The Purpose of Christmas

ဘာကြောင့် ခရစ်စမတ်ဟာကြီးကျယ်ခမ်းနားတဲ့ ပေးကမ်းခြင်း ပွဲတော်ဖြစ်ရတာလဲ

ခပ်သိမ်းသောအမှုအရာတို့သည် မိမိတို့အချိန်ရှိ၏။ မိုဃ်းကောင်းကင်အောက်၌ ကြံစည်သမျှ အသီးသီး တို့ကို ပြုရသောအချိန်ရှိ၏။ ဒေသနာကျမ်း ၃း၁

တစ်ကမ္ဘာလုံးမှာ ဒီခရစ်စမတ်ပွဲဟာ အကြီးကျယ်အခမ်းနားဆုံး အဖြစ် နှစ်စဉ်ကျင်းပလေ့ရှိပါတယ်။ အခြားပွဲလမ်းသဘင်တွေ၊ ရုံးပိတ်ရက် တွေမှာ တရက်တလေသာရှိပေမယ့် ဒီခရစ်စမတ်မှာကျတော့ တစ်လလုံးလုံး စည်စည်ကားကားကျင်းပကြပါတယ်။ နှစ်တစ်နှစ်ရဲ့ ဆယ့်နှစ်ပုံတစ်ပုံ လောက်အထိ ယူလေ့ရှိပါတယ်။ ခရစ်စမတ်ရာသီမှာ လူတိုင်းလူတိုင်းက သူတို့ရဲ့နေ့စဉ်အလုပ်တွေကို ဘေးချိတ်ထားပြီး၊ အိမ်အလှတွေ ပြင်ဆင် ကြတယ်။ အချင်းချင်းနှုတ်ဆက်တဲ့ကဒ်လှလှလေးတွေ ပေးပို့ကြတယ်။ လက်ဆောင်တွေ၀ယ်ကြ၊ ပေးကြတယ်။ ခရစ်စမတ်ပါတီပွဲတွေတက်ရောက် ကြတယ်။ ဘုရား၀တ်ပြုသွားကြတယ်။ ခရစ်စမတ်သီချင်းတွေ သီဆိုကြ တယ်။ TV ကလာတဲ့ ခရစ်စမတ်အထူးအစီအစဉ်တွေ စောင့်ကြည့်ကြပါ တယ်။ မိသားစုနှင့် ဝေးကွာနေတဲ့သူတွေက မိသားစုဆီကို ပြန်လာ ကြတယ်။ ခရစ်စမတ်မြင်ကွင်းတွေ၊ အသံတွေ၊ သင်းရနံ့တွေက ၀န်းကျင် တစ်ခုလုံးကို လွှမ်းခြုံလျက်နေပါတယ်။ ဒီခရစ်စမတ်အတွက် အထူးရည်စူးပြီးဖွင့်တဲ့ စတိုးဆိုင်တွေ၊ လုပ်ငန်းလေးတွေလည်း ရှိလာတယ်။ ခရစ်စမတ်ရောက်ပြီဆိုတာနှင့် စာဖတ်သူရော ရှောင်လွဲလို့မရအောင်ပဲ၊ နေရာတကာ မှာ မြင်နေ၊ ကြားနေရပါတယ်။

အဲသလို ခရစ်စမတ်အကြောင်းကိုစဉ်းစားပြီး ခဏမေ့လိုက်ပါ။ ပြီးတော့ လွန်ခဲ့တဲ့ အနှစ်နှစ်ထောင် ၀န်းကျင်တုန်းက ကမ္ဘာ့အရှေ့ အလယ်ပိုင်းဒေသမှ နှိမ့်ချစွာမွေးဖွားခဲ့တဲ့ လက်သမားတစ်ဦးရဲ့သား မွေးနေ့က ဒီနေ့ဒီလိုမျိုး ရှုပ်ယှက်ခတ်စေတယ်၊ ကမ္ဘာ့မြို့တော်တွေမှာ ကားတွေကသောင်းကနင်းဖြစ်စေတယ်ဆိုတာ စဉ်းစားလိုက်ရင် စာဖတ်သူ လည်း မှင်မတက်ပဲနေပါ့မလား။ မှန်ပါတယ်။ ဒီခရစ်စမတ်နေ့၊ ယေရှုရဲ့ မွေးနေ့ရောက်တာနှင့် နယူးယောက်လိုမြို့ကြီး၊ တိုကျိုလို ခမ်းနားတဲ့၊ ခေတ်မှီတဲ့မြို့တွေမှာ ယာဉ်ကြောတွေ ပိတ်နေရပါတယ်။

