The Purpose of Christmas

ဘုရားသခင်ဟာ သင်နှင့်အတူရှိနေသောကြောင့် ခရစ္စမတ်ပွဲတော် ဆင်နွှဲသင့်တယ်

ဒီစာအုပ်ရှေ့ပိုင်းမှာ ကျွန်တော်ပြောခဲ့သလိုပါပဲ၊ လူတော်တော် များများက ခရစ်စမတ်ချိန်ခါမှာ အထီးကျန်မှုတွေခံစားကြပါတယ်။ စာဖတ် သူကိုယ်တိုင်၊ ဒီအချိန်မှာ ဘုရားသခင်က ခင်ဗျားနှင့်အတူရှိမနေဘူးလို့ ခံစားကောင်းခံစားနေမှာပါ။ ဒါပေမယ့် အဲသလိုခင်ဗျားခံစားတဲ့အပေါ် ခင်ဗျားဘဝမှာ ဘုရားသခင်အတူရှိနေခြင်း၊ မရှိခြင်းနှင့် တိုက်ရိုက်မသက် ဆိုင်ပါ။ ခင်ဗျားရဲ့စိတ်ခံစားမှုဆိုတာာ ခင်ဗျားကို လွမ်းမိုးတဲ့အရာတွေ အပေါ်မူတည်ပြီး ရှိတတ်ပါတယ်။ ဒီတော့ခံစားချက်တွေဆိုတာ တရားသေ ယုံကြည်စိတ်ချလို့မရနိုင်ပါ။ တခါတလေ စာဖတ်သူဘဝမှာ “မင်းခံစား သလိုလုပ်ပစ်လိုက်ဆိုတဲ့ အဆိုးရွားဆုံးအကြံပြုချက်တွေ ရရှိတတ်ပါလိမ့် မယ်။ တကယ်တော့ အဲသလို ကျွန်တော်တို့ခံစားလေ့ရှိတဲ့အရာတွေဟာ အမြဲတမ်းမမှန်ကန်သလို၊အမြဲလည်းမှားတယ်ဆိုတာမရှိပါဘူး။ ကျွန်တော် တို့ဘဝမှာ အမှတ်ရစရာတွေ၊ ဆေးဝါးမှီဝဲတဲ့အရာတွေရယ်၊ ခန်္ဓာကိုယ် ဖွဲ့စည်းမှု၊ စားတဲ့အစာ၊ အိပ်ရေးပျက်ခြင်း၊ ဖိအားခံနေရခြင်း သို့မဟုတ် ကြောက်ရွံ့မှုတွေ စသည်တွေအပေါ်မူတည်ပြီး စိတ်ခံစားမှုတွေဖြစ်လာ တတ်ပါတယ်။ စာရေးသူကျွန်တော့်ဘဝမှာ စိုးရိမ်စရာတွေကြုံလာပြီဆိုရင် ကိုယ့်ကိုယ်ကို အမြဲသတိပေးတဲ့စကားတစ်လုံးရှိပါတယ်။ အဲဒါက FEAR ကြောက်ရွံ့မှုဖြစ်ပါတယ်။ ကြောက်ရွံ့လို့ ကျွန်တော်ဒီလိုစိုးရိမ်ရတာ၊ ဒီတော့ အဲဒီကြောက်ရွံ့တယ်ဆိုတဲ့ အင်္ဂလိပ်ဝေါဟာရကို ကျွန်တော်ဒီလို ဖွင့်ဆိုလိုက်တယ်။

            FEAR, F = False မှားယွင်းသော၊ = Evidence  သက်သေခံ ချက်၊ A = Appearing  = လက္ခဏာရှိသည်။R = Real  အမှန်၊ အစစ်

ဒီတော့ ကြောက်ရွံ့ခြင်းဆိုတာဟာ မှားယွင်းတဲ့အရာတွေက စစ်မှန်သော လက်္ခဏာဆောင်လာသောအတွက်ကြောင့် ခံစားရတဲ့ကြောက်ရွံ့မှုရယ်။

