The Purpose of Christmas

ကယ်တယ်ခြင်းရဖို့ အချိန်ကာလ

            အချိန်ကာလစေ့သောအခါ၊ ငါတို့သည် သား၏အခွင့်အရာကို ခံရမည့်အကြောင်း ပညတ်တရားလက်၌ရှိသော ငါတို့ကို ရွေးနှုတ်စေခြင်း ငှါ၊ မိန်းမဝမ်း၌ ပဋိသန္ဓေယူ၍၊ ပညတ်တရားအောက်၌ ဘွားမြင်ရသော သားတော်ကို ဘုရားသခင်သည် စေလွှတ်တော်မူ၏။ ဂလာတိ ၄း၄-၅

 

လွန်ခဲ့တဲ့နှစ်အတော်ကြာတုန်းက၊ နွေရာသီရက်တစ်ရက်မှာ စတိုးဆိုင်တစ်ခုမှာ ကျွန်တော့်မိန်းမ ဈေးဝယ်ခြမ်းနေပါတယ်။ ကျွန်တော် ကတော့ ကျွန်တော့်ဇနီးထွက်လာတာကို ကားပေါ်ကနေ စောင့်နေခဲ့ ပါတယ်။ ကျွန်တော့်သမီးအယ်မီကတော့ သုံးနှစ်အရွယ်ပဲရှိသေးတော့၊ ကားနောက်က ကလေးထိုင်ခုံမှာ ထိုင်နေရပါတယ်။ သူရဲ့ လှောင်ပိတ် မွန်းကြပ်တဲ့ခုံမှာ ပူအိုက်လွန်းတော့ သမီးအယ်မီက ခေါင်းကို ပြတင်းမှ ပြူထွက်ပြီး ”ကိုယ်တော်၊ ဒီဘဝ၊ ဒီမွန်းကြပ်တဲ့အခန်းထဲမှ မြန်မြန် ထွက်ခွင့်ပြုပါ” လို့အော်နေပါတယ်။ ကယ်တင်ရှင်တစ်ဦး တောင့်တနေ တာပါ။

ကျွန်တော့်သမီးက သူ့ကိုယ်သူကယ်တင်၊ လွတ်မြောက်နိုင်စွမ်း မရှိတာကြောင့် သူထက်တန်ခိုးကြီးတဲ့ ပုဂ္ဂိုလ်တစ်ဦးဦးကို ကျွန်တော့်သမီး က အလိုရှိနေတာပါ။ စာဖတ်သူရော အဲဒီလိုမိုျးခံစားဖူးပါသလား။ ကျွန်တော်တို့အားလုံး အဲဒီလိုခံစားတတ်ကြပါတယ်။ ဒီနှစ်ခရစ်စမတ်မှာ လည်း စာဖတ်သူကိုယ်တိုင်အဲဒီလို မွန်းကြပ်မှုတွေ ခံစားနေတာ ဖြစ်နေပါ လိမ့်မယ်။ ”ကိုယ်တော် ကယ်မတော်မူပါ” လို့ အော်နေသူဖြစ်ရင် ဖြစ်ပါ လိမ်မယ်။

အဲသလိုဖြစ်နေခဲ့ရင် ကျွန်တော်ပြောပြချင်တာက …

ခရစ်စမတ်ရဲ့ ရည်ရွယ်ချက်မှာ … ဒုတိယရည်ရွယ်ချက်က  … ကယ်တင်ခြင်းအတွက် ဖြစ်တယ်ဆိုတာပါ။

ကယ်တင်ခြင်းလို့ပြောတာနှင့် များသောအားဖြင့် ဒီလိုအဓိပ္ပါယ် ဖွင့်ဆိုကြပါတယ်။ အပြစ်မှ လွတ်မြောက်စေခြင်း၊ ငရဲမှလွတ်မြောက်စေ ခြင်း စသဖြင့် ဖွင့်ဆိုကြပါတယ်။ ဟုတ်ပါတယ်။ ကယ်တင်ခြင်းဆိုတာ အဲဒီအရာတွေအားလုံးပါဝင်ပါတယ်။ ဒါပေမဲ့ … အဲဒီအရာတွေသာမကပဲ၊ ဒီ့ထက်ပိုပြီး အကျုံးဝင်ပါတယ်။ ကျွန်တော်တို့အား မကောင်းမှုကနေ ကယ်တင်ရုံမျှမဟုတ်ပဲ၊ ကောင်းတဲ့အရာလုပ်ဖို့လည်း ကယ်တင်ခြင်း ဖြစ်ပါတယ်။

ဧဖက် ၂း၁၀ မှာ

”ငါတို့သည် ကောင်းသောအကျင့်တို့ကို ကျင့်ရမည့်အကြောင်း၊ ယေရှုခရစ်၌ ပြုပြင်၍ ဖန်ဆင်းတော်မူရာဖြစ်ကြ၏။ ထိုကောင်းသော အကျင့်တို့၌ ငါတို့သည် ကျင်လည်ရမည့်အကြောင်း၊ ဘုရားသခင်သည် ငါတို့ကို ပြင်ဆင်တော်မူနှင့်ပြီ” လို့ဆိုထားပါတယ်။

