The Purpose of Christmas

ကျေးဇူးတော်အားဖြင့်

ကျေးဇူးတော်ဆိုတာ ဘာပါလိမ့်။ မေးစရာ ရှိပါတယ်။
ဟုတ်ပါတယ်။ ကျေးဇူးတော်ဆိုတာကတော့ ဘုရားရဲ့ မေတ္တာ လက်တွေ့ပြတဲ့ ဘုရားရဲ့ပြုမူချက်ပါ။ ကျေးဇူးတော်ဆိုတာ ခင်ဗျားနှင့် မထိုက်တန်၊ ချင်ဗျားပြန်ပြီး မပေးဆပ်နိုင်လောက်တဲ့အရာကို ဘုရားက အခမဲ့ပေးလိုက်တဲ့အရာဟာ ကျေးဇူးတော်ပါပဲ။ ချင်ဗျားသိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ၊ ခင်ဗျားရဲ့ ပြဿနာတွေကို ဘုရားက ဖြေရှင်းပေးလိုက် တာ အဲဒါကျေးဇူးတော်။ ခင်ဗျားရဲ့အမှား faults ၊ ရှုံးနိမ့်မှု failures နှင့် ကြောက်ရွံ့မှု fear တွေကို ကူညီကြည့်ရှုတဲ့ဘုရားရဲ့ မျက်နှာတော်။ အင်္ဂလိပ်လို
God’s = ဘုရားရဲ့
Riches = ချမ်းသာြွကယ်ဝတဲ့
At = ၌၊ အဲဒီမှာ
Christ’s = ခရစ်တော်ရဲ့
Expense = ပေးဆပ်ခြင်း
(ခရစ်တော် ရဲ့ ပေးဆပ်ခြင်း ၌ မြင်ရသော ဘုရား ၏ကြွယ်ဝသော ချစ်ခြင်း)။
ဘုရားသခင်က ဒီလို ပြောပါတယ်။

”မင်းတို့အားလုံးဟာ ငါ့ရဲ့ပြည့်ဝတဲ့စံနှုန်းကနေ ကျရှုံးသွားတာ ငါသိပါတယ်” တဲ့။

ရောမ ၈း၂၃ မှာ ”လူအပေါင်းတို့သည် ဒုစရိုက်ကိုပြု၍ ဘုရား သခင်ရှေ့တော်၌ အသရေ ပျက်ကြပြီ” လို့ ရေးထားပါတယ်။

အဲသလိုဖြစ်တဲ့အခါ ဘုရားသခင်က လူသားတွေအတွက် ဒီလို အကြံရှိလာပါတယ်။ ”မင်းတို့ရဲ့ မပြည့်ဝမှု၊ အပြစ်နှင့်ကောင်းကင်နိုင်ငံ ငါ့နေရာကို ဝင်ခွင့်ပြုရင်တော့ ဒီနေရာက မသန့်ရှင်းတဲ့နေရာဖြစ်တော့ မယ်။ ဒီတော့ဖြင့် မဖြစ်သေးပါဘူး။ မင်းတို့ဟာမင်းတို့ မဖြေရှင်းနိုင်တဲ့ မင်းတို့ပြဿနာ၊ အပြစ်ကိုငါဖြေရှင်းပေးမှ ဖြစ်တော့မယ်။ မင်းတို့ခွင့်လွတ် ခြင်း လိုအပ်နေပြီ။ ဒီတော့ ငါဒီလိုလုပ်မယ်။ လောကကို ငါလူသားအဖြစ် နှင့် ဆင်းကြွလာမယ်။ မင်းတို့အပြစ်ကြောင့် ဖြစ်ခဲ့တဲ့အရာတွေကို ငါ့ ကိုယ်ငါ ပေးဆပ်ခြင်းအားဖြင့် လောကသားတွေကို ကယ်တင်လိုက်မယ်။ မင်းတို့ရဲ့ အပြစ်ကြွေးကို ဆပ်ပေးမယ်” လို့ ဘုရားသခင်မှာ အကြံရှိ လာပါတယ်။

ကောလောသဲ ၂း၂၄ မှာ ”ငါတို့နှင့် ဆန့်ကျင်ဘက်ဖြစ်သော ဝိနည်းအထုံးအဖွဲ့နှင့်စပ်ဆိုင်သော လက်မှတ်ကိုချေ၍၊ လက်ဝါးကပ်တိုင် မှာ ရိုက်ထားလျက် ငါတို့စပ်ကြားထဲက ပယ်ရှင်းတော်မူပြီ” တဲ့။