ဘုရားသခင်ဟာ ခင်ဗျားနှင့်အတူရှိနေတယ်ဆိုတာကိုပြဖို့ ခရစ်စမတ်နေ့မှာ လောကကိုကြွလာခဲ့ပါတယ်။ ခင်ဗျား ဘယ်နေရာ၊ ဘယ် ဘဝမှာရှိရှိပါ။ အဲသလို၊ ဘုရားသခင်ဟာ ခင်ဗျားနဲ့အတူရှိတယ်လို့ ခင်ဗျား ခံစားသည်ဖြစ်စေ၊ မခံစားသည်ဖြစ်စေ၊ သူဟာခင်ဗျားနှင့်အတူ ရှိနေတော် မူတာကတော့ အမှန်တရားပဲဖြစ်ပါတယ်။ ကျမ်းစာထဲမှာ ဒီလိုဖေါ်ပြထား တယ်။

“ဝိညာဉ်တော်နှင့်လွတ်ခြင်းအလို့ငှါ အဘယ်အရပ်သို့ သွားနိုင်ပါမည်နည်း။ မျက်နှာတော်နှင့်လွတ်ခြင်း အလို့ငှါ အဘယ်အရပ်သို့ ပြောနိုင်ပါမည်နည်း။” ဆာလံ ၁၃၉း၇

ဒါပေမယ့် စာဖတ်သူဘက်က ဘုရားသခင်နှင့် အဲသလို အမြဲ ထိတွေ့၊ ရင်းနှီးကျွမ်းဝင်နိုင်ဖို့ရန် စာဖတ်သူဘက်က ဘုရားနှင့်အမြဲ ဆက်ဆံရပါမယ်။ အချိန်တိုင်းလုပ်ဆောင်ရပါမယ်။ လေ့လာယူနိုင်တဲ့ ပညာရပ်လည်းဖြစ်ပါတယ်။ အဲဒီအကြောင်းကို ကျွန်တော်ရေးခဲ့တဲ့ (The Purpose Driven Life) စာအုပ်ထဲမှာ သေချာရေးထားပါတယ်။ ပြောထား ပါတယ်။

စာဖတ်သူပတ်ဝန်းကျင်မှာ မြင်တွေ့ရတဲ့ ကလေးငယ်တွေမှာ အမည်အရှည်ကြီးပေးလေ့ရှိတာ တွေ့ဘူးမှာပါ။ အဲဒီနာမည်တွေမှာ အဓိပ္ပါယ်ကိုယ်စီနှင့်ရှိနေပါတယ်။ အဲသလိုပဲ၊ ယေရှုကိုလည်း နာမည် အမျိုးမျိုးပေးဖို့ဘုရားသခင်ကမိန့်မှာခဲ့ပါတယ်။ အဲသလိုနာမည်အများကြီး  ပေးရတဲ့အကြောင်းက၊ ယေရှုလောကကို ကြွလာရတဲ့အကြောင်းရင်းနှင့် အဓိပ္ပါယ်ကိုဖေါ်ပြဖို့ဖြစ်ပါတယ်။ ယေရှုရဲ့နာမည်အများကြီးထဲက တစ်ခုက ဧမာနွေလပါ။ အဓိပ္ပါယ်က “ကျွန်ုပ်တို့နှင့်အတူရှိနေသောဘုရား” ဗျ။ အဲဒါကြောင့် ကောင်းကင်တမန်တွေက သိုးထိန်းတွေကို ပြောလိုက်တာ “ကြောက်ရွံ့ခြင်းမရှိကြနဲ့” ဆိုတာအဆန်းတော့မဟုတ်၊ ဘုရားသခင်က ကျွန်ုပ်တို့နှင့်အတူရှိနေမှတော့ ဘာကြောက်ရွံ့စရာရှိဦးမှာလဲ။ ဘုရားသခင် က ကျွန်ုပ်တို့အနီးမှာရှိနေတဲ့အခါမှာ ကြောက်ရွံ့မှုတွေပျောက်သွားတယ်။