စာဖတ်သူရဲ့ဘ၀မှာ တခါတလေ ပြက္ခဒိန်ကို လှန်လှောပြီး ရက်စွဲတွေကြည့်ဖူးပါလိမ့်မယ်။ အဲဒီအခါမှာ တွေ့ရတဲ့နေ့စွဲတွေဟာ၊ ယေရှု ခရစ်ရဲ့မွေးနေ့ကို အခြေခံပြီး မှတ်တမ်းတင်တဲ့ရက်တွေဆိုတာ စာဖတ်သူ သတိပြုကောင်း၊ ပြုမိမှာပါ။ တကယ်တော့ သခင်ယေရှုကြောင့် ကမ္ဘာ့ သမိုင်းဟာ နှစ်ခြမ်းကွဲသွားပါတယ်။ ရှေ့ပထမပိုင်းကတော့ B.C, Before Christ ကာလ၊ ခရစ်တော်မတိုင်မီကာလလို့ခေါ်ပြီး၊ နောက်ပိုင်းကျ တော့ A.D. Anno Domini  လို့ခေါ်ပါတယ်။ အင်္ဂလိပ်လိုမှာတော့ in the year of our Lord ပါ။ မြန်မာလို ခရစ်သက္ကရဇ်လို့ ဆိုပါတယ်။ ဒီတော့ ဒီနေ့ စာဖတ်သူရဲ့ ပြက္ခဒိန်မှာရှိတဲ့ရက်စွဲဟာ ခရစ်တော်မွေးဖွားပြီးနောက် ဘယ်နှစ်နှစ်၊ ဘယ်နှစ်ရက်ဆိုတာ ဖေါ်ပြနေပါတယ်။

စာဖတ်သူရဲ့မွေးနေ့တောင်မှ ခရစ်တော်ရဲ့မွေးနေ့ပေါ်အခြေခံ နေတာပါ။ ဗက်လင်မြို့မှာ သခင်ယေရှုခရစ်တော် မွေးဖွားတဲ့အချိန်ကာလ မှာ သိုးကျောင်းသားအုပ်စုငယ်လေးတစ်စုဟာ စားကျက်မှာ သူတို့ရဲ့ သိုးတွေကို တိတ်ဆိတ်စွာ ထိန်းကျောင်းတဲ့အချိန်ဖြစ်ပါတယ်။ ကောင်းကင် မှာ တောက်ပနေတဲ့ကြယ်တွေကို ကြည့်တော့လည်း ခါတိုင်းရက်၊ ခါတိုင်း ညတွေနှင့် ဘာမှထူးခြားမှုမရှိပါဘူး။ ဒါပေမယ့် အဲဒီညမှာ ဖြစ်ပျက်လာ မယ့် အကြောင်းအရာကတော့ သိုးထိန်းတွေရဲ့ဘ၀သာမက၊ လူသန်းပေါင်း များစွာရဲ့ဘ၀ကို ပြောင်းလဲစေလာမှာဖြစ်ပါတယ်။ ကမ်္ဘာမြေကြီးဟာ အရင် နှင့် ဘယ်တော့မှ တူနိုင်တော့မှာမဟုတ်ဘူး။ ရုတ်တရက်ကြီးဆိုသလို၊ ကောင်းကင်ယံမှာ အလင်းတန်းကြီး လင်းလာပြီး၊ ဘုရားသခင်ရဲ့ ကောင်းကင်တမန်တွေ ပေါ်လာကာ၊ သိုးထိန်းတွေကို စကားပြောပါတယ်။ သိုးထိန်းတွေအဖို့ မယုံနိုင်လောက်အောင်နှင့် လန့်ဖြတ်စေပါ တယ်။ အဲဒီအကြောင်းနှင့် ပထမဆုံးအကြိမ် ခရစ်စမတ််ပွဲအကြောင်းကို သမ်္မာကျမ်းစာက ဒီလိုရေးဖွဲ့ပါတယ်။