ဟုတ်ပါတယ်။ အကယ်၍ ခရစ်တော်သာ လက်ဝါးကပ်တိုင်မှာ အသေခံတော်မမူခဲ့လျှင်၊ သုံးရက်မြောက်နေ့မှာ ရှင်ပြန်မထမြောက်ခဲ့လျှင် ခရစ်စမတ်နေ့ဟာ အဓိပ္ပါယ်မဲ့ ဖြစ်သွားပါလိမ့်မယ်။
၁ ယော ၂း၂ မှာ ”ထိုသခင်သည် ငါတို့၏အပြစ်မက၊ လောကီ သားအပေါင်းတို့၏ အပြစ်ဖြေစရာအကြောင်း ဖြစ်တော်မူ၏” လို့ ရေး ထားပါတယ်။

ခရစ်တော်ဟာ လက်ဝါးကပ်တိုင်မှာ အသေခံတော်မူခြင်းအား ဖြင့်၊ သင့်ကိုကယ်တင်ဖို့ အသေခံတော်မူခြင်းအားဖြင့်၊ ခင်ဗျားရဲ့အပြစ် ကြွေးကို ပေးပေးလိုက်ပါတယ်။ မကောင်းမှုရဲ့ကျေးကျွန်ဘဝကနေ ကယ်တင်၊ ရွေးနှုတ်ခဲ့ပါတယ်။ ခင်ဗျားကျခံရမယ့်အပြစ်အတွက်၊ အစား ထိုးအပြစ်ကျခံပေးပါတယ်။ ချစ်သောစာဖတ်သူ၊ သူအဲသလိုပြုတဲ့အရာ ဟာ လူတွေပြောပြောနေတဲ့စကား၊ သီချင်းအဖြစ်ကြော်ကြားသွားတဲ့ ”အံ့ဖွယ်ကျေးဇူးတော်”ပါ။

ဒီနှစ် ခရစ္စမတ်မှာ စာဖတ်သူဟာ လူတွေရဲ့အချစ်ကို အထူးတ လည် ခံစားကောင်း ခံစားပါလိမ့်မယ်။ ဒါမှမဟုတ် ကြေကွဲပြီး လူတွေရဲ့ အချစ်ကို ဆာငတ်ရင် ဆာငတ်နေပါလိမ့်မယ်။ ဘာပဲဖြစ်နေဖြစ်နေ၊ ခင်ဗျားတဖန်ပြန်စဉ်းစားရမှာက၊ ဘယ်လူသားကမှ ခရစ်တော်က ခင်ဗျား ကို ချစ်သလောက် မချစ်နိုင်ဘူးဆိုတဲ့စကားပါ။ ခင်ဗျားအတွက် သူအသေ ခံခဲ့တာက အဲဒါသက်သေပဲ။

၁ ယော ၄း၁၀ မှာ ”ငါတို့သည် ဘုရားသခင်ကို ချစ်ကြသည်ဟု မဆို၊ ဘုရားသခင်သည် ငါတို့ကိုချစ်၍ ငါတို့၏ အပြစ်ဖြေစရာ အကြောင်းဖြစ်စေခြင်းငှာ၊ ဘုရားသခင်သည် တပါးတည်းသောသားငယ် ကို စေလွှတ်တော်မူသောအရာ၌ ချစ်ခြင်းမေတ္တာရှိ၏” လို့ ဖော်ပြထား ပါတယ်။

စာဖတ်သူရဲ့ဘဝမှာ၊ လက်ဝါးကပ်တိုင်မှာ ခရစ်တော်အသေခံ ခြင်းအကြောင်းပိုပြီး သိလေလေ၊ စာဖတ်သူရဲ့ဘ၀ အဓိပ္ပာယ်ပိုပြီး ရှိလေလေ ဖြစ်လာမှာဖြစ်ပါတယ်။

