အခန်း(၁)
လက်ထပ်ခြင်း (သို့) အနက်ရှိုင်းဆုံးပေါင်းသင်းဆက်ဆံမှု။
သူမ…။
သူမကို စတင်တွေ့ခဲ့တဲ့နေ့ကို “ဂျက်’မေ့နိုင်တော့မည်မဟုတ်။ “ဂျက်”သည် တက္ကသိုလ်ဘော်လုံးပွဲအပြီးမှာ သူမကိုတွေ့ခဲ့သည်။
သူမကိုမြင်မြင်ချင်း ရင်ခုန်နေသလိုခံစားရသည်။ သူမကိုကြည့်ရ သည်မှာ “ဂျက်” မြင်ခဲဖူးသမျှ အမျိုးသမီးများထက် ပို၍လှပ ချောမောနေသည်။
သူမရဲ့ နာမည်က “အိုင်’ဖြစ်သည်။ “ဂျက်အနေဖြင့် သူမနှင့်စကား ပြောချင်စိတ်ရှိသော်လည်း သူ၏ အားကစား ဝတ်စုံကို မချွတ်သေး၍ ညစ်ပတ်နေသောကြောင့် အနားသို့မကပ်ရဲခဲ့။
သို့သော်လည်း ထိုနေ့၊ ထိုအချိန်မှစ၍ သူမနှင့်ထာဝစဉ်လက်တွဲ ပြီး နီးကပ်နေချင်သည့်ဆန္ဒတစ်ခုသည် “ဂျက်”၏နှလုံးသားတွင် သန္ဓေတည်လာ၏။
အချိန်ကာလတို့ ရွေ့လျားသည်နှင့်အတူ ‘အိုင်”နှင့်“ဂျက်”တို့ချစ် သူများဖြစ်သွားကြသည်။ ထိုစဉ်က’ဂျက်’ အနေဖြင့် “အိုင်ပီ’ ၏အချစ်ကို သံသ ယများရှိနေသေးသည်။ သို့သော် “ဂျက်”သံသယဝင်သကဲ့သို့မဟုတ်ဘဲ “အင်” အနေနှင့် သူ့ကိုအလွန်ချစ်ကြောင်း တဖြည်းဖြည်းခံစားသိရှိလာရသည်။ ။
“ဂျက်’သည် ဒေါသကြီးတတ်သူတစ်ယောက်ဖြစ်သည်။ သူငယ် ချင်းများကပင်လျှင် ဒေါသထွက်မည်ကိုကြောက်ရွံ့ကြသည်။ သို့သော် “အိုင်ဗီ” နှင့်ပတ်သက်လာလျှင်မူကား ပြောင်းပြန်ဖြစ်သွားသည်။ အလွန်ယဉ်ကျေးသိမ်မွေ့သော ဓလေ့စရိုက်များကိုပိုင် ဆိုင်နေသော “ဂျက်” ဖြစ်သွားပြန်သည်။
သူတို့၏ချစ်သက်တမ်းသည် တစ်နှစ်ဟူသောကာလကိုဖြတ်သန်း ခဲ့ပြီးသောအခါ “အိုင်’မပါလျှင် ဘဝသည်မပြည့်စုံဟု ‘ဂျ က်ခံစားလာသည်။
တစ်ညနေ။
သူတို့နှစ်ဦး အတူတူလမ်းလျှောက်ထွက်စဉ် “ဂျက်က“ကိုယ်တို့နှစ်ယောက် တစ်ခုခုလုပ်သင့်ပြီ ထင်တယ်”ဟု ပြော လိုက်သည်။ “အိုင်’က သူမ၏လှပရွန်းစိုသော နှုတ်ခမ်းလေးပြုံးရင်း –
“တစ်ခုခုဆိုတာ ဘာကိုပြောတာလဲဟင်”ဟု မေးခွန်းပြန်ထုတ် လိုက်သည်။ တကယ်တော့ ‘ဂျက်’ဆိုလိုသည့် အဓိပ္ပါယ်ကို “အိုင်’သိပါသည်။ ။ “ဂျက်’နှုတ်မှထွက်လာမည့်စကားကို တမင်စောင့်ကာ မသိသကဲ့သို့ ပြန်မေး လိုက်ခြင်း ဖြစ်သည်။ “ကိုယ်တို့ ဘဝတစ်ခုကိုတည်ဆောက်ကြဖို့အတွက် လက်ထပ် လိုက်ကြရအောင်လေ”ဟု ဖွင့်ပြောလိုက်တော့သည်။
သူတို့လက်ထပ်ဖြစ်ခဲ့သည်မှာ ခြောက်လတည်းဟူသော အချိန်ကာ လတို့ကို ကျော်ဖြတ်ခဲ့ပြီးဖြစ်သည်။ ‘ဂျက်’လည်းဘွဲ့ရပြီ လုပ်ငန်းခွင်သို့ ဝင်နေပြီဖြစ်သည်။ သူ၏ရုံးနှင့်မဝေးသောနေရာလေးတွင် သူတို့ဇနီးမောင်နှံ သည် ပျော်ပျော်ရွှင်ရွှင်ဖြင့် ဘဝကိုတည် ဆောက်နေကြသည်။
တနင်္ဂနွေနေ့တိုင်း လက်ချင်းတွဲလျှက်၊ လမ်းတစ်လျှောက်တွင်တွေ့ ရသည့် စိမ်းလန်းသောရှုခင်းများ၊ သာယာသောကျေးငှက်တို့၏ တေးသံများ ကိုခံစားရင်း ဘုရားကျောင်းကို ပုံမှန်တက်ဖြစ်ကြသည်။ သူတို့၏ ရင်တွင်းမှ ချစ်ခြင်းတရားသည်လည်း ခိုင်မြဲ နွေးထွေးနေဆဲဖြစ်သည်။ အစစအရာရာ ကွဲလွဲနေသော သဘောထား များကိုလည်း သူတို့တွင်မတွေ့ရကြ။
သို့သော် အိမ်ထောင်သက်လေးတစ်ဖြည်းဖြည်းရင့်လာသည်နှင့် အမျှ ကွဲလွဲသော သဘောထားများသည်လည်း တွယ်ငြိလာသည်။
“ဒီနေ့ ဘာဟင်းချက်ရမလဲ” “ဘာသီချင်းနားထောင်မလဲ”စ သည့် အသေးအမွှားကိစ္စများမှအစ သဘောထားများ ကွဲပြားလာသည်။ အစတွင် ထိုသို့သဘောကွဲလွဲမှု၊ ငြင်းခုံမှုများကို ပျော်ရွှင်စရာဟု ထင်ခဲ့မိကြသော်လည်း၊ ကြာညောင်းလာသည်နှင့်အမျှ အိမ်ထောင်ရေးတွင် ပျော်ရွှင်မှုများ ကွယ်ပျောက်လွင့်ပါးလာရသည်။ တစ်ဦးစီတွင် အဖွဲ့သဘောနှင့် ခေါင်းမာမှု များရှိတတ်လာသ ည်။ အသေးအမွှားပြဿနာများသည်လည်း တဖြည်းဖြည်း ကြီးမား လာသည်။
တစ်ည။ သူတို့ အကြီးအကျယ်စကားများပြီး “ဂျက်”တစ်ယောက် အိမ်မှ အပြင်သို့ထွက်သွားသည်။
သ၏ မိတ်ဆွေအပေါင်းအသင်းများထံသို့ သွား၍ ဘီယာသောက် ဖြစ်သည်။ ထိုညတွင် အိမ်ပြန်နောက်ကျ သွားသည်။ သို့တိုင်အောင် “ဂျက်’ အိမ်ပြန်လာသည်အထိ “အိုင်”ကစောင့်နေသည်။
‘ဂျက်’အိမ်သို့ရောက်သော် ‘အိုင်စောင့်နေသည်ကို တွေ့သော်လည်း သူမ၏မျက်နှာသည် အရင်နှင့်မတူ၊ ညှိုးနွမ်းနေသည်ကို သတိပြု မိသည်။ “အိုင်ဗီ’က ဝမ်းနည်းသောအသံနှင့်
“ဒီနေ့၊ ရှင်ကျွန်မကို ဘယ်လိုလုပ်လိုက်တာလဲ”
