပိုပြီးတောင်အားဖြစ်စေ ပါတယ်။

သမ္မာကျမ်းစာထဲမှာ ”ဤကမ္ဘာမတည်မရှိမှီ ငါတို့ကို ခရစ်တော် ၌ ရွေးကောက်တော်မူသည်နှင့်အညီ၊ ကောင်းကင်ဘုံနှင့်ဆိုင်သောအရာတို့ ၌ ခပ်သိမ်းသောဓမ္မမင်္ဂလာတို့ကို ခရစ်တော်အားဖြင့် ငါတို့အား ပေးသနား တော်မူသော ငါတို့သခင်ယေရှုခရစ်၏ ခမည်းတော်ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း” လို့ ရေးထားပါတယ်။

ဧဖက် ၁း၄

စာဖတ်သူ ဒီကျမ်းပိုဒ်ကို သဘောပေါက်ပါသလား။ အဓိပ္ပါယ် ကတော့ ရှင်းရှင်းလေးရယ်။ ကမ္ဘာမြေကြီးမဖန်ဆင်းခင်ကတည်းက ဘုရား သခင်က ခင်ဗျားကိုချစ်သတဲ့။ အဲဒီဘုရားရဲ့ချစ်ခြင်းကို ကျမ်းစာထဲမှာ မကြာခဏ ဖေါ်ပြခဲ့ပါတယ်။ ဘုရားသခင်ရဲ့အနှိုင်းမဲ့ချစ်ခြင်း၊ အကန့် အသတ်မဲ့ချစ်ခြင်း၊ ရွေးကောက်တော်မူခြင်းစသဖြင့် အမိုျးမိုျးဖေါ်ပြခဲ့ပါ တယ်။

စာဖတ်သူရော၊ ကျွန်တော်ရော အားလုံးသောလူတွေဟာ တစုံ တဦးရဲ့ ငြင်းပယ်ခြင်းကိုခံစားရဖူးကြတယ်။ နှလုံးသားမှာ ဒဏ်ရာတွေနှင့် ရှိနေကြပါတယ်။ အဲဒီနာကျင်မှုတွေ၊ ခင်ဗျားအမြဲအမှတ်ရနေမှာပါ။ ကျောင်းနေတုန်းက ကိုယ့်ထက်သာတဲ့လူတွေရဲ့ လှောင်ပြောင်ဟားတိုက် ခံဘူးတာ။ ကစားအဖွဲ့တွေမှာ ကိုယ်က မတော်တော့ လူတွေက ကိုယ့်ကို သိပ်မရွေးချင်လို့ နောက်ဆုံးမှခေါ်တာတွေကို ခင်ဗျားပြန်သတိရနေတယ်။ သတိရနေမှာပါ။ မိဘတွေဆီက မမျှော်လင့်တဲ့နာကျင်စရာစကားတွေ၊ ခင်ဗျားဘဝကနေထွက်ခွာသွားတဲ့သူငယ်ချင်း၊ ဘဝကြင်ဖေါ်တွေကို ပြန် အမှတ်ရကောင်းရနေမှာပေါ့။ ဒါမှမဟုတ် ခင်ဗျားဘဝမှာ လူတဦးကျေနပ် အောင်၊ လက်ခံအောင် နှစ်ရှည်လများကြိုးစားပေမယ့် … အရာမရောက် ဖြစ်နေကောင်းဖြစ်နေပေလိမ့်မယ်။ အဲဒီအခါမှာ ခင်ဗျားနားလည်ရမှာက၊ အဲဒီလူကို အခုကျေနပ်အောင် မလုပ်ဆောင်နိုင်ဘူးဆိုရင် နောင်လည်း ကျေနပ်အောင်လုပ်ဆောင်နိုင်ဖို့ဆိုတာ ခက်ပါလိမ့်မယ်။ ဒါပေမယ့် သတင်းကောင်းတခုရှိပါတယ်။ အဲဒါကဘာလဲဆိုတော့ လူတကာတို့ ကျေနပ်ပျော်ရွှင်အောင်လုပ်ဖို့မလိုဘူးဆိုတဲ့စကား။