စာဖတ်သူအနေနှင့် ခရစ္စမတ်ရောက်ရင် လူတွေလက်ဆောင် တွေဖလှယ်ကြတာတွေ့ရမှာပါ။ ဒီအစဉ်အလာက ဘယ်ကနေလာသလဲ ဆိုတာ သိပါသလား။ အဲဒီအစဉ်အလာရဲ့အစက ဘုရားသခင်ပါပဲ။ ပထမဆုံးသော ခရစ္စမတ်မှာ ဘုရားသခင်က လောကအတွက် တန်ဖိုး အရှိဆုံးလက်ဆောင်ကို လောကအတွက် ပထမဆုံးပေးခဲ့ပါတယ်။ အဲဒီ လက်ဆောင်က သားတော်ပါ။
”ပြော၍မကုန်နိုင်အောင် ဘုရားသခင်၏ ဆုကျေးဇူး တော်ကို အောက်မေ့၍ ချီးမွမ်းခြင်းရှိစေသတည်း”
၂ကေ ၉း၁၅
ဟုတ်ပါ၏။ ဘုရားပေးတဲ့လက်ဆောင်ဟာ ကြီးမားလှပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ကမ္ဘာဟာ သူတို့ဘဝအတွက် ဘာလိုလို့ လိုမှန်း မသိသူ၊ သိရင်တောင်မှ ဘယ်မှာရှာရမှန်းမသိသူတွေနှင့် ပြည့်နေပါတယ်။ သူတောသိတာက သူတို့ဘဝမှာ တခုခုလိုနေတယ်။ တခုခုဟာနေတာကို ပဲ သိကြတယ်။ ဟုတ်ပါတယ်။

လူတွေအတွက် ဘဝမှာ အလုပ်လုပ်ပြီး အငြိမ်းစားမယူမချင်း၊ ငွေနောက်တကောက်ကောက်လိုက်ရတာလည်း ဘဝရဲ့ အဓိပ္ပာယ်ကို ပျက် စေလှပါတယ်။

စာဖတ်သူကလည်း အလုပ်လုပ်ရင်း ကြိုးစားသူ၊ ဂုဏ်တစ်ခု အတွက် ရုန်းကန်နေရသူဖြစ်ကောင်း ဖြစ်မှာပါ။ လစာကောင်းဖို့၊ ဘဝလုံ ခြုံစေဖို့၊ အောင်မြင်ဖို့ကြိုးစားနေသူဖြစ်ရင် ဖြစ်မှာပါ။ ဒါပေမယ့် အဲဒါ တွေက ဘာမှအရာမရောက် ဖြစ်ကောင်းဖြစ်လိမ့်မယ်။
ခင်ဗျားဘဝအတွက် လိုအပ်တာက ကယ်တင်ခြင်းပါ။ ခင်ဗျား ကို ဖန်ဆင်းခြင်းဟာ ဘုရားသခင်အတွက် ဖန်ဆင်းခြင်းဖြစ်တယ်။ ဘုရား သခင်က ဖန်ဆင်းခြင်းလည်း ဖြစ်တယ်။ ဘုရားသခင်က ဘုရားသခင် အတွက် ခင်ဗျားကိုဖန်ဆင်းတာ။ အဲဒါ သဘောမပေါက်သရွေ့ ဘဝဟာ အဓိပ္ပာယ်ရှိမှာမဟုတ်။

”အကယ်၍ ကျွန်တော်သာ လူမှန်ကိုတွေ့ရင်၊ အားလုံးအဆင် ပြေသွားမှာပါ။ ကျွန်တော်သာအလုပ်မယ်မယ်ရရ ခိုင်မာခဲ့ရင်၊ ရာထူးတက် မယ်ဆိုရင်၊ ချမ်းသာမယ်ဆိုရင် အခုပြဿနာတွေအဆင်ပြေမှာပါ။ ကလေး တစ်ယောက်သာရရင် ဘဝကအဆင်ပြေမှာပါ။ အဲဒီအခါ စိတ်ချမ်းသာ ကိုယ်ချမ်းသာ ရှိသွားမှာပါ။ ကျွန်တော့်ရုပ်က ဒီထက်ချောမောလှရင်၊ ဒါမှမဟုတ် ဒီနေရာက လွတ်မြောက်ရင်၊ အဆင်ပြေမှာပါ” လို့ စာဖတ်သူ အတွေးမှားကောင်းမှားနေပါလိမ့်မယ်။