” ဒီမှာ၊ အိုင်ဗိ။ ငါဘာမှားနေလို့လဲ။ အခုငါသွားသောက်တာ ယောက်ျားလေးမိတ်ဆွေတွေနဲ့ သွားသောက်တာကွ။ မိန်းမတွေ နဲ့သွား သောက်တာမဟုတ်ဘူး”
ထိုအခါ“အိုင်ဗီ”က
“ရှင်ဟာ အိမ်ထောင်ရှင်တစ်ယောက် ဖြစ်နေပြီဆိုတာ သတိထားသင့်တာပေါ့။ ဘယ်အိမ်ထောင်ရှင်ကမှ သူ့မိန်းမကို တစ်ယောက်တည်းထား ခဲ့မှာမဟုတ်ဘူးရှင့်”ဟု ပြန်ပြီးချေပလိုက်သည်။
“ဘယ်သူမှ မထားရင်တောင်၊ ငါကထားတယ်ကွာ” “ဂျက်ကပြန်အော်သည်။ သို့နှင့် ထိုညတွင်သူတို့နှစ်ဦးငြင်းခုံကြ ရင်း ပြဿနာကပို၍ကြီးထွားသွားလေတော့သည်။ သူတို့နှစ်ဦး အချင်းချင်းစကားပြန်ပြောဖြစ်ဖို့ရန် အချိန်အတော် ယူလိုက်ရသည်။
အလုပ်လုပ်ပြီး သက်တမ်းတစ်နှစ်ပြည့်သည့်အချိန်တွင် ဂျက်”ကို ရာထူးကြီးကြီးနေရာသို့ တိုးမြှင့်ခန့်ထားခြင်း ခံရသည်။
“အင်း အခု ဝင်ငွေတွေလည်းပိုရလာပြီဆိုတော့ ‘အိုင်ဗီ”လည်း ငါ့ကို ရိုရိုသေသေဆက်ဆံတော့မှာပါ။ ငါတို့အိမ်ထောင်ရေးလည်း သာယာလာတော့မှာပါလေ”ဟု’ဂျက်”တွေးမိသည်။
သို့သော် ‘ဂျက်”၏အထင်ကား လွဲခဲ့ချေသည်။ သူတို့၏အိမ်ထောင် ရေးသည် နဂိုထက်ပို၍ ကျသထက်ကျဆင်း လာသည်။ နောက်ဆုံး မိဘများ အိမ်သို့ “အိုင်ဗီပြန်သွားသည်။
‘အိုင်’ နှင့်သူ၏ဇာတ်လမ်းကို မေ့ပျောက်နိုင်ရန် ‘ဂျက်” ကြိုးစား သည်။ “အိုင်ဗီ”ကိုမေ့နိုင်ဖို့ရန် သူဝါသနာပါရာ ဘော်လုံးကို ပြန်ကစားဖြစ်သည်။ ဘောလုံးကစားရင်း မမျှော်လင့်ဘဲ ‘အယ်လင်”ဆိုသောသူနှင့် မိတ်ဆွေဖြစ် သွားသည်။ ‘အယ်လင်”သည်လည်း ဘော်လုံးဝါသနာပါသူဖြစ်၍ အတူတူတွဲ ဖြစ်ကြသည်။ “ဂျက်’ အနေဖြင့် “အယ်လင်”ကိုနားမလည်နိုင်သောအချက်တစ် ချက်မှာ “အယ်လင်” နေ့တိုင်း ကျမ်းစာဖတ်သည့်အကြောင်း ဖြစ်သည်။
မည်သို့ဆိုစေ ‘ဂျက်’သည် ‘အယ်လင်”ကို အလွန်ပင်ခင်မင်လျက် ရှိသည်။ ထို့ကြောင့်လည်း သူနှင့်’ အိုင်’ အကြောင်းကို ” အယ်လင်’ အား ရင်ဖွင့်ဖြစ်သည်။
“အယ်လင်’က ထိုအကြောင်းနှင့်စပ်လျဉ်း၍
“မင်းသူ့ကို ချစ်ပြီး၊ သူနဲ့အတူတူနေထိုင်ဖို့ ဘုရားသခင်အလိုတော် ရှိတယ် ဂျက်” ဟု “ဂျက်” ကိုပြောသည်။
“ဂျက်”က ဒေါသတကြီးဖြင့်
“ဘုရားသခင်အနေနဲ့တော့ ပြောလို့ လွယ်တာပေါ့ကွ။ ဘာဖြစ်လို့လဲဆိုတော့ ဘုရားသခင်က “အိုင်’ နဲ့နေရမှာမှ မဟုတ်တာ်။
“အယ်လင်” ကလည်း မလျှော့။ “မင်းသူ့ကို အခုပဲဖုန်းဆက်လိုက်ပါ။ သူမင်းဆီကိုပြန်လာဖို့ တောင်း ပန်လိုက်ပါ”
“မင်းရူးနေလား”ဟု “ဂျက်”ကပြန်အော်လိုက်သည်။
“လာစမ်းပါ ဂျက်။ အခုချက်ချင်းဖုန်းဆက်လိုက်စမ်းပါကွာ”ဟု “အယ်လင်”ကတိုက်တွန်းသော်လည်း “ဂျက်’က ငြင်းဆန်နေ သေးသည်။
ထိုမှ နောက်တစ်ပတ်အကြာတွင် “ဂျက်”က “အိုင်ဗီ”ကိုဖုန်းဆက် သည်။ “အိုင်ဗီ”၏ချိုလွင်သောအသံနှင့် နွေးနွေးထွေးထွေး ကြိုဆိုတုန့်ပြန်မှု ကြောင့် “ဂျက်’အံ့သြသွားရသည်။
“ညီမ ပြန်လာပါ့မယ်။ တို့ပြန်ပြီး ကြိုးစားကြရအောင်ပေါ့။ အရာရာဟာ အကောင်းဆုံးဖြစ်လာမှာပါ မောင်ရယ်” ဟု “အိုင်ပီ’ က ပြောလိုက်သေးသည်။
“အိုင်’ ပြန်ရောက်လာတော့ အရာရာကောင်းမွန်လာသည်သာမက “အိုင်” ကိုယ်တိုင်လည်း ပြောင်းလဲမှုများ လွှမ်းခြုံလာသည်ကို “ဂျက်’ သတိပြုမိသည်။
“တို့စကားများရတာတွေဟာ ညီမကြောင့်ပါ။ ညီမရဲ့ တစ်ကိုယ်ကောင်းဆန်မှုကြောင့် အိမ်ထောင်မှာ ပြဿနာတွေ ဖြစ်လာရတာပါ မောင်ရယ်။ နောက်ပြီး အိမ်မှာ ဖြစ်ပျက်နေတာတွေကို အရမ်းပြောပြချင်တာပဲသိလား။ ဖေဖေနဲ့မေမေက ညီမတို့နှစ်ယောက်ကို ဘုရားကျောင်းပုံမှန်သွားပြီး အစဉ်အလာအရ ဝတ်ပြုနေတဲ့ သာမန် ခရစ်ယာန်မျိုး မဟုတ်ဘဲ ယေရှုခရစ် တော်ကို လုံးလုံးကိုးစ များယုံကြည်တဲ့အသက်တာမျိုးကို ဖြစ်သင့်တယ်လို့ ပြောကြတယ်လေ”ဟု တောင်းပန်ရင်း ဖြစ်ပျက်သမျှကို ပြောပြနေသည်။
စိတ်ပါလက်ပါပြောနေသော “အိုင်ဗီ”ကို” ဂျက်”က ငေးကြည့်နေသည်။ “အိုင်ဗီ”ကဆက်၍
“ဖေဖေနဲမေမေက သူတို့ရဲ့ သင်းအုပ်ဆရာအသစ်ဆီကို ခေါ်သွားတယ်လေ။ သူက အသက်ငယ်ငယ်၊ သပ်သပ်ရပ်ရပ် လူငယ်လေးတစ်ယောက်ပါ။ မောင်နဲ့တောင် ရုပ်ချင်းဆင်သလိုပဲ။ ခရစ်တော်က ညီမတို့ကို တကယ်ချစ်တဲ့ အကြောင်းကို သူ့ဆီကနေ ကားခဲ့ရတယ်လေ။ နောက် တနင်္ဂနွေနေ့မှာပဲ ခရစ်တော်ကို ကယ်တင်ပိုင်ရှင်အဖြစ် ညီမ လက်ခံလိုက်တယ်မောင်။ အခု ညီမလေ၊ ခရစ်တော်ကို လုံးလုံး ယုံကြည်ကိုးစား လိုက်ပြီ။ ခရစ်တော်က ညီမအပြင်၊ ညီမတို့အိမ်ထောင်ကိုပါ လုံးဝပြောင်းလဲနိုင်မယ်လို့ ယုံကြည်တယ် မောင်ရယ်” ဟု ရှည်လျားစွာ ရှင်းပြနေသည်။