တခြားသူတွေလက်ခံအောင်လုပ်ဆောင်အသက်ရှင်ခြင်းနှင့် ကင်းလွတ်နိုင်ဖို့ ဘုရားသခင်ကသူ့အပေါ်ထားတဲ့ချစ်ခြင်း၊ အကန့်အသတ် မဲ့ချစ်ခြင်းကို ပြန်ပြီးအာရုံစိုက်ရပါမယ်။ သမ္မာကျမ်းစာဖေါ်ပြချက် တခိုျ့ လည်းလေ့လာကြရအောင်။

ရောမ ၈း၃၁ မှာ ”သို့ဖြစ်၍ ဤအရာများတို့၌ အဘယ်သို့ ပြောစရာရှိသနည်း။ ဘုရားသားတော်သည် ငါတို့ဘက်၌ရှိတော်မူလျှင်၊ အဘယ်သူသည် ငါတို့တဘက်၌ နေနိုင်မည်နည်း” လို့ဆိုထားပါတယ်။ ရောမ ၈း၁၃ မှာတော့ ”ဘုရားသခင်ရွေးကောက်တော်မူသောသူတို့ကို အဘယ်သူသည် အပြစ်ရှိမည်နည်း။ ဖြောင့်မတ်ရာ၌တည်စေသောသူကား ဘုရားသခင်ပေတည်း။” လို့ရေးထားတယ်။

ဆာလံ ၂ရး၁၀ မှာတော့ ”ကိုယ်မိဘတို့သည် အကျွနု်ပ်ကို စွန့်သော်လည်း၊ ထာဝရဘုရားသည် အကျွနု်ပ်ကို ချီယူတော်မူမည်” လို့ ရေးထားပါတယ်။

ဟုတ်ပါတယ်။ လူအတော်များများဟာ သူတို့ပတ်ဝန်းကျင်က လူတွေရဲ့ပြစ်တင်ဝေဖန်မှုတွေအပေါ်မှာ သိပ်ကိုဂရုစိုက်လွန်းအားကြီးကြ တယ်။ နောက်ဆုံးတော့ ပျက်စီးခြင်းကိုသာ ဦးတည်သွားတာပါပဲ။ ဒီတော့ စာဖတ်သူရဲ့ဘဝမှာ၊ ခင်ဗျားရဲ့တကယ့်အဖြစ်မှန်ဘဝကို ဘုရားသခင်ထံ မှာပဲရှိပါစေ။ တခြားသူတွေပြောစကားလောက်နှင့် နားမယောင်မိပါစေနှင့်၊ ပုပ်ရဟန်းမင်းကြီးဘဲနဲဒစ် (၁၆) က သူရဲ့စာအုပ် Jesus of Nazareth စာအုပ်မှာ ဒီလိုရေးထားပါတယ်။

“Man knows himself only when he listen to understand himself in the light of God, and he knows others only when he sees the mystery of God in them”

အဓိပ္ပါယ်က ”လူဟာ ဘုရားသခင်နှင့် ဆက်ဆံရေးတွေမှန်ပြီး၊ ကိုယ့်ကိုယ်ကိုသုံးသပ်နိုင်မှ ကိုယ့်ရဲ့အဖြစ်မှန်ကိုသိနိုင်သလို၊ လူတွေကို  ကြည့်တဲ့အခါမှာလည်း အဲဒီလူတွေထဲမှာ ကိန်းအောင်းနေတဲ့ဘုရားရဲ့ သိမ်မွေ့နက်နဲမှုကိုသိနိုင်မှ အဲဒီလူကို နားလည်လိမ့်မယ်” တဲ့။

 

ဖျောက်မရတဲ့အကျင့်ဆိုးများမှ လွတ်မြောက်ခြင်း

 