အဖြေကတော့ မှားပါတယ်။ ခင်ဗျားဘယ်နေရာမှာ ရှိနေတယ် ဆိုတာအဓိကမဟုတ်ပါ။ ခင်ဗျားဘာတွေလုပ်နေတယ်ဆိုတာ အဓိက မဟုတ်ပါ။ အဖြေက လူပုဂ္ဂိုလ်တစ်ဦး။ သခင်ယေရှုပါ။ ခင်ဗျားရဲ့ပြဿနာ က ခင်ဗျားကိုဖန်ဆင်းတဲ့သူ၊ ဘုရားနှင့်ဆက်သွယ်ရေးပျက်ပြားသွားတော့၊ သူ့ရဲ့အချစ်နှင့်အဆက်ပြတ်သွားခြင်းပြဿနာပါ။

၂ပေ ၁း၃ မှာ ”ထိုသို့နှင့်အညီ ငါတို့ကို ဘုန်းတန်ခိုးတော်နှင့် ခေါ်တော်မူသောဘုရားကို သိသောဉာဏ်အားဖြင့် ငါတို့အား အသက်ရှင် ခြင်း၊ ဘုရားဝတ်၌မွေ့လျော်ခြင်းနှင့် စပ်ဆိုင်သောအရာရှိသမျှတို့ကို ဘုရား တန်ခိုးတော်သည် ပေးသနားတော်မူပြီ” လို့ ဖေါ်ပြထားပါတယ်။

ဒါကြောင့် စာဖတ်သူဘဝမှာ ယေရှုရဲ့ကယ်တင်ခြင်းပဲ လိုပါ တယ်။ ကျန်တာအဆင်ပြေလာလိမ့်မယ်။

Author
Thang No
Join the discussion

Further reading

The Purpose of Christmas

ယုံကြည်ခြင်းအားဖြင့်

ရောမသြဝါဒစာ ၄း၅ မှာ ‘‘မတရားသောသူ၏ အပြစ်ကိုဖြေ သောသူကိုယုံကြည်လျှင်၊ သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်လျက်ရှိ၏။’’ လို့ရေးထားပါတယ်။...

The Purpose of Christmas

ကျေးဇူးတော်အားဖြင့် သင့်အားကယ်တင်ဖို့ ယေရှု ကြွလာ

ကျွန်တော်တို့နေ့စဉ်အသက်ရှင်သန်မှုတိုင်းမှာ ကျောင်းတက်တဲ့ အခါမှာဖြစ်ဖြစ်၊ ကစားတဲ့အခါမှာဖြစ်စေ၊ အလုပ်လုပ်တဲ့နေရာမှာဆိုရင်၊...

The Purpose of Christmas

အဓိပ္ပါယ်ပြည့်ဝသောအသက်တာပိုင်ဆိုင်ဖို့ သင့်အားကယ်တင်ရန် ခရစ်တော်ကြွဆင်း၍လာ

ဘဝမှာ တခါတလေ မေးခွန်းများစွာရင်ဆိုင်ကြုံတွေ့ရပေမယ့် ကျွန်တော်တို့ တစ်ယောက်ချင်းစီရင်ဆိုင်ရတဲ့ မေးခွန်း (၃) ခုရှိပါတယ်။ ပထမမေးခွန်းက...

The Purpose of Christmas

အပြစ်မှ ကယ်တင်ဖို့ ယေရှုကြွလာတယ်။

စာဖတ်သူရဲ့ဘဝမှာ … ခင်ဗျား ကိုယ်၌က ပြဿနာရဲ့အရင်း အမြစ်ဖြစ်တယ်လို့ ပြောပါရစေ။ ခင်ဗျားဘဝမှာ တခြားသူတွေက ပြဿနာတွေ ဖြစ်စေပါလိမ့်မယ်။ ဒါပေမယ့်...

The Purpose of Christmas

ကယ်တယ်ခြင်းရဖို့ အချိန်ကာလ

            အချိန်ကာလစေ့သောအခါ၊ ငါတို့သည် သား၏အခွင့်အရာကို ခံရမည့်အကြောင်း ပညတ်တရားလက်၌ရှိသော ငါတို့ကို ရွေးနှုတ်စေခြင်း ငှါ၊ မိန်းမဝမ်း၌...

Instagram feed @newdreammedia

Instagram has returned empty data. Please authorize your Instagram account in the plugin settings .