‘ဂျက်’၏မျက်နှာတွင် မေးခွန်းများစွာ ကိန်းအောင်းနေကြောင်း ‘အိုင်ဗီ’ ရိပ်မိလျှင်“ညီမပြောနေတဲ့စကားတွေကို မောင်ကောင်းကောင်း နားမလည်သေးဘူးဆိုတာ ညီမသိတယ်”ဟု ‘အိုင်ဗီ”က ပြောလိုက်သည်။
”ဤစကားကြောင့် ‘ဂျက်’မှာ နေမထိ ထိုင်မသာဖြစ်လာ သည်။ “အိုင်ဗီ” ပြန်ရောက်သည့်အတွက်တော့ ပျော်ရွှင်နေသည်။ ကြည်နူးနေသည်။ သို့သော် “အိုင်ဗီ”ပြောပြနေသော ယေရှုအကြောင်းကိုတော့ သိပ် မကြားချင် သည်မှာ အမှန်။
“ဟင်။ ယေရှုဆိုတဲ့ စကားသံကိုမကြားရရင် ကောင်းမယ်ကွာ” ဟုသာ စိတ်တွင်းမှ မအီမသာ ရေရွတ်နေမိ တော့သည်။
သို့ပေသည့် ကျော်လွန်ခဲ့သောနေ့ရက်များအတွင်း “အိုင်”သည် အရင်ပုံစံနှင့် လုံးဝမတူ၊ ခြားနားသွားကြောင်းကို တော့ဖြင့် ‘ဂျက်’ သတိပြုမိသည်။ ပျော်ရွှင်စွာနေပြီး၊ “ဂျက်” အတွက် အကောင်းဆုံး လုပ်ဆောင်ပေးလာသည်။
မကြာသောအချိန်၊ ဘော်လုံးပွဲတစ်ခုတွင် “အယ်လင်’ ‘ဂျက်’ ပြန်တွေ့ဖြစ်သည်။
တွေ့လျှင်တွေ့ချင်းပင်“ဂျက်”က
“ဟေ့၊ အယ်လင်။ မိန်းမလေ၊ လူသစ်တစ်ယောက်ဖြစ်လာတယ်ကွ။ နောက်ပြီး သူပြောသေးတယ်။ သခင်ယေရှုကို သူလက်ခံလိုက်ပြီတဲ့။ အဲ၊ ဒါပေမယ့် ငါသံသယဖြစ်နေတာက အခုလိုပြောင်းလဲလာတာဟာ ယေရှုကြောင့်ဆိုတာ ဖြစ်နိုင်၊ ဟုတ်နိုင်ပါ့မလား ဆိုတာကိုပဲကွ အယ်လင်”ဟု’ဂျက်” က အဆောတလျင်မေးလိုက်သည်။
“ဂျက်”၏စကားကို ကြားလျှင် “အယ်လင်”က နှစ်လိုဖွယ်ပြုံးလိုက်ရင်း
“သိပ်ကိုသေချာတာပေါ့ ဂျက်ရာ။ ဒီမှာ ဂျက်။ ခရစ်တော်ယေရှု ဟာ မင်းမိန်းမကိုတင် မဟုတ်ဘူး၊ မင်းကိုပါ ပြောင်းလဲစေနိုင်တယ်ဆိုရင် မင်းလက်ခံနိုင်သလား”ဟု ပြန်ပြောသည်။
“ငါ၊ ငါ့ကို ဟုတ်လား။ ငါက ဘာများပြောင်းလဲစရာ လိုနေသေးလို့လဲ အယ်လင်၊ ပြီးတော့ အိုင်ကိုယ်တိုင်က ဖြစ်သမျှ ပြဿနာတွေအားလုံးဟာ သူ့ကြောင့်လို့ ဝန်ခံခဲ့ပြီပဲ။ အခု သူပြောင်းလဲလာတော့ ငါတို့ ပျော်ရွှင်နေကြ တာပဲလေ”
“အယ်လင့်’ စကားကို “ဂျက်’က စောဒကတက်လိုက်ခြင်းဖြစ်သည်။ “အယ်လင်’က
“သေချာလို့လား ဂျက်ရယ်”ဟု ‘အယ်လင်”က လေးလေးနက်နက် မေးလိုက်တော့ “ဂျက်ကမဖြေနိုင်။ “ဂျက်”၏အတွင်းစိတ်ထဲ၌ ကိုယ့်ကိုကိုယ် သိနေသည်။ သူတို့အိမ်ထောင်၏ ပြဿနာတော်တော်များများမှာ သူမှစတင်ခဲ့သော အမှားများသာဖြစ်ကြော င်း “ဂျက်’ သိနေသည်။
နောက်တစ်နေ့ မနက်ခင်း ။
မဖြစ်စလောက်သော အကြောင်းအရာလေးတစ်ခုနှင့် “ဂျက်”ဒေါသထွက်သွားသည်။ သူ၏အင်္ကျီပြဲနေသောကြောင့် အကြီးအကျယ် ဒေါသလှိုင်းများ ပြင်းထန်နေခြင်းဖြစ်သည်။ ထိုအင်္ကျီကို ဆုတ်ဖြဲပြီးအပြင်သို့ လွှင့်ပစ်လိုက်သည်။
ထိုအချိန်တွင် အခန်းထဲသို့” အိုင်ဗီ”ဝင်လာပြီး “ဂျက်’၏ရှေ့တွင် ငြိမ်ငြိမ်သက်သက်ရပ်နေကာ စောင့်ကြည့်နေ သည်။ “ဂျက်” ကလည်း `အိုင်ဗီ” ကိုစောင့်ကြည့်နေသည်။
‘အိုင်’ထံမှ “အသုံးမကျတဲ့ ယောက်ျားပဲ”ဟူသော စကားမျိုး ထွက်လာလိမ့်မည်ဟု “ဂျက်မျှော်လင့်နေခဲ့ သော်လည်း၊ သူ ထင်သကဲ့သို့ မကြားရသည့်အတွက် ရှက်သွားကာ အရှက်ပြေသဘောဖြင့် အိပ်ရာပေါ်သို့ လှဲချလိုက်သည်။ နောက်-
“အချစ်ရယ်။ ကိုယ်မှားသွားတယ်။ ဘာမဟုတ်တဲ့အရာလေးနဲ့ ဒေါသထွက်သားမိခဲ့တယ်ကွယ်။ ကိုယ်လိုစိတ်ကြမ်း၊ ကိုယ်ကြမ်းလူမျိုးနဲ့ ဘယ်လိုများနေနိုင်ခဲ့သလဲ။ အချစ်ရယ်”ဟူ၍ စိတ်မကောင်းခြင်း များစွာဖြင့် ပြောလိုက်တော့သည်။
“အိုင်ဗီ”လည်း အိပ်ရာပေါ်သို့ ကိုယ်ကိုလှဲချလိုက်ရင်း-
“မောင်ဟာ ညီမရဲ့ အိမ်ထောင်ဖက်ခင်ပွန်း။ ချစ်ရတဲ့သူပဲလေ။ မောင်ကို ညီမသိပ်ချစ်ပါတယ် မောင်ရယ်”ဟု ချိုချိုသာသာပြန်ပြောလိုက် သည်။
‘အိုင်’ပြောသည့် စကားများကြောင့် “ဂျက်”အံ့သြမိသည်။ စိတ်မကောင်းလည်း ဖြစ်သွားသည်။ နောင်တလည်းရမိသည်။
“ချစ်က မောင့်ကို ဘယ်လိုကြောင့် ခွင့်လွှတ်နိုင်တာလဲကွယ်။ မောင်တော့ နားမလည်နိုင်အောင် ဖြစ်နေပြီ”ဟု ‘ဂျက်က ပြောလိုက်သည့် အချိန်တွင် “အိုင်’က သူမ၏သွယ်လျသောလက်ကို “ဂျက်”၏ကျောပြင်ပေါ် သို့တင်လိုက်သည်။ နောက် “ဂျက်”ကိုရင် ခွင်ထဲသို့ဆွဲသွင်းလိုက်ကာ