စာဖတ်သူဘဝမှာ ကိုယ်နှင့်သက်ဆိုင်သောသူ၊ ဇနီး၊ မယား၊ သားသမီး အခင်ဆုံးသူငယ်ချင်းတွေက စွန့်ပယ်သွားပြီဟု ခံစားကောင်း ခံစားမိပါလိမ့်မယ်။ လူတိုင်းလူတိုင်းကတော့ တစ်နည်းမဟုတ်၊ တစ်နည်း နည်းနှင့်တော့ ဒီလိုမျိုးငြင်းပယ်မှု ဒဏ်ရာတွေခံစားကြတာပါ။ အဲသလို မဟုတ်ဘဲ၊ လူမျိုးရေးဘက်လိုက်မှုတွေ အမျိုးသား၊ အမျိုးသမီးခွဲခြားမှု၊ အယူသည်းခြင်း၊ ဘာသာရေးဆိုင်ရာပဋိပက္ခတွေ ကြုံကောင်းကြုံနေရပါ လိမ့်မယ်။ အဲသလိုဖြစ်နေရင်တော့ စာဖတ်သူအတွက် ကျွန်တော် စိတ်မကောင်းဖြစ်မိပါတယ်။ ဒါပေမယ့် ဘုရားသခင်ကတော့ ခင်ဗျားကို ပစ်မထားပါဘူး။ စွန့်ခွါမသွားဘူးဗျ။ ဘယ်တော့မှလည်း ပစ်ထားမှာ မဟုတ်ဘူး။ ကျမ်းစာထဲမှာ ဒီလိုရေးထားတယ်ဗျ။

“ငါသည် သင့်ကိုမစွန့်၊ သင့်ကိုအလျှင်းပစ်၍မထား” ဟု ဂတိတော်ရှိ၏။ ဟေဗြဲသြဝါဒစာ ၁၃း၅

ကျမ်းစာထဲမှာ ဘုရားသခင်ရဲ့ဂတိတော်တွေအများကြီးထဲက အရေးကြီးတဲ့ ဂတိတော်တွေထဲက တစ်ခုမှာ ဒီလိုပြောထားတာလည်း ရှိပါတယ်။
“သည်သည် ရေကိုလျှောက်သွားသောအခါ၊ သင်နှင့် အတူငါရှိ၏။ မြစ်တို့ကို လျှောက်သွားသောအခါ၊ မနစ်မမွန်းရ။ မီးကို ချင်းနင်းသောအခါလည်း မလောင်ရ၊ မီးလျံလည်းမညိရ” ဟေရှာယအနာဂတ်္ထိကျမ်း ၄၃း၂

စာဖတ်သူဟာလည်း ခုချိန်မှာ ဘယ်လိုခက်ခဲမှုတွေ၊ စိတ်နစ်မွန်း မှုတွေခံစားရသလဲဆိုတာ ကျွန်တော်မသိပေမယ့်။ ကျွန်တော်သိတဲ့အရာ တစ်ခုတော့ရှိပါတယ်။ အဲဒါကတော့ ဘုရားသခင်ဟာ ခင်ဗျားကို ချစ်တယ်။ ဂရုစိုက်တယ်။ ခင်ဗျားရဲ့ခက်ခဲမှုကို သူသိတယ်ဆိုတာပါ။ ခင်ဗျားတစ်ယောက်တည်း အထီးကျန်ခံစားတာမဟုတ်ပါဘူး။ ဒီတော့ … အဲဒီအကြောင်းကိုသိတဲ့အခါမှာ … ဘုရားသခင်ပေးတဲ့သတင်းကောင်းရဲ့ တတိယသွင်ပြင်ကို ပို့ဆောင်ပေးပါတယ်။

ဘုရားသခင်သည် သင့်အဖို့ ဖွားမြင်သည် ဖြစ်သောကြောင့် ခရစ်္စမတ်ဟာ ဆင်နွှဲရမယ့် အချိန်အခါ ဖြစ်ပါတယ်။