စာဖတ်သူရဲ့ဘဝမှာ အကျင့်ဆိုးတွေကို ဖျောက်ဖျက်ချင်တယ်။ နှစ်သစ်နှင့်အတူသစ်ချင်တယ်။ သို့သော် အဲသလိုလုပ်ချင်ပေမယ့် နေ့စဉ်လုပ်နေကျအကျင့်တွေကို ဖျောက်မရဘူးလို့ ခံစားနေကောင်းခံစား နေပါလိမ့်မယ်။ ပြောင်းလဲမှုကြိုးစားပေမယ့် လမ်းဟောင်းထဲဘဲ ပြန်ပြန် ရောက်နေတာဖြစ်ရင်ဖြစ်နေပါမယ်။ အဲသလိုကောင်းအောင်ကြိုးစားတဲ့  ကာလတစ်လျှောက် ရှုံးနိမ့်မှုနှင့် နောင်တတွေနှင့်သာကြုံရလို့ မျှော်လင့် ချက်မဲ့နေတယ်လို့ခံစားကောင်းခံစားနေပါလိမ့်မယ်။ အဲဒီအခါမှာ တဖက် သူရဲ့ဘဝမှာ ခင်ဗျားထက် တန်ဖိုးကြီးတဲ့သူတစ်ဦးရဲ့ကူညီမှု လိုအပ်နေပါ တယ်။ ကယ်တင်ရှင်တဦးလိုအပ်နေပါတယ်။ သခင်ယေရှုခရစ်ကတော့ ဒီလိုမိန့်မှာထားပါတယ်။

”သားသည် သင်တို့ကိုလွှတ်လျှင်၊ သင်တို့သည် ဧကန်အမှန် လွှတ်ကြလိမ့်မည်” လို့ မိန့်မြွတ်ခဲ့ပါ တယ်။ (ယော ၈း၃၆)။

ဘုရားသခင်က ခင်ဗျားဟာခင်ဗျား၊ ကိုယ့်အားကိုယ်ကိုးပြီး အသက်ရှင်သန်ဖို့လုံးဝမရည်ရွယ်ခဲ့ပါ။ သူရည်ရွယ်တာက ခင်ဗျားက သူ့အပေါ်ယုံကြည်အားကိုးဖို့ပါပဲ။ အဲဒါကြောင့် ခင်ဗျားဘဝမှာ ပြဿနာ တွေဝင်ခွင့်ပြုပြီး၊ ခင်ဗျားအစွမ်းနှင့် မအောင်မြင်နိုင်အောင်ဖြစ်စေခဲ့တယ်။ တကယ်တမ်းကျတော့ အဲဒီပြဿနာကို ခင်ဗျားသတိမပြုမိခင်ကတည်းက ဘယ်လိုဖြေရှင်းရမယ်ဆိုတာတောင် သူ့မှာအဖြေရှိထားပြီးသားပါ။ ခင်ဗျား၊ ကိုယ့်ဟာကိုယ်ကြိုးစားခြင်းကိုရပ်တန့် (Stop trying) ပြီး၊ သူ့အပေါ်မှီခို၊ ကိုးစားယုံကြည်ဖို့ (Start trusting) သူစောင့်မျှော်နေတာပါ။

 

သေခြင်းကြောက်ရွံ့မှုမှ လွတ်မြောက်ခြင်း

 