“မောင်နဲ့ညီမ လက်တွဲပြီး ဘဝတစ်ခုကို ထူထောင်လိုက်တဲ့ အချိန်ကစပြီး၊ ညီမဟာလေ ကိုယ့်အတွက်ပဲ စဉ်းစားခဲ့တယ်။ မောင့်ကို ပျော်ရွှင်စေဖို့ဆိုတာကို မစဉ်းစားခဲ့မိဘူး။ မောင့်ဖက်က ညီမကို ဘယ်လိုပျော်ရွှင်မှု ပေးမလဲ ဆိုတာကိုပဲ စဉ်းစားမျှော်လင့်ခဲ့တယ်။ ဒါပေမယ့် အခုတော့မောင်ရယ်။ ခရစ်တော်နဲ့တွေ့ထိပြီး ကယ်တင်ရှင်အဖြစ် လက်ခံလိုက်တဲ့နောက် အပြစ်တွေကို ဝန်ချတောင်းပန်ခဲ့တယ်။ အခုဆိုရင် ညီမလေ၊ အတ္တတွေကို ခဝါချနိုင်ခဲ့ပြီမောင်။ ညီမရဲ့ အမှားတွေကို သူကခွင့်လွှတ်ခဲ့တယ်။ သူ့အသက်ကို စတေးခံ ခဲ့တဲ့ အချိန်မှာလည်း ညီမရဲ့ အပြစ်တွေကိုပါ ယူဆောင်သွားခဲ့တယ်လေ။ မောင်လည်း ခရစ်တော်ကို…”
‘အိုင်ပီ’၏ စကားသံတို့သည် ပြောနေရင်း ရုတ်ချည်း ရပ်တန့်သွားတော့သည်။ သူမ၏စကားများမှာ တရားဟောနေသည့်ပုံပေါက်နေကြောင်း သတိပြုလိုက်မိ၍ ဖြစ်သည်။
သူတို့နှစ်ဦးတည်းသာရှိနေသော အခန်းသည် အချိန်ကြာမြင့်စွာ အသံမဲ့တိတ်ဆိတ်နေသည်။ “ဂျက်’က ခေါင်းပေါ်သို့လက်တင်ရင်း အိပ်ရာပေါ်သို့ ငေးကြည့်နေလိုက်သည်။ ထို့နောက် တိတ်ဆိတ်ခြင်းကို “ဂျက်”၏ စကားလုံးတို့က စတင်ဖြိုခွင်းလိုက်သည်။
“မောင်အနေနဲ့ သခင်ယေရှုကို ဘယ်လိုရှာရင် တွေ့နိုင်မလဲဟင်”
‘ဂျက်’၏မေးခွန်းကြောင့် အိုင်’သည် အိပ်မက်မက်နေရာမှလန့် နိုးနေသူကဲ့သို့ဖြစ်သွားသည်။ ထို့နောက် ပျော်ရွှင်စွာဖြင့် –
“အဝေးကြီးကိုသွားပြီး ရှာဖို့မလိုပါဘူးမောင်။ သခင်ယေရှုဟာလေ အခုညီမတို့နဲ့အတူ ဒီအခန်းထဲမှာ ရှိနေတယ်မောင်”ဟု အားပါးတရ ပြောလိုက်သည်။
‘ဂျက်’နားလည်လိုက်ပြီ။ ဤအခန်းထဲတွင်ပင် သခင်ယေရှုနှင့် ဆက်သွယ်စကားပြော၍ရကြောင်း နားလည် လိုက်သည်။ ထို့ ကြောင့် အောင်မြင်တက်ကြွသော အသံဖြင့်ကျယ်လောင်စွာ
“သခင်ယေရှုဘုရား။ ‘အိုင်ဗီ”အပေါ်သို့ကိုယ်တော်ပြုသကဲ့သို့ အ ကျွန်ုပ်အား ခွင့်လွှတ်တော်မူပါ။ ခြောက်သွေ့နေသော အကျွန်ုပ်၏ဘဝသို့လည်း ဝင်ရောက်၍ စိမ်းလန်းစေတော်မူပါ”ဟု ဆုတောင်း လိုက်တော့သည်။
ထိုနေ့မှစတင်၍ ဘုရားသခင်ကို”ဂျက်”သိကျွမ်းခွင့်ရခဲ့သည်။ သူနှင့် “အိုင်ဗိ”တို့သည် ဘုရားသခင်၏ ကွယ်ကာမှုအောက်တွင် ချစ်ခင်စွာနေထိုင်ခွင့်ကို ရရှိခဲ့ပေသည်။ ဘုရားသခင်သည် ထူးခြားအံ့ဖွယ်သော အမှုများကိုပြုလျက်၊ အပြစ်သားများ၏ ဆုတောင်းခံချက်များကို နားညောင်းတော်မူကြောင်းကို “ဂျက်”ကိုယ်တိုင် သက်သေခံခဲ့လေပြီ။
‘ဂျက်”သည် ဘော်လုံးကိုဆက်၍ ကစားသော်လည်း “အိုင်ဗီ ́နှင့် ပုံမှန်အချိန်ယူကာ ပျော်ရွှင်စွာနေတတ်လာသည်။ ထိုသို့ပြုခြင်းမှာလည်း “အိုင်ဗီ”၏တောင်းဆိုမှုကြောင့် မဟုတ်ဘဲ “ဂျက်”ကိုယ်တိုင်က သူမနှင့်အတူ နေရခြင်းကို ပျော်မွေ့နေခြင်းကြောင့်ဖြစ်သည်။
သူတို့နှစ်ဦးသည် ယခုတိုင် ပျော်ပျော်ရွှင်ရွှင်နှင့် အောင်မြင်သော အိမ်ထောင်တစ်ခုကို တည်ဆောက်နေဆဲ ဖြစ်သည်။ သာယာနေဆဲဖြစ်သည်။
ဟုတ်ပါပေသည်။ ဘုရားသခင်သည် ထိုကဲ့သို့သောပျော်ရွှင်ဖွယ် ကောင်းသော ထိမ်းမြားမင်္ဂလာဆောင်ခြင်းကို လူတွေအတွက် ကြံစည်ထားပါသည်။ ထိုကဲသို့သော ဘုရားသခင်၏အကြံအစည်တော်ကို ဆက်၍လေ့ လာကြစို့။
လက်ထပ်ထိမ်းမြားခြင်းအတွက် ဘုရားသခင်၏အကြံအစည်။
သတ္တကမ္ဘာလောကကြီးပေါ် ကျင်လည်အသက်ရှင်ကြတဲ့သတ္တဝါ တွေမှာ လူနဲ့တိရစ္ဆာန်ဟာ ကြီးမားထူးခြားတဲ့ ကွာခြားမှုတ စ်ခုရှိပါတယ်။ ဘုရားသခင်က အဟိတ်တိရစ္ဆာန်တွေကိုဖန်ဆင်းစဉ်က အထီးနဲ့အမကို ဖန်ဆင်းပြီး မျိုးပွားစေပါတယ်။
လူဆိုတဲ့သတ္တဝါကို ဖန်ဆင်းတဲ့အခါမှာတော့ ထူးခြားနေပြန်ပါတယ်။ ပထမ ဘုရားသခင်က လယောက်ျားကို ဖန်ဆင်းပြီး၊ လူယောက်ျားရဲ့ လိုအပ်မှုအတွက် အဖော်လူမိန်းမကိုဖန်ဆင်းလိုက်တာပါ။ လူမိန်းမကိုဖန်ဆင်း တယ်ဆိုရာမှာ မျိုးဆက်ပြန့်ပွားဖို့ သက်သက်ထက်၊ လူယောက်ျားရဲ့ အကောင်းဆုံးအဖေါ် ဖြစ်နိုင်ဖို့ ရည်ရွယ်ခဲ့တာ ဖြစ်ပါတယ်။
တိရစ္ဆာန်တွေကို ဖန်ဆင်းပြီးချိန်မှာ “ကောင်း၏” လို့ဘုရားသခင် ပြောခဲ့ပါတယ်။ ဒါပေမယ့် လူယောက်ျားကို ဖန်းဆင်းပြီးချိန်မှာ ဘုရားသခင်က ကျေနပ်မှုမရှိသေးဘဲ “လူယောက်ျားသည် တစ်ယောက်တည်းမနေကောင်း” လို့ မိန့်လွှတ်ခဲ့ပါတယ်။ (ကမ္ဘာ၊ ၂း၁၈)
ဘုရားသခင်က မိန့်တော်မူခဲ့တယ်။ “လူယောက်ျား———– မနေကောင်း”