သမ္မာကျမ်းစာထဲမှာ သုံးလေ့ရှိတဲ့စကားတစ်ခုက For you! “သင့်အတွက်” ဆိုတဲ့စကားပါ။ ဥပမာ … သခင်ယေရှုက လူတွေနှင့်တွေ့ တဲ့အခါမှာ၊ သူမမေးတဲ့စကားလုံးက “သင်တို့၌ အဘယ်သို့ပြုစေလို သနည်း”” ဆိုတဲ့စကားပဲဖြစ်ပါတယ်။ တစ်နည်းပြောရရင်တော့ “သင့် အတွက် ဘာပြုစေလိုသလဲ”” ဆိုတဲ့သဘောပါ။ ယေရှုက ပွဲတော်မင်္ဂလာ ကို တည်တဲ့အခါမှာလည်း “ဤမုန့်ကား၊ သင်တို့အဖို့အလို့ငှါ ချိုးဖဲ့သော ငါ၏ကိုယ်ဖြစ်၏” လို့ ပြောခဲ့ပါတယ်။ “သင်တို့အဖို့” ဆိုတဲ့ စကားသုံးပါ တယ်။ ၁ ကောရိန္တု သြဝါဒစာ ၁၁း၂၄

ရောမ ၈း၃၁ မှာတော့ ရှင်ပေါလုက “ဘုရားသခင်သည် ငါတို့ ဘက်၌ ရှိတော်မူလျှင် အဘယ်သူသည် ငါတို့တဘက်၌ နေနိုင်မည်နည်း” လို့ ရေးသားခဲ့ပါတယ်။ ဒီတော့ စာဖတ်သူရဲ့ဘဝမှာ သူတပါးရဲ့တိုက်ခိုက် မှုတွေ ခံစားနေရင်၊ ကြုံနေရရင် ဘုရားသခင်ဟာ ခင်ဗျားနှင့်အတူရှိတယ် ဆိုတာသိဖို့ဟာ လိုအပ်လှတယ်။ ဒီ့အပြင် ဘုရားသခင်ဟာခင်ဗျားအတွက် ရှိနေတယ်ဆိုတာသိရရင်တော့ ပိုပြီးဝမ်းမြောက်စရာဖြစ်ပါတယ်။

တချို့လူတွေက ဘုရားသခင်ကို အဆိုးမြင်တဲ့လူတွေလည်း ရှိကြပါတယ်။ အဲဒီလူတွေက ဘုရားသခင်ဟာ သူတို့ကို ဆော့ကစား နေတယ်။ သူတို့ဘဝမှာ မှားယွင်းတဲ့အခါ၊ အားနည်းတဲ့အခါ အပြစ်စီရင် တယ်၊ အပြစ်တင်တယ်လို့ မြင်တတ်ကြပါတယ်။ တကယ်တော့ ဘုရား သခင်ဟာ အဲသလိုမဟုတ်ပါဘူး။ သူများကိုတရားစီရင်ပြီး ပျော်ရွှင်နေတဲ့ ဘုရားမဟုတ်ပါ။

ယေရမိအနာဂတ်္တိကျမ်း ၂၉း၁၁ မှာ “ငါသည် သင်တို့ကို အကျိုး နည်းစေခြင်းငှါ ကြံစည်သောအကြံမဟုတ်ဘဲ၊ သင်တို့သည်မျှော်လင့်သော အကျိုးကိုရမည့်အကြောင်း၊ ငြိမ်ဝပ်စေခြင်းငှါသာ၊ သင်တို့အဘို့ကြံစည် သောအကြံတို့ကို ငါသိ၏” လို့ မိန့်မှာခဲ့ပါတယ်။ အဲဒါဟာ ကျွန်တော် တို့အပေါ်ထားတဲ့ဘုရားသခင်ရဲ့ ကောင်းမြတ်တဲ့ကြံစည်မှုကို ဖေါ်ပြခြင်း ဖြစ်ပါတယ်။