စာဖတ်သူ ခင်ဗျားရဲ့ဘုရားအပေါ်ယုံကြည်မှုကို တိုင်းတာတဲ့ အခါမှာ ခင်ဗျားသိပ်ပျော်နေတဲ့အချိန်၊ မင်္ဂလာဆောင်ချိန်၊ မွေးနေ့ပွဲနှင့် ကျောင်းဆင်းဘွဲ့ယူချိန်တွေမှာ ခင်ဗျားခံစားတဲ့ပီတိတွေနှင့် တိုင်းလို့တော့ မရပေဘူး။ ခင်ဗျားဘဝမှာ ပျော်ရွှင်အောင်မြင်နေချိန်မှာတော့ အရာရာဟာ ချောမွေ့နေတတ်ပါတယ်။ ဒါပေမယ့် ဘဝမှာ မုန်တိုင်းတိုက်ခတ်လာတဲ့ အခါ၊ နှလုံးသားခံစားချက်တွေရိုက်ခိုျးလာတဲ့အခါမှာ၊ ရည်ရွယ်တဲ့အရာ တွေမဖြစ်လာတဲ့အခါ၊ ပေါင်းသင်းဆက်ဆံရေးတွေ ကွဲပြဲလာတဲ့အခါ၊ စီးပွားရေးဝင်ငွေတွေ ပုံမမှန်ဖြစ်လာတဲ့အခါ၊ ခင်ဗျားရဲ့ခန္ဓာကိုယ်ကရောဂါ ခံစားလာတဲ့အခါ၊ သိပ်ချစ်ရတဲ့သူတစ်ဦးက စွန့်ခွာသွားတဲ့အခါ၊ ခင်ဗျား ဘယ်လိုခံစားပြီး၊ ဘယ်အရာက အားပေးနှစ်သိမ့်ပါသလဲ။ ဒီလိုလူတိုင်း ရင်ဆိုင်ကြုံတွေ့ရတဲ့အရာ၊ ရှောင်မရတဲ့အရာတွေ ဘဝမှာကြုံလာတဲ့အခါ လျစ်လူျရှုဖို့ဆိုတာလည်း ရူးရာကျပေလိမ့်မယ်။

စာရေးသူကျွန်တော်က သင်းအုပ်ဆရာတိပါး၊ ဖြစ်လေတော့ အသုဘအိမ်အတော်များများကို ရောက်ခဲ့ပါတယ်။ အဲဒီမှာ သခင်ယေရှုနှင့် ဆက်ဆံရေး၊ ကောင်းကောင်းရှိတဲ့မိသားစုနှင့် သခင်ယေရှုနှင့် အကျွမ်း မဝင်တဲ့မိသားစုတွေရဲ့အသုဘတုန့်ပြန်မှု၊ ခြားနားမှုကိုတွေ့ခဲ့ပါတယ်။ သူတို့တွေရဲ့ သေခြင်းအပေါ်တုံ့ပြန်မှုမတူတာကိုလည်း ကျွန်တော် သတိပြု မိပါတယ်။ မျှော်လင့်ချက်နှင့် စိတ်ချမှုမရှိတဲ့လူတွေရဲ့ မျက်လုံးထဲကို ကျွန်တော်ကြည့်တဲ့အခါမှာ ထိတ်လန့်ခြင်းနှင့် စိတ်ပျက်ခြင်းတွေ သူတို့ ခံစားနေတာကို သင်္ခိုျင်းကုန်းမှာ ကျွန်တော်ခဏခဏမြင်တွေ့ရပါတယ်။ ဒါပေမယ့် … ယေရှုကိုသိလိုက်တဲ့အခါမှာ၊ သေခြင်းကိုရင်ဆိုင်တဲ့အခါ ခံစားရတဲ့ ဒီဆင်းရဲတွေကို ပြောင်းလဲပေးလိုက်ပါတယ်။

လက်ဝါးကားတိုင်မှာ အသေခံတော်မူခဲ့တဲ့ ခရစ်တော်ရဲ့ ကယ်တင်ခြင်းကို စာဖတ်သူနားလည်၊ လက်ခံမယ်ဆိုရင် ခင်ဗျားရဲ့ထာဝရ ခရီးဆုံးဟာ စိတ်ချယုံကြည်လို့ရပြီး၊ သေခြင်းကိုလည်းကြောက်ရတော့ မည်မဟုတ်ပေ။ သမ္မာကျမ်းစာထဲမှာ ဒီလိုရေးထားပါတယ်။