ဒီအချက်မှာ ဘုရားသခင်က ဘာကို “မကောင်းဘူး”လို့မိန့်တော် မူခဲ့တာလဲဆိုပြီး မေးခွန်းထုတ်စရာအကြောင်း ဖြစ်လာပါတယ်။
ဖန်ဆင်းခြင်းအမှုကို ပြုပြီးချိန်မှာ ဘုရားသခင်နဲ့လူဟာ လွတ်လွတ်လပ်လပ် မိတ်သဟာယဖွဲ့နိုင်ခဲ့ကြတယ်။ အပြန်အလှန် စကားပြောကြပြီး အပြစ်တရားဆိုတာကိုလည်း ဘယ်မှာနေမှန်းတောင်မသိသေးပါဘူး။ အရာ အားလုံးဟာ အကောင်းတွေချည်းပဲ ဖြစ်နေခဲ့တယ်။
မကောင်းတာဆိုလို့ တစ်ခုတော့ရှိတယ်။ အဲဒါကတော့ (ကမ္ဘာ၊ ၂၁၈)မှာပါတဲ့ ဘုရားသခင်ရဲ့ နှုတ်ထွက်တော် စကားတစ်ခုပါ။
“လူယောက်ျားသည် တစ်ယောက်တည်း မနေကောင်း”
ဒီနေရာမှာ လူနဲ့အတူဘုရားသခင်ရှိနေပေမယ့် လူဟာ အထီးကျန် မှုသဘောရှိတာတွေ့ရပါတယ်။ ဒါကြောင့်လူမှာ အဖော်မွန်တစ်ယောက် လိုအပ်နေပါတယ်။ လူက သူရဲ့ချစ်ခြင်းမေတ္တာ ခင်မင်ရင်းနှီးမှုတွေကို ဘုရားနဲ့ အတူဝေမျှ နိုင်ပေမယ့် သူ့ဘဝမှာ တစ်ခုခုလိုနေတော့တယ်။
အဲဒါတွေကြောင့် ဘုရားသခင်က လူမိန်းမကိုဖန်ဆင်းလိုက်ရခြင်းပဲ ဖြစ်တယ်။
ထာဝရဘုရားသခင်ကလည်း ယောက်ျားသည်တစ်ယောက် တည်းမနေကောင်း။ သူနှင့်သင့်တော်သော အထောက်အမကို သူ့အဖို့ငါ လုပ်ဦးမည်ဟု အကြံအစည်ရှိတော်မူ၏။ (ကမ္ဘာဦး၊ ၂း၁၈)
ဇနီးသည်နဲ့ တစ်သားတစ်ကိုယ်တည်းဖြစ်ခြင်း။
ကမ္ဘာဦး ၂း၁၈ကို ကြည့်ခြင်းကြောင့် ဘုရားသခင်က လူတွေအ ပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာဟာ အလွန်နက်ရှိုင်းကြီးမာ းတာကိုတွေ့ရပါတယ်။ လူယောက်ျားတစ်ယောက်တည်း အထီးကျန်နေတဲ့အချိန်မှာ ဘုရားသခင်က လူကိုဂရုစိုက်စွာနဲ့ လူယောကျ များကိုကူညီမယ့် အဖေါ်လူမိန်းမကို ဖန်ဆင်းပေးခဲ့ တယ်။ ဒါဟာ ကမ္ဘာဦးရဲ့ မူလအစ ထိမ်းမြားလက်ထပ်ခြင်းဖြစ်ပါတယ်။
ကမ္ဘာဦးကျမ်း အခန်းကြီး(၂)ကိုဆက်ပြီး သေသေချာချာလေ့လာ တဲ့အခါ “ထိမ်းမြားခြင်းဆိုတာဘာလဲ” ဆိုတဲ့အချက်ကို ညွှန်းတဲ့ ကျမ်းပိုဒ် လေးကိုတွေ့ရပြန်ပါတယ်။
“ထိုအကြောင်းကြောင့် ယောက်ျားသည် ကိုယ်မိဘကိုစွန့်၍ ကိုယ်ယောက်ျားကိုမှီဝဲသဖြင့် ထသူတို့သည် တစ်သား၊ တစ် ကိုယ်တည်း ဖြစ်ရလိမ့်မည်”(ကမ္ဘာဦး၊ ၂း၂၄) ၊
အထက်မှာဖော်ပြတဲ့ကျမ်းပိုဒ်ဟာ အလွန်အရေးကြီးလှပါတယ်။ အဲဒီကျမ်းပိုဒ်မျိုးကို ဓမ္မသစ်ကျမ်းမှာလည်း သုံးကြိမ်တိုင်တို င်တွေ့ရပြန်ပါတယ်။ (မဿဲ၊ ၁၉း၅။ ၁ကော၊ ၆း၁၆။ ဧဖက် ၅း၃၁)
အဲဒီမှာ ဘုရားသခင်ဖော်ညွှန်းခဲ့တဲ့ “တစ်သား၊ တစ်ကိုယ်တည်း” ဆိုတဲ့စကားလုံးကို ပြန်ပြီး စစ်ဆေးလေ့လာဖို့တော့ လိုပါတယ်။
““တစ်သား၊ တစ်ကိုယ်တည်း” ဆိုရာမှာ အရာနှစ်ခုကိုတစ်ခုအဖြစ် ဖြစ်စေခြင်းပဲဖြစ်တယ်။ ဘုရားသခင်က “တစ်သား၊ တ စ်ကိုယ်တည်း”လို့ ပြောတာကလည်း လူယောက်ျားနဲ့မိန်းမတို့ဟာ အချင်းချင်းချစ်ချစ်ခင်ခင်နဲ့ ဆက်ဆံပြီး၊ တစ်စိတ်တစ်ဝမ်းတည်း စ်ဖို့ကို ဆိုလိုခဲ့တာဖြစ်ပါတယ်။ ။
| ဘုရားသခင်က အဲဒီလိုအိမ်ထောင်မျိုးကို တည်ဆောက်ထူထောင် ဖို့ ကျွန်တော်တို့အားလုံးအပေါ် အလိုတော် ရှိပါတယ်။ ကျွန်တော်တို့ရဲ့ ဇနီးများ ဟာ ကျွန်တော်တို့အတွက် အကောင်းဆုံးအဖေါ်မွန်တွေ ဖြစ်လာပါမယ်။ ကိုယ် ကြုံတွေ့ရတဲ့အခက်အခဲတွေ ကိုလည်း မရှက်မကြောက်၊ ကိုယ့်ဇနီးကိုဖွင့် ပြောရဲလောက်တဲ့အထိ အချင်းချင်း ယုံကြည်ဖို့လိုပါတယ်။ တစ်သွေး၊ တစ်ကိုယ်လိုဖြစ်တဲ့ အိမ်ထောင်မျိုးဖြစ်ဖို့ဟာ လူတွေအတွက် “ဘုရားသခင်ရဲ့ အကြံအစည်တော်နဲ့ ညီတဲ့အိမ်ထောင်” ဖြစ်ပါတယ်။
အဖော်မွန်ဖြစ်ဖို့ ကြိုးစားတည်ဆောက်ခြင်း
ဒီကနေ့ခေတ် လူငယ်တော်တော်များများက ဘုရားသခင်ရဲ့ အကြံ အစည်တော်ကို နားမလည်နိုင်ကြတော့ဘူး။ ဥပမာ- ‘မို က်ကယ်’ဟာ ‘ဂျိန်၊’ နဲ့လက်ထပ်ထားတဲ့ အိမ်ထောင်ရှင်တစ်ယောက်ဖြစ်တယ်။ ဒါပေမယ့် “ဂျိန်’ ဟာ သူ့အတွက် အဖော်မွန်ဖြစ်တယ်ဆိုတာကို သူမေ့နေခဲတယ်။ သူ့ပျော်ရွှင် မှု၊ ဝမ်းနည်းမှုတွေကို သူ့သူငယ်ချင်း၊ မိတ်ဆွေတွေနဲ့ပဲ ရင်ဖွင့်ဆွေးနွေးလေ့ ရှိတယ်။ သူ့မိန်းမကိုတော့ ဖွင့်ပြောတိုင်ပင်လေ့မရှိဖူးဘူး။ တစ်ခါတစ်ခါ သူ့စီမံကိန်းတွေနဲ့ပတ်သက်လာရင် သူ့အမေနဲ့ဆွေးနွေးတတ်တယ်။ ဒါ ပေမယ့် သူဘယ်သူ့ကိုမှ ဖွင့်မပြော၊ မဆွေးနွေးဖြစ်ခဲ့တဲ့ အကြောင်းအရာကတော့ သူ့ရဲ့ရင်ထဲမှာခံစားရတဲ့ တကယ့်ခံစားချက်တွေဖြစ် တယ်။ (ဘယ်သူ့ကိုမှ ဖွင့် မပြောရဲပါ)။ မိန်းမဖြစ်သူကို တိုင်ပင်မယ်ဆိုရင် သူ့ကိုသူ “ယောက်ျားမဆန် ဘူး”လို့ ယူဆထားတဲ့အတွက် မိန်းမကိုလည်း မတိုင်ပင်ခဲ့ဖူးပေ။