တကယ်တော့ စာဖတ်သူရဲ့ဘဝမှာ … ဘုရားသခင်ထက် ဘယ်သူကမှ ခင်ဗျားကိုပိုမချစ်နိုင်ပါ။ ဘုရားသခင်ထက်သာ၍မြတ်တဲ့ အကြံဘယ်သူကမှ ခင်ဗျားအပေါ်မရှိပါ။ ခင်ဗျားပျော်ရွှင်နိုင်ဖို့ဘုရားသခင် ထက် ဘယ်သူမှမသိပါ။ ပြီးတော့ … သူ့ကို ကြောက်ရွံ့ဖို့ ဘုရားသခင်က ခင်ဗျားကိုအလိုမရှိပါဘူး။ သူ့ထံကနေမထွက်ခွာဘဲ၊ သူ့ဆီကိုပြေးဝင်လာဖို့ အလိုရှိတော်မူပါတယ်။ တကယ်တော့လေ၊ သမ္မာကျမ်းစာထဲမှာ “မကြောက်နဲ့” ဆိုတဲ့စကားလုံးက ၃၆၅ ကြိမ်ပါတာဗျ။ အဲဒီသဘော။ ဘုရားသခင်က တစ်ရက်တစ်ခါ “မကြောက်နဲ့” ဆိုပြီး အားပေးလာတာ။ တစ်နှစ်လုံးလုံးကို အားပေးတာပဲ။ တစ်နှစ်မှာလည်း ရက်ပေါင်း ၃၆၅ ရက် ရှိတာကိုး။ ဒီတော့ စာဖတ်သူ ဘာကြောက်နေသေးတာလဲ။ ကျွန်တော်တို့အားလုံးက နောက်နှစ်၊ နောက်ရက်ဘာဖြစ်မယ်ဆိုတာ မသိနိုင်ပါဘူး။ ဒါပေမယ့် သိနိုင်တာတစ်ခုတော့ ရှိပါတယ်။ အဲဒါကတော့ “ဘုရားသခင်က ကျွန်တော်တို့ကိုချစ်တယ်” ဆိုတာပါ။ “ဘုရားသခင်ဟာ ကျွန်တော်တို့နှင့်အတူ ရှိနေတယ်။ ကျွန်တော်တို့အတွက်ဖြစ်တယ်ဆိုတာ ကျွန်တော်တို့ သိနိုင်ပါတယ်။ ဘုရားပါရင် ဘယ်အရာမဆိုဟာ ကြီးမြတ် တဲ့အရာဖြစ်လာတာပါပဲ။
ဒီတော့ စာဖတ်သူသေချာစဉ်းစားပါ။ ကျွန်တော်တို့ ကြောက်ရွံ့ နေရတာတွေ ဘယ်ကလာသလဲဆိုတာ သေချာစမ်းစစ်ပါ။ အခြေခံအား ဖြင့်တော့ အရင်းအမြစ်နှစ်ခုရှိပါတယ်။ ပထမက ကျွန်တော်တို့ရဲ့ သြသပ စိတ်၊ မကြည်လင်၊ ကြောက်ရွံ့နေမှုရယ်နှင့်၊ ဒုတိယကတော့ ဘုရားသခင် ဟာ ဘာဖြစ်တယ်ဆိုတာကို မေ့ပျောက်ခြင်းကြောင့်ရယ် ဖြစ်ပါတယ်။

၁ယော ၄း၁၈ မှာတော့
“ချစ်ခြင်းမေတ္တာသည် ကြောက်ရွံ့ခြင်းသံဝေဂနှင့်မပေါင်းနိုင်ရာ။ သံဝေဂသည် ပူပန်ခြင်းဝေဒနာကိုဖြစ်စေသောကြောင့်၊ စုံလင်သော မေတ္တာ သည် သံဝေဂကို ဖယ်ရှားတတ်၏။ သံဝေဂရှိသောသူသည် မေတ္တာနှင့် မပြည့်စုံသေး” လို့ ရေးထားပါတယ်။ ဒီကျမ်းပိုဒ်မှာတွေ့ရတာက သံဝေဂ က ကျွန်တော်တို့ကို မလုံခြုံ၊ စိုးရိမ်စေတယ်ဆိုတာပဲဖြစ်ပါတယ်။