ထိုပြည်မှာ သိုးထိန်းတို့သည် ညဉ့်အခါ တောအရပ်၌ တည်းခိုလျက် မိမိသိုးစုကို စောင့်နေကြသည်ဖြစ်၍၊ ထာ၀ရဘုရား၏ ကောင်းကင်တမန်သည် သူတို့ အနားမှာပေါ်လာ၍၊ ပတ်၀န်းကျင်၌ ထာ၀ရဘုရား၏ ဘုန်းတော်ထွန်းတောက်သဖြင့်၊ သူတို့သည် အလွန် ကြောက်ရွံ့ခြင်းသို့ ရောက်ကြ၏။ ကောင်းကင် တမန်ကလည်း၊ ကြောက်ရွံ့ခြင်းမရှိကြနှင့်။ လူ အပေါင်းတို့သည် အလွန်၀မ်းမြောက်၊ ၀မ်းသာစရာ သတင်းကို ငါသည် သင်တို့အားကြားပြောရ၏။ ယနေ့တွင် ဒါဝိဒ်၏မြို့၌ သခင်ခရစ်တော်တည်း ဟူသော ကယ်တင်သောအရှင်သည် သင်တို့အဘို့ အလို့ငှါ ဘွားမြင်ခြင်းကိုခံတော်မူပြီ။ သင်တို့သည်  အဘယ်နိမိတ်ဖြင့် သိရမည်နည်းဟူမူကား၊ သူငယ် သည် အ၀တ်နှင့် ပတ်ရစ်၍ နွားစားခွက်၌ သိပ်ထားလျက် ရှိသည်ကိုတွေ့ကြလိမ့်မည်ဟုဆိုပြီးလျှင် ထို ကောင်းကင်တမန်နှင့်အတူ ကောင်းကင်ဗိုလ်ခြေ အများတို့သည် ချက်ချင်းထင်ရှား၍၊ ကောင်းကင် ဘ၀ဂ်၀ယ်ဘုရားသခင်သည် ဘုန်းကြီးတော်မူပါစေ သတည်း။ မြေကြီးပေါ်၌လည်း ငြိမ်သက်ခြင်းရှိစေ သတည်း။ လူတို့အား မေတ္တာကရုဏာရှိစေသတည်း ဟု ဘုရားသခင်ကို ချီးမွမ်း၍ မြွတ်ဆိုကြ၏။ ရှင်လုကာသြဝါဒစာစောင် ၂း၈-၁၄

 

ကောင်းကင်တမန်က ““လူအပေါင်းတို့သည် အလွန်၀မ်းမြောက်၊ ၀မ်းသာစရာသတင်းကို ငါသည် သင်တို့အားကြားပြောရ၏”” တဲ့။ ဟုတ်ပါ့ မလား။ ယခုခေတ်မှာ ခရစ်စမတ်ရောက်တာနှင့် လူများအဖို့၀မ်းမြောက်ခြင်း (happiness) ထက်၊ ရန်ပွဲ (Hassie) ဖြစ်လာသလို ရှိပါတယ်။ လူတွေကို ပျော်ရွှင်မှု (Pleasure) ထက်၊ စိတ်ဖိစီးမှု (Pressure) ပေးလာသလိုရှိပါ တယ်။ နှစ်သက်မွေ့လျော်ခြင်း ((delight) မဟုတ်တော့ပဲ တာ၀န်တစ်ခုလို (duty) ဖြစ်လာတော့တယ်။ လူတွေဟာ ခရစ်စမတ််မှာ မွေ့လျော်ခြင်း (enjoy) မရှိတော့ပဲ၊ သည်းခံ၍သာကျင်းပနေကြသည်။ အင်္ဂလိပ်လို endure ဟု ဆိုရပါမယ်။