ဘုရားသခင်ထံတော်ပါးမှာ စာဖတ်သူရဲ့ဘဝအတွက် ကြီးမြတ် တဲ့ ရည်ရွယ်ချက်နှင့် ကောင်းမွန်တဲ့အစီအစဉ်တွေရှိနေပါတယ်။ အဲသလို ကောင်းမြတ်တဲ့ဘဝတွေပိုင်ဆိုင်နိုင်ဖို့၊ ဘုရားသခင်ရဲ့ အကြံအစည်တော် တွေ ပြည့်ဝစေနိုင်ဖို့ ကယ်တင်ခြင်းကို ပေးခဲ့ခြင်းလည်း ဖြစ်ပါတယ်။

ကမ္ဘာပေါ်ရှိသူတွေ၊ လက်ခံသမျှအတွက် ကယ်တင်ခြင်းဖြစ် တယ်ဆိုတဲ့ ေြွကးကြော်သံကို ဗက်လင်မြို့သိုးထိန်းတွေဆီ ကြွေးကြော်တဲ့ ကောင်းကင်တမန်ရဲ့ ဒုတိယကြွေးကြော်သံမှာတွေ့ပါတယ်။

လုကာ ၂း၁၁ မှာ

”ယနေ့တွင် ဒါဝိ၏မြို့၌၊ သခင်ခရစ်တော်တည်းဟူသော ကယ်တင်သောအရှင်သခင်၊ သင်တို့အဘို့ အလိုငှါ ဘွားမြင်ခြင်းကို ခံတော်မူပြီ” လို့ မိန့်ဆိုထားပါသည်။

ဒီကျမ်းပိုဒ်မှာ စာဖတ်သူမှတ်ထားရမယ့်စကားလုံးက ”သင်တို့ အဖို့အလို့ငှါ” ဆိုတဲ့စကားပါ။ အင်္ဂလိပ်လို ်သမ ပသက လို့ ပါပါတယ်။ စာဖတ်သူအကိုျးအတွက် ခရစ်တော်ဟာကမ္ဘာကို ဆင်းြွကလာခဲ့တာပါ။ ယေရှုဟာ ခင်ဗျားကိုယ်တိုင်ရဲ့ကယ်တင်ရှင်။

စာဖတ်သူ ပတ်ဝန်းကျင်မှာ ကြားဖူးပါသလား၊ ”ယေရှုကို ကိုယ်ပိုင်ကယ်တင်ရှင်အဖြစ်လက်ခံပြီလား” ဆိုတဲ့ မေးခွန်းမျိုး၊ ဒါမှမဟုတ် ”ကယ်တင်ခြင်း စိတ်ချမှုရပြီလား” ဆိုတဲ့စကားမျိုး၊ ဒီမေးခွန်းတွေရဲ့ ဆိုလိုရင်းက ဘာပါလိမ့်။ စာဖတ်သူစဉ်းစားဖူးပါရဲ့လား။

တခါတလေ စာဖတ်သူရော၊ ကျွန်တော်တို့ အားလုံးပါ၊ ကျွန်တော်တို့ဘဝမှာ ကယ်တင်ရှင်တစ်ဦးတော့ လိုအပ်နေမှန်းကို သိပ်ဂရု မပြုပဲရှိတတ်ပါတယ်။ စာရေးသူကျွန်တော်က ခရစ်စမတ်ချိန် စူပါမော တွေမှာ ဈေးဝယ်ထွက်တဲ့အခါ အဲဒီမှာရှိတဲ့ ဈေးသည်တွေ၊ ဝန်ထမ်းတွေကို စကားဖေါင်ဖွဲ့လေ့ရှိပါတယ်။ သူတို့ကို ကျွန်တော်မေးခွန်း တစ်ခုမေးပါတယ်။

”ခင်ဗျားဘဝမှာ ဘယ်အရာကနေ ကယ်တင်ခြင်းခံရဖို့လိုအပ် သလဲ” လို့ ကျွန်တော်မေးတော့ … အဖြေအမျိုးစုံ ကြားရပါတယ်။

တချို့က

”စိုးရိမ်ပူပန်မှုကနေ လွတ်ချင်ပြီ”

”ရေနံဖိုး၊ ဓါတ်ဆီဖိုးနှင့် အကြွေးတွေရဲ့ ဖိစီးမှုကနေလွတ်ချင်ပြီ”

”ကျွန်တော့်ကို ရန်ရှာတဲ့သူ၊ နာကျင်စေတဲ့သူတွေဆီက လွတ်ချင်ပြီ”

”လောဘ၊ ဒေါသကနေ လွတ်မြောက်ချင်တယ်”