”ထိုလူငယ်တို့သည်၊ အသွေးအသားနှင့် ဆက်ဆံ ကြသောကြောင့် ခရစ်တော်သည် အသေခံတော်မူ သောအားဖြင့် သေခြင်းတရားကို အစိုးရသောသူ တည်းဟူသော၊ မာရ်နတ်၏တန်ခိုးကို ချိုးဖဲ့ဖျက်ဆီး ခြင်းငှါ၎င်း၊ သေဘေးကိုကြောက်၍ တသက်လုံး ကျွန်ခံရသောသူတို့ကို ကယ်လွတ်ခြင်းငှါ၎င်း၊ ထို သူငယ်တို့၏နည်းတူ အသွေးအသားကို ဆောင်ယူ တော်မူ၏” ဟေဗြဲ ၂း၁၄-၁၅

Author
Thang No
Join the discussion

Further reading

The Purpose of Christmas

ယုံကြည်ခြင်းအားဖြင့်

ရောမသြဝါဒစာ ၄း၅ မှာ ‘‘မတရားသောသူ၏ အပြစ်ကိုဖြေ သောသူကိုယုံကြည်လျှင်၊ သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်လျက်ရှိ၏။’’ လို့ရေးထားပါတယ်။...

The Purpose of Christmas

ကျေးဇူးတော်အားဖြင့်

ကျေးဇူးတော်ဆိုတာ ဘာပါလိမ့်။ မေးစရာ ရှိပါတယ်။ ဟုတ်ပါတယ်။ ကျေးဇူးတော်ဆိုတာကတော့ ဘုရားရဲ့ မေတ္တာ လက်တွေ့ပြတဲ့ ဘုရားရဲ့ပြုမူချက်ပါ။ ကျေးဇူးတော်ဆိုတာ...

The Purpose of Christmas

ကျေးဇူးတော်အားဖြင့် သင့်အားကယ်တင်ဖို့ ယေရှု ကြွလာ

ကျွန်တော်တို့နေ့စဉ်အသက်ရှင်သန်မှုတိုင်းမှာ ကျောင်းတက်တဲ့ အခါမှာဖြစ်ဖြစ်၊ ကစားတဲ့အခါမှာဖြစ်စေ၊ အလုပ်လုပ်တဲ့နေရာမှာဆိုရင်၊...

The Purpose of Christmas

အဓိပ္ပါယ်ပြည့်ဝသောအသက်တာပိုင်ဆိုင်ဖို့ သင့်အားကယ်တင်ရန် ခရစ်တော်ကြွဆင်း၍လာ

ဘဝမှာ တခါတလေ မေးခွန်းများစွာရင်ဆိုင်ကြုံတွေ့ရပေမယ့် ကျွန်တော်တို့ တစ်ယောက်ချင်းစီရင်ဆိုင်ရတဲ့ မေးခွန်း (၃) ခုရှိပါတယ်။ ပထမမေးခွန်းက...

The Purpose of Christmas

အပြစ်မှ ကယ်တင်ဖို့ ယေရှုကြွလာတယ်။

စာဖတ်သူရဲ့ဘဝမှာ … ခင်ဗျား ကိုယ်၌က ပြဿနာရဲ့အရင်း အမြစ်ဖြစ်တယ်လို့ ပြောပါရစေ။ ခင်ဗျားဘဝမှာ တခြားသူတွေက ပြဿနာတွေ ဖြစ်စေပါလိမ့်မယ်။ ဒါပေမယ့်...

The Purpose of Christmas

ကယ်တယ်ခြင်းရဖို့ အချိန်ကာလ

            အချိန်ကာလစေ့သောအခါ၊ ငါတို့သည် သား၏အခွင့်အရာကို ခံရမည့်အကြောင်း ပညတ်တရားလက်၌ရှိသော ငါတို့ကို ရွေးနှုတ်စေခြင်း ငှါ၊ မိန်းမဝမ်း၌...

Instagram feed @newdreammedia

Instagram has returned empty data. Please authorize your Instagram account in the plugin settings .