ဟုတ်ပါတယ်။ စာဖတ်သူရဲ့ဘ၀မှာ ခရစ်စမတ်ဟာ ပျော်စရာ မကောင်းဘဲ၊ အထီးကျန်လှသည်၊ စိတ်ဖိစီးမှုများလှသည့်ခံစားနိုင်စရာ အကြောင်းများစွာရှိပါတယ်။ အမျိုး (odbar) များနှင့် ကျီးလန့်စာစား ဆက်ဆံနေရတာမျိုး၊ မိသားစုအတွင်းဆက်ဆံရေး အစဉ်မချောတာမျိုး ကြုံရင်လည်း ကြုံနေရပေမယ်။ ဒါမှမဟုတ် ဒီခရစ်စမတ််မှာ စာဖတ်သူရဲ့ ဘေးနားမှာ အဖေါ်မရှိလို့ အထီးကျန်ဖြစ်ကောင်းဖြစ်နေမယ်။ တစ်ကြိမ် တစ်ခါက နာကျင်ခဲ့တာတွေ၊ ဆုံးရှုံးတာတွကို ခရစ်စမတ်က ပြန်အမှတ်ရစေ တာလည်းဖြစ်ကောင်းဖြစ်မယ်။ အရင်ကမတူ၊ ပြောင်းလဲတဲ့အရာတွေ ပြန်သတိရစေတာလည်း ဖြစ်ကောင်းဖြစ်ပေမယ်။

ဒါမှမဟုတ် စာဖတ်သူဟာ ခရစ်ယာန်ဘာသာ၀င်မဟုတ်ဘဲ၊ တခြားဘာသာ၀င်တစ်ဦးဖြစ်ပြီး ဒီစာအုပ်ကိုဖတ်ပေမယ့် … စာဖတ်သူရဲ့ ဘာသာမှာ ခရစ်စမတ်ပွဲမရှိတာလည်းဖြစ်ရင် ဖြစ်နေလိမ့်မယ်။ အဲသလို ဖြစ်နေတဲ့အခါမှာ သူများတွေ ခရစ်စမတ်ပွဲ ဆင်နွှဲတာကြည့်ပြီး စိတ် မသက်မသာဖြစ်ရင်ဖြစ်နေမှာပါ။ သို့တည်းမဟုတ်၊ စာဖတ်သူဟာ ဒီ ကုန်လွန်တဲ့နှစ်မှာ ခက်ခဲမှုတွေနှင့် ရင်ဆိုင်လွန်းအားကြီးလို့ ပင်ပန်း နွမ်းနယ်နေတာဖြစ်ကောင်းဖြစ်နေပါမယ်။

ဒီခရစ်စမတ်မှာတော့ ဘုရားသခင်ဟာ စာဖတ်သူခင်ဗျားနှင့် ကျွန်ုပ်ရဲ့ခံစားချက်တွေကို အလေးထား၊ ဂရုစိုက်တယ်ဆိုတာ ပြောပြဖို့ ကျွန်တော်ဒီစာအုပ်ကိုရေးသားလိုက်ခြင်းဖြစ်ပါတယ်။

စာဖတ်သူရဲ့ဘ၀နောက်ခံက ဘာပဲဖြစ်ဖြစ်၊ ကိုးတွယ်တဲ့ဘာသာ ကဘာပဲဖြစ်ပါစေ၊ ဘယ်လိုပြဿနာတွေနှင့် ဘယ်လိုအခြေအနေ ဖြစ်ပါ စေ။ ခရစ်စမတ််ဟာ စာဖတ်သူရရှိနိုင်တဲ့ အကောင်းဆုံးသတင်းပါ။ စာဖတ်သူ မြင်တွေ့၊ ကြားရတဲ့ပတ်၀န်းကျင်၊ ခရစ်စမတ်သီချင်းတွေရဲ့ နောက်ကွယ်မှာ၊ ရိုးရှင်းတဲ့အမှန်တရားများရယ်၊ သင့်ဘ၀ကို ပြောင်းလဲ ပေးနိုင်တဲ့အရာတွေ ရှိပါတယ်။ အဲဒီတရားက ဒီလောကမှာရော၊ ထာ၀ရအတွက်မှာရော စာဖတ်သူကိုပြောင်းလဲမှု ပေးနိုင်တဲ့တရား ဖြစ်ပါတယ်။ ဒီတော့ … အခုအခါ  မှာ စာဖတ်သူအတွက် အရေးကြီးဆုံး အရာက ခရစ်စမတ််အဓိပ်္ပါယ်အနှစ်သာရကိုဘ၀မှာ ဖေါ်ဆောင်နိုင်ဖို့ပဲ ဖြစ်ပါတယ်။