”အတိတ်က၊ ခွင့်လွတ်မရတဲ့ဘဝကနေ လွတ်မြောက်ချင်တယ်”

”အကျင့်ဆိုးတွေ စွန့်လွတ်ချင်တယ်”

”ဒီဘဝကနေ လွတ်ချင်တယ်” အဲသလိုအဖြေတွေရပါတယ်။  ဟုတ်ပါ၏။ ကျွန်တော်တို့တွေ၊ လူတွေက ကယ်တင်ခြင်းအကြောင်း၊ ဘုရားသခင်ရဲ့ကယ်တင်ခြင်းအကြောင်းကို စဉ်းစားတဲ့အခါမှာ အပါယ်ငရဲ မှ လွတ်မြောက်ခြင်းသာသာလောက်ပဲ စဉ်းစားတတ်ကြတယ်။ ဒါပေမယ့် တကယ့်တကယ်မှာ ဘုရားသခင်ပေးတဲ့ ကယ်တင်ခြင်းဟာ၊ မီးငရဲမှ လွတ်မြောက်၍သာမဟုတ်ဘဲ၊ ဘုရားပေးတဲ့ စစ်မှန်တဲ့ကယ်တင်ခြင်းမှာ လွတ်လပ်မှု၊ ဘဝရည်မှန်းချက်နှင့် အသက်ရှင်သန်ခြင်းရယ်ဆိုပြီး သုံးထောင့်စုံဖြစ်ပါတယ်။ အဲဒီမှာ စာဖတ်သူရဲ့ ဘဝ၊ အတိတ်၊ ပစ္စပ္ပန်နှင့် အနာဂတ်လည်းပါပါတယ်။

 

ဒီတော့ သေချာနားလည်ရမယ့်အရာက

ခရစ်တော်က သင့်ကို (တစ်စုံတစ်ရာကနေ) ကယ်တင်ပါတယ်။

ခရစ်တော်က သင့်ကို (တစ်စုံတစ်ခုအတွက်) ကယ်တင်ပါတယ်။

ခရစ်တော့် သင့်ကို (တစ်စုံတရာအားဖြင့်) ကယ်တင်ပါတယ်။

Author
Thang No
Join the discussion

Further reading

The Purpose of Christmas

ယုံကြည်ခြင်းအားဖြင့်

ရောမသြဝါဒစာ ၄း၅ မှာ ‘‘မတရားသောသူ၏ အပြစ်ကိုဖြေ သောသူကိုယုံကြည်လျှင်၊ သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်လျက်ရှိ၏။’’ လို့ရေးထားပါတယ်။...

The Purpose of Christmas

ကျေးဇူးတော်အားဖြင့်

ကျေးဇူးတော်ဆိုတာ ဘာပါလိမ့်။ မေးစရာ ရှိပါတယ်။ ဟုတ်ပါတယ်။ ကျေးဇူးတော်ဆိုတာကတော့ ဘုရားရဲ့ မေတ္တာ လက်တွေ့ပြတဲ့ ဘုရားရဲ့ပြုမူချက်ပါ။ ကျေးဇူးတော်ဆိုတာ...

The Purpose of Christmas

ကျေးဇူးတော်အားဖြင့် သင့်အားကယ်တင်ဖို့ ယေရှု ကြွလာ

ကျွန်တော်တို့နေ့စဉ်အသက်ရှင်သန်မှုတိုင်းမှာ ကျောင်းတက်တဲ့ အခါမှာဖြစ်ဖြစ်၊ ကစားတဲ့အခါမှာဖြစ်စေ၊ အလုပ်လုပ်တဲ့နေရာမှာဆိုရင်၊...

The Purpose of Christmas

အဓိပ္ပါယ်ပြည့်ဝသောအသက်တာပိုင်ဆိုင်ဖို့ သင့်အားကယ်တင်ရန် ခရစ်တော်ကြွဆင်း၍လာ

ဘဝမှာ တခါတလေ မေးခွန်းများစွာရင်ဆိုင်ကြုံတွေ့ရပေမယ့် ကျွန်တော်တို့ တစ်ယောက်ချင်းစီရင်ဆိုင်ရတဲ့ မေးခွန်း (၃) ခုရှိပါတယ်။ ပထမမေးခွန်းက...

The Purpose of Christmas

အပြစ်မှ ကယ်တင်ဖို့ ယေရှုကြွလာတယ်။

စာဖတ်သူရဲ့ဘဝမှာ … ခင်ဗျား ကိုယ်၌က ပြဿနာရဲ့အရင်း အမြစ်ဖြစ်တယ်လို့ ပြောပါရစေ။ ခင်ဗျားဘဝမှာ တခြားသူတွေက ပြဿနာတွေ ဖြစ်စေပါလိမ့်မယ်။ ဒါပေမယ့်...

Instagram feed @newdreammedia

Unsupported request - method type: get