စာဖတ်သူအနေနှင့် တချို့သောလူတွေဟာ ဘုရားသခင် သို့မဟုတ် ယေရှုရဲ့အကြောင်းကိုပြောတာနှင့် ဒေါသထွက်တာ၊ စိတ်တို တာတွေမြင်ဘူးပါသလား။ စာရေးသူကျွန်တော်ကတော့ ကြုံဘူးတယ်ဗျ။ သူတို့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးက တင်းမာပြီးရန်လိုစိတ်၊ တိုက်ခိုက်ဖို့တွေနှင့် တုံ့ပြန်ကြတယ်။ စာဖတ်သူကိုယ်တိုင် အဲသလိုဖြစ်ခဲ့ဖူးကောင်း ဖြစ်ခဲ့ပါ လိမ့်မယ်။ အဲဒါဘာကြောင့်လဲဆိုတော့ မသိတာလည်းဖြစ်ရင်ဖြစ်မယ်။ အဲဒါကတော့ ဒီလိုပါ။ ကျွန်တော်တို့ရဲ့ သွေးပြန်ကြောတွေကနေ ကျောက်ကပ်ကို လှုပ်ရှားစေလာတဲ့အတွက် ခန္ဓာကိုယ်က တင်းမာနေခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ လူသားတွေက လျှို့ဝှက်ချက်တွေကိုယ်စီနှင့် သွားလာနေကြတယ်။ အမှားလုပ်ခဲ့တာတွေကို ကွယ်ဝှက်ထားကြတယ်။ သူများအပေါ်ပြုမူ၊ ဆက်ဆံသွားတာတွေအတွက် အရှက်ရကြတယ်။ အဲသလိုဖြစ်နေတဲ့အခါမှာ ဘုရားသခင်ဟာ ကျွန်တော်တို့ကို ပြစ်ဒဏ်ပေး မယ်။ ကျွန်ုပ်တို့အပေါ် စိတ်ဆိုးနေတယ်ဆိုတာသိတဲ့အခါမှာတော့ သူ့ အကြောင်း၊ ဘုရားအကြောင်းသာ ပြောနေကြပေမယ့် ကျွန်တော်တို့ရဲ့ ခံစားမှုတွေကို ကွယ်ဝှက်နေချင်တုန်းဖြစ်ပါတယ်။

တကယ်တမ်းကျတော့ ဘုရားသခင်ဟာ စာဖတ်သူအပေါ် စိတ်ဆိုးတယ်ဆိုတာမရှိပါ။ ခင်ဗျားအတွက်ကြောင့်တော့ စိတ်ဆိုးပါတယ်။ ဒီတော့ ကျမ်းစာထဲမှာ ယေရှုကဒီလိုမိန့်မှာခဲ့ပါတယ်။
ယော ၃း၁၇ မှာ “လောကီသားတို့အား အပြစ်စီရင်ခြင်းငှါ ဘုရားသခင်သည် သားတော်ကို ဤလောကသို့ စေလွှတ်တော် မူသည်မဟုတ်။ လောကီသားတို့သည် ကိုယ်တော်အားဖြင့် ကယ်တင်ခြင်းသို့ ရောက်မည့်အကြောင်း စေလွတ်တော်မူ၏”