‘ဂျိန်း’ နဲ့’မိုက်ကယ်”ကတော့ သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေးဟာ အဆင်ပြေနေတယ်လို့ ထင်မြင်ယူဆနေ ကြတယ်။ အ ဆင်ပြေတဲ့အိမ်ထောင်တစ်ခုဟာ ဘယ်လိုပုံစံမျိုးဖြစ်ပြီး၊ အိမ်ထောင်ပြုခြင်းရဲ့ အနှစ်သာရဟာ ဘယ်လို ဖြစ်တယ်ဆိုတာကို သူတို့လုံးလုံးနားမလည်ခဲ့တာပါ။
တစ်နေ့ကျတော့ အသင်းတော်အတွင်းမှာရှိတဲ့ လူငယ်အိမ်ထောင် ရှင်တွေအတွက် သင်းအုပ်ဆရာရဲ့ အပတ်စဉ် သမ္မာကျမ်းစာလေ့လာတဲ့ အစီအစဉ်မှာ သူတို့ကိုဖိတ်ခေါ်ပါတယ်။ သင်တန်းရဲ့ အဓိကချက်ကတော့ အိမ် ထောင်ပြုခြင်း၌ တစ်သွေးတစ်ကိုယ်ဖြစ်ရန် ဘုရားသခင်၏အလိုတော်” ဖြစ်ပါတယ်။ အဲဒီသင်တန်းကိတက်ပြီးမှပဲ လက်ထပ်ခြင်းရဲ့အဓိပ္ပါယ် ဘုရားသခင်ရဲ့ အကြံအစည်ကို သူတို့သဘောပေါက် နားလည်ခွင့်ရခဲ့တယ်။
အဲဒီအချိန်ကစပြီး ‘ဂျိန်း’ နဲ့’မိုက်ကယ်”ဟာ တစ်ယောက်အပေါ်တစ်ယောက် ပိုပြီးရင်းနှီး၊ ပိုပြီးနားလည်တတ်ဖို့ ကြိုးစားလာကြတော့တယ်။ သူ တို့ကိုယ်စီရဲ့ခံစားမှုတွေကို အချင်းချင်းဖွင့်ဆွေးနွေးကြတယ်။ ဖွင့်ဟဆွေးနွေး ကြတဲ့ အစပိုင်းမှာတော့ အခက်အခဲတွေတွေ့ကြရတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ကျင့်သားရသွားပြီး သူတို့နှစ်ယောက်ရဲ့ ရင်းနှီးမူ၊ ချစ်ခင်မှုတွေဟာ ကြီးထွားလာပါတော့တယ်။ အရင်တုန်းက ဘယ်သူ့ကိုမှမ တိုင်ပင်ရဲခဲ့တဲ့ အကြောင်းအရာတွေကို ဖွင့်ဟတိုင်ပင်လာကြတယ်။ သူတို့အိမ် ထောင်ဟာလည်း ပျော်ရွှင်စရာ အတိ ဖြစ်လာခဲ့တော့တယ်။ “မိုက်ကယ်” ကိုယ်တိုင်က “ဒီလို ပွင့်လင်းရင်းနှီးတဲ့အိမ်ထောင်ဟာ ပျော်စရာကောင်းတယ် ငါ့ညီ”လို့ သူ့ညီကို ဖွင့်ပြောနိုင်ပါပြီ။
“မိုက်ကယ်’က သူရဲ့ အစောပိုင်း မင်္ဂလာဆောင်ခဲ့တဲ့အချိန်ကို ပြန်စဉ်းစားတော့ အထီးကျန်မှုတွေကို သူခံစားခဲ့ရကြောင်း ပြန်သတိရမိတယ်။ ဟုတ်ပါ တယ်။ ဘုရားသခင်ကိုယ်တိုင်က ယောက်ျားတစ်ယောက်တည်း အထီးကျန်နေဖို့ အလိုတော်မရှိခဲ့ဘူးလေ။ ဘဝရဲ့ အဖော်၊ တိုင်ပင်ဖက်ကို ဘုရားသခင် ဖန်ဆင်းပေးခဲ့ပါတယ်။ ဒီအကြောင်းတွေကိုစဉ်းစားတိုင်း “မိုက်ကယ်”နောင် တရမိတ ယ်။ မိန်းမကိုဖွင့်ဟတိုင်ပင်တာကို ယောက်ျား မဆန်ဘူး၊ ပျော့ညံ့တယ်လို့ ယူဆခဲ့မိတာကြောင့် နှစ်ပေါင်းတော်တော်ကြာ သူအထီး ကျန်ဆန်နေခဲ့ရတယ်။
ဒီကနေ့ ခရစ်ယာန်အိမ်ထောင်တော်တော်များများမှာလည်း အဲဒီ လိုအထီးကျန်ဆန်တဲ့အိမ်ထောင်တွေ အတော်လေး များနေတာကို တွေ့ရပါတယ်။ သူတို့ဟာ တစ်အိမ်တည်းမှာအတူနေ၊ အတူစား၊ အတူအိပ်ပေမယ့် အထီးကျန်ဆန်တဲ့ ခံစားမှုတွေ ခံစားနေကြရပါတယ်။
ဒီအရာတွေဟာ ဘာကြောင့်လဲ။
ကျွန်တော့ဇနီးကို ပြောပြရမလား။
လွန်ခဲ့တဲ့တစ်နှစ်လောက်တုန်းက ကျောင်းတစ်ကျောင်းကနေပြီး ကျွန်တော့်ကို အကူအညီလာတောင်းတယ်။ သူတို့ကျောင်းအတွက် သင်ခန်းစာ၊ သင်ရိုးညွှန်းတမ်းစာအုပ် ရေးပေးဖို့ပါ။ စာမျက်နှာ (၃၀၀)ပါတဲ့သင်ခန်းစာ လို့ဆိုပါတယ်။ ကျွန်တော့အနေနဲ့လည်း ကြိုးစားပြီးရေးပါတယ်။ အိပ်ရာကို နောက်ကျပြီးမှဝင်၊ မနက်ကို စောစောထလို့ အချိန်ပေး ရေးသားပါတယ်။ ပြီး သွားတဲ့အခါ မှာ ကျွန်တော့်ဇနီးကိုခေါ်ပြီး သင်ရိုးညွှန်းတမ်း စာမူကို ကိုယ်တိုင်သွားပို့ပါတယ်။
တစ်ပတ်လောက်တောင် အချိန်မကြာလိုက်ပါဘူး။ ကျွန်တော့ဆီကို အောက်မှာပါတဲ့အတိုင်း စာတစ်စောင်ရောက်လာပါတယ်။
မစ္စတာ ဘရစ်တင် လူကြီးမင်းပေးတဲ့ သင်ရိုးညွှန်းတမ်းစာမူဟာ ကျွန်တော်တို့ရဲ့အဆင့်ကို မမီလို့ စိတ်မကောင်း ခြင်းများစွာ ဖြစ်ရပါတယ်။
ဒါပေမယ့် ဝမ်းမနည်းပါနဲ့ခင်ဗျာ။ နာမည်ကြီး ဆရာတော်တော်များများကလည်း ကျွန်တော်တို့ကျေနပ်လောက်တဲ့ သင်ရိုးညွှန်းတမ်းစာမူကို မရေးသားနိုင်ကြပါဘူးခင်ဗျာ ဒီစာကိုရတော့ ကျွန်တော်အတော်လေးကို ခံစားလိုက်ရ ပါတယ်။ ကျွန်တော်စဉ်းစားမိပါတယ်။
“ငါဟာ သူများလိုမအောင်မြင်ဘူး၊ မကျွမ်းကျင်ဘူး” ဆိုပြီး ဝမ်းနည်းခဲ့တယ်။ ကျွန်တော်ငယ်ငယ်ကတည်းက “သူများကလေးတွေလောက် မကျွမ်းကျင်ဘူး” ဆိုပြီး အားငယ်တတ်ခဲ့ပါတယ်။