စာဖတ်သူအနေနှင့် အချိန်အနည်းငယ်ပေးနိုင်မယ်ဆိုရင်၊ ဒီစာအုပ်လေးကို ခဏလောက်သေချာဖတ်ပြီး၊ ခရစ်စမတ််ရဲ့အနှစ်သာရ ဟာဘာပါလိမ့်ဆိုတာ ခဏလောက်ဆင်ခြင်နှလုံးသွင်းလိုက်ပါ။ စာဖတ်သူ ဘ၀မှာ အမြင့်မြတ်ဆုံးလက်ဆောင်ဖြစ်တဲ့ ခရစ်စမတ််လက်ဆောင်၊ ပျော်ရွှင် မှုကို ခံစားရရှိမှာဖြစ်ပါတယ်။ အဲဒီလက်ဆောင်က၊ ခရစ်စမတ််လက်ဆောင် အဖြစ် ဘုရားသခင်က စာဖတ်သူအားပေးတဲ့လက်ဆောင်ဖြစ်ပါတယ်။

စာဖတ်သူကို ဘုရားပေးတဲ့ခရစ်စမတ််လက်ဆောင်မှာ ထူးခြားတဲ့ ဂုဏ်လက်္ခဏာသုံးရပ်ရှိပါတယ်။ ပထမအရည်အသွေးက၊ သူရဲ့အတုမရှိ၊ တန်ဖိုးအမြင့်ဆုံးဆုလက်ဆောင်ဖြစ်ခြင်းပါ။ အခမဲ့ပေးလိုက်ပါတယ်။ ယေရှုကသူ့အသက်နှင့်လဲပြီး စာဖတ်သူကိုပေးတာ။ ဒုတိယအရည်အသွေး က ထာ၀ရတည်မြဲမယ့်လက်ဆောင်ဖြစ်ခြင်းပါ။ နောက်ဆုံးကတော့ လက်တွေ့အသုံးချရှင်သန်ပေးရမယ့်လက်ဆောင် ဖြစ်ပါတယ်။ အဲဒီ လက်ဆောင်ကိုရယူပြီးနောက်ပိုင်း နေ့စဉ်အသက်တာမှာ အဲဒီလက်ဆောင် နှင့်အတူ အသက်ရှင်ရတော့မှာ ဖြစ်ပါတယ်။ စာဖတ်သူ စိတ်၀င်စားပါ သလား။

စာဖတ်သူအနေနှင့် ဒီစာအုပ်ကိုဖတ်ခွင့်ရတာဟာ ကြုံကြိုက်လို့ မတော်တဆဖတ်ခွင့်ရတာ မဟုတ်ရပါ။ စာဖတ်သူမမွေးဖွားခင်ကတည်း က မွေဖွားလာဖို့အကြောင်း ဘုရားသခင်က ပြင်ဆင်ထားပြီးသားဖြစ်ပါ တယ်။ မမွေးခင်ကတည်းက၊ ဒီနေ့အတွက် ဘုရားက ကြိုတင်ပြင်ဆင်ပေး သားပါ။ စာဖတ်သူမွေးဖွားလာပြီးနောက် … ဒီကနေ့အထိ ရှင်သန်လာခဲ့ တာဟာလည်း … ဘုရားသခင်ပေးတဲ့ အဲဒီခရစ်စမတ််လက်ဆောင်ကို ခံယူ လာဖို့ ပြင်ဆင်လာခဲ့တာလည်းဖြစ်ကောင်းဖြစ်နေမှာပါ။