စာဖတ်သူသာ ခရစ်တော်ရဲ့ သက်တော်စဉ်ကို ဖတ်ရှုလေ့လာ ခဲဘူးမယ်ဆိုရင်၊ ခင်ဗျားအမှားလုပ်ခဲ့မိတဲ့အခါမှာ ယေရှုကပြစ်တင်ပြောဆို တယ်ဆိုတာတွေ့ရမှာမဟုတ်ပါဘူး။ ယေရှုက အမှားတွေကို ခွင့်လွတ် လိုက်ပါတယ်။ ခရစ်တော်ဟာ ခင်ဗျားရဲ့အပြစ်အားလုံးကို ဖျက်ပစ်လို့ လောကကို ကြွလာခဲ့တာပါ။ ခင်ဗျားရဲ့အမှားများ၊ ကျရှုံးမှုများနှင့် သံဝေဂ တရားအတွက် လောကကို ကြွလာတာပါ။ အဲဒါကြောင့် သခင်ယေရှု မွေးဖွားလာတဲ့အချိန်မှာ ကောင်းကင်တမန်တွေက သိုးထိန်းတွေဆီ ကြွေးကြော်ပြောဆိုတဲ့ ပထမဆုံးစကားလုံးက ““မကြောက်နဲ့”” လို့ ပြောခြင်း ဖြစ်ပါတယ်။ ဟုတ်ပါ၏။ ယေရှုဟာ ကျွန်တော်တို့ကို ကယ်တင်ဖို့ လောကကို ကြွလာခဲ့တယ်။ ကျွန်တော်တို့ကို ထိတ်လန့်စေဖို့မဟုတ်ပါ။ အဲဒါကြောင့် ခရစ္စမတ်ဟာ ဆင်နွှဲကျင်းပသင့်တဲ့ရက်မြတ် ဖြစ်လို့ လာတယ်။

Author
Thang No
Join the discussion

Further reading

The Purpose of Christmas

ယုံကြည်ခြင်းအားဖြင့်

ရောမသြဝါဒစာ ၄း၅ မှာ ‘‘မတရားသောသူ၏ အပြစ်ကိုဖြေ သောသူကိုယုံကြည်လျှင်၊ သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်လျက်ရှိ၏။’’ လို့ရေးထားပါတယ်။...

The Purpose of Christmas

ကျေးဇူးတော်အားဖြင့်

ကျေးဇူးတော်ဆိုတာ ဘာပါလိမ့်။ မေးစရာ ရှိပါတယ်။ ဟုတ်ပါတယ်။ ကျေးဇူးတော်ဆိုတာကတော့ ဘုရားရဲ့ မေတ္တာ လက်တွေ့ပြတဲ့ ဘုရားရဲ့ပြုမူချက်ပါ။ ကျေးဇူးတော်ဆိုတာ...

The Purpose of Christmas

ကျေးဇူးတော်အားဖြင့် သင့်အားကယ်တင်ဖို့ ယေရှု ကြွလာ

ကျွန်တော်တို့နေ့စဉ်အသက်ရှင်သန်မှုတိုင်းမှာ ကျောင်းတက်တဲ့ အခါမှာဖြစ်ဖြစ်၊ ကစားတဲ့အခါမှာဖြစ်စေ၊ အလုပ်လုပ်တဲ့နေရာမှာဆိုရင်၊...

The Purpose of Christmas

အဓိပ္ပါယ်ပြည့်ဝသောအသက်တာပိုင်ဆိုင်ဖို့ သင့်အားကယ်တင်ရန် ခရစ်တော်ကြွဆင်း၍လာ

ဘဝမှာ တခါတလေ မေးခွန်းများစွာရင်ဆိုင်ကြုံတွေ့ရပေမယ့် ကျွန်တော်တို့ တစ်ယောက်ချင်းစီရင်ဆိုင်ရတဲ့ မေးခွန်း (၃) ခုရှိပါတယ်။ ပထမမေးခွန်းက...

The Purpose of Christmas

အပြစ်မှ ကယ်တင်ဖို့ ယေရှုကြွလာတယ်။

စာဖတ်သူရဲ့ဘဝမှာ … ခင်ဗျား ကိုယ်၌က ပြဿနာရဲ့အရင်း အမြစ်ဖြစ်တယ်လို့ ပြောပါရစေ။ ခင်ဗျားဘဝမှာ တခြားသူတွေက ပြဿနာတွေ ဖြစ်စေပါလိမ့်မယ်။ ဒါပေမယ့်...

Instagram feed @newdreammedia

Instagram has returned empty data. Please authorize your Instagram account in the plugin settings .