စာကို ကျွန်တော်အပြန်ပြန်”ပြန်ဖတ်ပါတယ်။ ဒီကိစ္စအတွက် ဇနီးသည်ကို တိုင်ပင်ရင် ကောင်းမလားဆိုပြီး ကိုယ့်ကိုယ်ကို အကြိမ်ကြိမ် မေးခွန်းထုတ်ခဲ့ပါတယ်။ ကျွန်တော်ဘယ်လောက်အထိ ခံစားရတယ်ဆိုတာကိုရော ဖွင့်ပြောရင် ကောင်းမလားလို့ စဉ်းစားမိပေမယ့် ဒီလိုဖွင့်ပြောလိုက်မှ မိန်းမက အထင်သေးသွားမလားဆိုတဲ့ စိုးရိမ်စိတ်တွေက ဝင်လာပြန်တယ်။ ဇနီးသည် အထင်သေးမှာကိုတော့ ကျွန်တော်မလိုချင်တာ အမှန်ပါပဲ။ ဇနီး သည်က ကိုယ့်ကို ကမ္ဘာပေါ်မှာ အတော်ဆုံးလူ၊ အမြင့်မြတ်ဆုံးလူတစ်ယောက်အဖြစ် မြင်စေချင်ခဲ့တယ် မဟုတ်လား။
ဒီအချိန်မှာ စကားတစ်ခွန်းကို ကျွန်တော်သတိရလိုက်တယ်။ “သူ့မယားနဲ့ တစ်သား၊ တစ်ကိုယ်တည်းဖြစ်သည်”တဲ့။
ဒါကိုသတိရရချင်း ကျွန်တော့ဇနီး “ကာရို’ဆီသွားပြီး စာကိုပြလိုက်တယ်။ စိတ်ထဲမှာ ခံစားရတာတွေ အားလုံးကိုလည်း ဖွင့်ချပြလိုက်တယ်။
သူကျွန်တော့ကို အထင်သေးသွားသလား။ လင်မယားအချင်းချင်း ခံစားမှုတွေကို ဖွင့်ဟတိုင်ပင်တဲ့အခါ အထင် သေးသွားကြပါသလား။ အဲဒီလို ဖြစ်မလာဘူးခင်ဗျ။ အချင်းချင်း ဖွင့်ဟတိုင်ပင်ဆွေးနွေးခြင်းက ခံစားမှုကို ဝေမျှစေပြီး စိတ်ခံစားမှုတွေကို သက်သာစေပါတယ်။ ကျွန်တော်တို့ရဲ့ ချစ်ခြင်းတရားတွေကလည်း ပိုပြီး ခိုင်မြဲလာစေပါတယ်ခင်ဗျ။
အခြားသူတွေထက် လင်မယားချင်းရင်းနှီးမှု။
လင်နဲ့မယားရဲ့ ချစ်ခင်မှုဟာ တခြားသူတွေနဲ့ရင်းနှီးမှုထက် ပိုပြီးကြီး မားဖို့လိုပါတယ။ ယောက်ျားဖြစ်တဲ့သူက သူ့ရဲ့ မိဘညီအစ်ကို၊ မောင်နှမတွေ ထက် သူ့ဇနီးကိုပိုချစ်ဖို့လိုအပ်သလို၊ ဇနီးဖြစ်သူအနေနဲ့လည်း ယောက်ျားဖြစ် သူကို ပိုချစ်တတ်ဖို့လိုပါတယ်။
ဒါ့အပြင် မိသားစုတွေမှာ ရင်သွေးငယ်များနဲ့ပတ်သက်ပြီး သိသင့် သိထိုက်တာလေးတွေရှိပါတယ်။ ကျွန်တော့ဆီကို ရောက်လာတဲ့ တစ်ချို့စာတွေမှာ-
“ကျွန်တော့မိန်းမက ကျွန်တော့ထက် ကျွန်တော်တို့ရဲ့ ကလေးတွေကို ပိုပြီးဂရုစိုက်ပါတယ်” ဆိုပြီး ရေးသား ထားတာကို တွေ့ရပါတယ်။
ဒီတော့ မေးစရာမေးခွန်းတွေက ရှိလာပါတယ်။
မိဘတွေအနေနဲ့ သူတို့ရဲ့ရင်သွေးကလေးတွေကို သိပ်ချစ်ဖို့လိုပါ သလား။
“ချစ်သင့်ပါတယ်”လို့ပဲ ဖြေရပါလိမ့်မယ်။
ဒါပေမယ့် အဓိကအကျဆုံးကတော့ မိဘဖြစ်တဲ့သူ အချင်းချင်း ချစ်ကြဖို့ အရေးကြီးပါတယ်။
ကျွန်တော်တို့ရဲ့ကလေးတွေထက် ကိုယ့်ဇနီး၊ ကိုယ်ယောက်ျားကို ပိုချစ်ရမှာပါ။
ဘုရားသခင်က ကလေးတွေလိုချင်တဲ့အရာ လိုအပ်တဲ့အရာတွေ အားလုံးကိုသိပါတယ်။
ရင်သွေးငယ်လေးတွေက သူ့တို့မိခင်ကိုချစ်တဲ့ ဖခင်နဲ့၊ သူတို့ဖခင်ကိုချစ်တဲ့ မိခင်မျိုးကို လိုလားကြပါတယ်။ ဒါကို ဘုရားသခင်ကလည်း သိတော်မူပါတယ်။ ဘုရားသခင်က-
“ယောက်ျားသည် သူ့မိန်းမနှင့် တစ်သား၊ တစ်ကိုယ်ဖြစ်ရမည်”လို့ ဆိုခဲ့တာဖြစ်တယ်။
ခရစ်ယာန်ယောက်ျားတစ်ယောက်အနေနဲ့ ကျွန်တော်ကလည်း ကမ္ဘာပေါ်မှာရှိတဲ့လူအားလုံးထက် ကျွန်တော့ ဇနီးကို ပိုချစ်ပါတယ်။ ကျွန်တော့ ရင်သွေးလေးတွေကို ပိုချစ်ပါတယ်။ သူတို့နဲ့စကားပြောဆွေးနွေးပြီး၊ သူတို့ရဲ့ အ ခက်အခဲ ပြဿနာတွေကိုလည်း ဖြေရှင်းပေးခဲ့ပါတယ်။ အတူတူဆုတွေတောင်းကြ၊ ကစားကြပါတယ်။
ဒါပေမယ့် ဒီအရာတွေထက် အကောင်းမွန်ဆုံး ကျွန်တော်လုပ်ပေးနိုင်တာက တစ်ခုပဲရှိပါတယ်။ အဲဒါကတော့ သူတို့ရဲ့ အမေကို ချစ်ပေးဖို့” ပါပဲ။
အခုတော့ ကလေးတွေလည်းအသက်ကြီးလာကြပါပြီ။ သူတို့က ကျွန်တော့်ကိုပြောပါတယ်။
“အဖေနဲ့အမေတို့ အချင်းချင်းချစ်ခဲ့ကြတဲ့အတွက် အရမ်းပဲ ကျေးဇူးတင်ပါတယ်” တဲ့။
အနှစ်ချုပ်။
သမ္မာကျမ်းစာမှာ ယောက်ျားနဲ့မိန်းမဟာ “တစ်သွေး၊ တစ်ကိုယ် တည်းဖြစ်ရမယ်”လို့ ဖော်ပြရာမှာ အခြားလူတွေနဲ့မတူတဲ့ မိတ်ဆွေအဖြစ် အချင်းချင်းထောက်မကြပြီး၊ ပျော်ပျော်ရွှင်ရွှင်နဲ့ရယ်(ရီ)မောဆက်ဆံရင်း ချစ် ချစ်ခင်ခင်နေထိုင်သွားကြဖို့ကို ဆိုလိုပါတယ်။
ဘယ်ကလာတဲ့အချစ်လဲ။
သိပ်မကြာသေးခင်တုန်းက နိုင်ငံအရပ်ရပ်ကရောက်လာကြတဲ့ မိတ် ဆွေတွေနဲ့ ကားအတူတူစီးကြရင်း ထိမ်းမြားလက်ထပ်ခြင်းနဲ့ပတ်သက်လို့ ဆွေးနွေးဖြစ်ကြပါတယ်။
တစ်ယောက်က
“ဘရစ်တင်၊ ထိမ်းမြားလက်ထပ်ရာမှာ ဘယ်အရာကအရေးကြီးဆုံးလို့ ခင်ဗျားထင်သလဲ”လို့ ကျွန်တော့ကို မေးပါတယ်။
“လင်နဲ့မယားဟာ တခြားလူတွေထက် သူတို့အချင်းချင်းပိုမိုရင်း နှီးပွင့်လင်းသင့်တယ်။ နောက်ပြီး ခံစားမှုတွေကို တစ်ယောက်နဲ့တစ်ယောက် မျှဝေခံစားတတ်တဲ့ မိတ်ဆွေလိုမျိုးဖြစ်ဖို့က အရေးကြီးတယ်လို့ထင်ပါတယ်။ ။