ခရစ်စမတ်အကြောင်းပြောရင်း ကမ္ဘာ့ပထမဆုံး ခရစ်စမတ်ပွဲဖြစ်တဲ့ ညမှာ ခရစ်စမတ်ရဲ့ရည်ရွယ်ချက်၊ အနှစ်သာရသုံးခုအကြောင်းကို ကောင်းကင်တမန်တွေက ဒီလိုမိန့်မြွတ်သီဆိုခဲ့ပါတယ်။

 

Christmas is a time for celebration!

ခရစ်စမတ်ချိန်ခါဟာ …

ပျော်ရွှင်ဆင်နွှဲရမယ့်အချိန်အခါဖြစ်ပါတယ်။

 

Christmas is a time for Salvation.

ခရစ်စမတ်ဟာ ကယ်တင်ခြင်းရရှိဖို့ အချိန်ကာလဖြစ်တယ်။

 

Christmas is a time for reconciliation!

ခရစ်စမတ်ဟာ ပြန်လည်သင့်မြတ်ဖို့အချိန်ခါဖြစ်တယ်။

Author
Thang No
Join the discussion

Further reading

The Purpose of Christmas

ယုံကြည်ခြင်းအားဖြင့်

ရောမသြဝါဒစာ ၄း၅ မှာ ‘‘မတရားသောသူ၏ အပြစ်ကိုဖြေ သောသူကိုယုံကြည်လျှင်၊ သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်လျက်ရှိ၏။’’ လို့ရေးထားပါတယ်။...

The Purpose of Christmas

ကျေးဇူးတော်အားဖြင့်

ကျေးဇူးတော်ဆိုတာ ဘာပါလိမ့်။ မေးစရာ ရှိပါတယ်။ ဟုတ်ပါတယ်။ ကျေးဇူးတော်ဆိုတာကတော့ ဘုရားရဲ့ မေတ္တာ လက်တွေ့ပြတဲ့ ဘုရားရဲ့ပြုမူချက်ပါ။ ကျေးဇူးတော်ဆိုတာ...

The Purpose of Christmas

ကျေးဇူးတော်အားဖြင့် သင့်အားကယ်တင်ဖို့ ယေရှု ကြွလာ

ကျွန်တော်တို့နေ့စဉ်အသက်ရှင်သန်မှုတိုင်းမှာ ကျောင်းတက်တဲ့ အခါမှာဖြစ်ဖြစ်၊ ကစားတဲ့အခါမှာဖြစ်စေ၊ အလုပ်လုပ်တဲ့နေရာမှာဆိုရင်၊...

The Purpose of Christmas

အဓိပ္ပါယ်ပြည့်ဝသောအသက်တာပိုင်ဆိုင်ဖို့ သင့်အားကယ်တင်ရန် ခရစ်တော်ကြွဆင်း၍လာ

ဘဝမှာ တခါတလေ မေးခွန်းများစွာရင်ဆိုင်ကြုံတွေ့ရပေမယ့် ကျွန်တော်တို့ တစ်ယောက်ချင်းစီရင်ဆိုင်ရတဲ့ မေးခွန်း (၃) ခုရှိပါတယ်။ ပထမမေးခွန်းက...

The Purpose of Christmas

အပြစ်မှ ကယ်တင်ဖို့ ယေရှုကြွလာတယ်။

စာဖတ်သူရဲ့ဘဝမှာ … ခင်ဗျား ကိုယ်၌က ပြဿနာရဲ့အရင်း အမြစ်ဖြစ်တယ်လို့ ပြောပါရစေ။ ခင်ဗျားဘဝမှာ တခြားသူတွေက ပြဿနာတွေ ဖြစ်စေပါလိမ့်မယ်။ ဒါပေမယ့်...

Instagram feed @newdreammedia

Instagram has returned empty data. Please authorize your Instagram account in the plugin settings .