အခု ကျွန်တော်ပြောတဲ့အယူအဆဟာ အာရှ၊ အာဖရိက၊ ဘယ် အရပ်ကလာတဲ့ တွေးခေါ်ယူဆချက်တွေလို့ မင်းထင်သလဲ” လို့ ကျွန်တော်က ဖြေရင်းတစ်ဆက်တည်း မေးခွန်းပြန်ထုတ်လိုက်ပါတယ်။
အာရှသား မိတ်ဆွေတစ်ယောက်က-
“အာရှ”ရဲ့ အယူအဆတော့မဟုတ်ဘူး။ “အမေရိက” က အယူအဆ ဖူးဖြစ်နိုင်မယ်ထင်တယ်။ ကျွန်တော်တို့ အာရှတိုက်သားတွေက ကိုယ့်ဇနီးကိုတော့ ချစ်ကြတယ်။ ဒါပေမယ့် ယောက်ျားတစ်ယောက်အတွက် အပွင့် လင်းဆုံး၊ အရင်းနှီးဆုံးအဖေါ်အဖြစ်တော့ မသတ်မှတ်ကြဘူး”လို့ ဖြေလိုက်တယ်။
အမေရိကန်သား မိတ်ဆွေတွေကလည်း
“မဟုတ်ဘူးဗျ။ ဒါအမေရိက’က ယူဆချက်မဟုတ်ဘူး။ အမေရိကမှာ ယောက်ျားတစ်ယောက်အတွက် အရင်းနှီး၊ အခင်မင်ဆုံး တိုင်ပင်ဖက် အဖေါ်ဟာ သူ့ရဲ့ကစားဖော်၊ ဒါမှမဟုတ် သူ့ရဲ့သောက်ဖော်သောက်ဖက် ယောက်ျား လေးတွေပဲ ဖြစ်တယ်။ အမျိုးသမီးတွေအတွက် ဆိုရင်လည်း သူ့မိခင်၊ သူနဲ့အတူတူ အလုပ်လုပ်တဲ့ သူငယ်ချင်းတွေ ကသာ သူ့ရဲ့ အပွင့်လင်းဆုံး အဖေါ်မွန်တွေပါ။ အမေရိကမှာ လင်မယားတွေက တစ်ခါတစ်ခါလူပျိုလူလွတ် တွေလိုပဲ သီးခြားတစ်အိမ်စီ ခွဲနေတတ်ကြတယ်”လို့ ငြင်းဆိုလိုက်ပါတယ်။
သူတို့ပြောတာတွေမှန်ပါတယ်။ ဒီလို ယောက်ျားနဲ့မိန်းမ အချင်းချင်း ပွင့်လင်းခင်မင်ခြင်းဆိုတဲ့အတွေးအခေါ်က အမေရိက၊ အာရှ၊ အာဖရိက ဘယ်နေရာဒေသကယဉ်ကျေးမှုမှမဟုတ်ပါဘူး။ ဒီပြင် အခြားဒေသ၊ နိုင်ငံတွေ ဆီက လာတဲ့ အတွေးအခေါ်လ ည်းမဟုတ်ပါဘူး။ ဘုရားသခင်ဆီကလာတဲ့ အကြံအစည်တော်ပဲဖြစ်ပါတယ်။ သမ္မာကျမ်းစာတော်မြတ်ထဲမှာ တွေ့နိုင်ပါ တယ်။
ဒါပေမယ့် ကမ္ဘာ့လူသားတွေက ဘုရားသခင်ရဲအကြံအစည်တော် ကို မလိုက်လျှောက်ချင်ကြဘူး။ ကမ္ဘာ့တစ်ဝှမ်းလုံး လိုလိုမှာ ထိမ်းမြားလက်ထပ် ကြတဲ့အခါ လင်နဲ့မယားရင်းနှီးကျွမ်းဝင်မှုအားနည်းကြပြီး တခြား လူတွေနဲ့ကျ တော့ခင်မင်ရင်းနှီးနေကြတာ ကိုတွေ့ရပါတယ်။ ဇနီးဖြစ်သူက သူ့မိဘ၊ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ပဲ ပေါင်းသင်းချစ်ခင်နေချိန်မှာ ယောက်ျားဖြစ်သူက လည်း သူ့ရဲ့မိတ်ဆွေအပေါင်းအသင်း၊ ဆွေမျိုးသားချင်းတွေနဲ့ ရင်းနှီးနေကြပြီး လင်နဲ့မယားကြားက သံယောဇဉ်ကြိုးလေးကတော့ လျော့ တိလျော့ရဲ့ဖြစ် နေလေ့ရှိနေတာ တွေ့နေရပါတယ်။
ဒီလို လက်ထပ်ခြင်း သဘောတရားတွေကို နေရာတိုင်းမှာတွေ့မြင် နေရပါတယ်။ ဒါပေမယ့် အဲဒီ အိမ်ထောင်မျိုးဟာ ပျော်ရွှင် ချမ်းမြေ့မှုတွေအတိ ပြီးတဲ့အိမ်ထောင်ရေးကို ဖန်တီးပေးနိုင်စွမ်းတော့မရှိပါဘူး။ ကမ္ဘာပေါ်မှာရှိတဲ့ လူတိုင်းက ဘုရားသခင်အလိုတော်ရှိတဲ့ ထိမ်းမြားခြင်းသဘောကို လိုက်နာရမယ့်အစား လူ့အတွေးအခေါ်နဲ့ ကြံစည်တဲ့အစီအစဉ်တိုင်းလိုက်ပြီး အိမ်ထောင် ရေးကိုတည်
ဆောက်၊ လက်ထပ်ထိမ်းမြားနေကြတာကြောင့် ဘုရားသခင်က လူတွေကို စိတ်ပျက်ပြီးအလိုမကျဖြစ်နေရပါတယ်။
ကျွန်ုပ်တို့၏လိုအပ်ချက်များနဲ့ ဘုရားသခင်ရဲ့ အကြံအစည်တော်။
လူရယ်လို့ဖြစ်လာပြီဆိုရင် လူတိုင်းမှာလိုအပ်ချက်တွေ ကိုယ်စီရှိ ကြပါတယ်။ တစ်ဦးနဲ့တစ်ဦး ရင်းနှီးနေဖို့ လိုပါတယ်။ ကိုယ့် စကားကို နားထောင် ပေးမယ့်မိတ်ဆွေ၊ နားလည်ဂရုစိုက်ပေးမယ့် သူငယ်ချင်းကောင်းတွေ ရှိနေဖို့ လိုအပ်ပါတယ်။ ကိုယ့်ခံစားချက် တွေအားလုံးကို ယုံယုံကြည်ကြည်ဖွင့်ဟနိုင်ဖို့ မိတ်ဆွေ၊ သူငယ်ချင်းကောင်း လိုအပ်ပါတယ်။
အဲဒီလို လိုအပ်နေတဲ့အရာတွေကို ဘုရားသခင်ကသိတော်မူတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ လိုအပ်မှုတွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ထိမ်းမြားလက်ထပ်ခြင်းဆိုတဲ့အရာကို ဘုရားသခင်က ကြံစည်ဖန်တီးပေးလိုက်တာ ပါ။
ဘုရားသခင်ကိုယ်တော်တိုင်က
“လူယောက်ျားသည် တစ်ယောက်တည်းမနေကောင်း၊ သူနှင့် တော်သော အထောက်အမကို သူ့အဖို့ငါလုပ်ဦးမည်။ ယော က်ျားသည် လည်း သူ၏မိဘကိုစွန့်၍ သူ၏ခင်ပွန်းနှင့် တစ်သွေးတစ်ကိုယ်တည်းဖြစ်ရ မည်”ဟု မိန့်တော်မူခဲ့ ပါတယ်။
ကျွန်တော်တို့ရဲ့ ဘုရားသခင်ဟာ ကြီးမြတ်လှပါတယ်။
အဲဒီဘုရားသခင်ကပေးတဲ့ “ထိမ်းမြားခြင်း”ကျေးဇူးအတွက် ဘု ရားသခင်ကို ချီးမွမ်းထောမနာပြုသင့်တယ် မဟုတ်လား။