အခန်း(၇) အေအိုင်ဒီအိတ်စ်။

အိတ်(စ်)ရောဂါလို့ခေါ်တဲ့ အေအိုင်ဒီအိတ်စ်ရောဂါဟာ များသော အားဖြင့် လိင်ဆက်ဆံရေးကနေ ရရှိနိုင်တဲ့ရောဂါဖြစ်ပါတယ် ။ ဒါကြောင့် ဒီ အခန်း(ရ)မှာ အိတ်(စ်)ရောဂါနဲ့ပတ်သက်ပြီး စာဖတ်သူများရဲ့ပြဿနာ၊ မေးခွန်း တွေကို ဖြေရှင်းပေးနိုင်မယ်လို့မျှော် လင့်မိပါတယ်။

အိတ်စ်ရောဂါဟာ လိင်ဆက်ဆံခြင်းကနေ ကူးစက်တယ်ဆို တာမှန်ပါသလား။

များသောအားဖြင့် အိတ်စ်ရောဂါသည်အများစုဟာ တစ်ဦးဦးနဲ့ လိင်ဆက်ဆံခြင်းကနေ ရရှိတာများပါတယ်။
ဒါ့အပြင်အိတ်စ်ရောဂါဟာ သွေးကနေလည်း ကူးစက်တတ်ပါ တယ်။ ဒါကြောင့် သူများရဲ့ သွေးကိုမထိမိဖို့လိုအပ်သလို ဆေးထိုးတဲ့အခါ မှာလည်း တစ်ခါထိုးဆေးထိုးအပ်တွေကိုတောင်းပြီး သုံးသင့်ပါတယ်။
ဒါကြောင့် အိတ်စ်ရောဂါကူးစက်နိုင်မှုက လိင်ဆက်ဆံခြင်းနဲ့ သွေးကနေ ကူးဆက်ခြင်းဟူ၍နှစ်မျိုးရှိတတ်ပါတယ်။ သွေးဖြင့် ကူးစက်မှုနဲ့ လိင်ဆက်ဆံခြင်းကြောင့်ကူးစက်မှုကို အချိုးချလိုက်ရင်(၁း၂၀)လောက်ရှိပါ တယ်။ ဒါကြောင့်အိတ်စ်ရောဂါဟာ လိင်ဆက်ဆံရေးကနေ အဓိကကူးစက် တယ်လို့ဆိုရမလို၊ ခန္ဓာကိုယ်ရှိအပေါက်များကနေ သွေးများကူးစက်ပြီး ရောဂါ ကူးစက်နိုင်တာ ကိုလည်း သတိပြုရမှာဖြစ်ပါတယ်။

အိတ်စ်ရောဂါရှိလျှက်နဲ့ ကိုယ့်ကိုယ်ကိုမသိဘဲရှိတတ်လား။
ဖြစ်တတ်ပါတယ်လို့ ဖြေရပါလိမ့်မယ်။ ဥပမာအနေနဲ့ အိတ်စ်ရောဂါရှိတဲ့ကောင်မလေးတစ်ယောက်နဲ့ လိင်ဆက်ဆံမိလို့ ကောင်လေးက ရောဂါရသွားတယ်ဆိုကြပါစို့။
ဒါပေမဲ့ အချိန်တော်ကြာတဲ့တိုင် သူ့မှာရောဂါရှိနေပြီလို့ ကောင် လေးကသိမှာမဟုတ်ဘူး။ ရောဂါပိုးတွေကလည်း နှစ်နဲ့ချီပြီး သူ့ရဲ့ခန္တာကိုယ် ထဲမှာ အလုပ်လုပ်နေမှာဖြစ်ပါတယ်။ အဲဒီအတောအတွင်းမှာတော့ သူဟာ ကျန်းမာနေတယ်လို့ ကောင်လေးက ထင်နေမှာဖြစ်တယ်။
ဒါပေမဲ့ နှစ်တွေကြာလာတဲ့အခါမှာ ရုတ်တရက်ကြီးဆိုသလိုပဲ ကောင်လေးဟာအားအင်တွေချိနဲ့လာပြီး အိတ်စ်ရောဂါပိုးတွေ ထလာမယ်။ ချောင်းတွေဆိုးလာမယ်။ အနာတွေပေါက်လာမယ်။ ရောဂါလက္ခဏာတွေအ မျိုးမျိုးပေါ်လာပြီးမှ ရောဂါရှိတာကိုသိရပါ တော့မယ်။
ဒါကြောင့် လူတစ်ယောက်ဟာရောဂါရှိပေမယ့် တော်ရုံတန်ရုံနဲ့ သိနိုင်ပါဘူး။ ရောဂါလက္ခဏာတွေပေါ်မှ သိနိုင်ပေမယ့်လည်း ကုလို့လည်းမရ တော့ဘူးလေ။

အိတ်စ်ရောဂါကို ဘယ်လိုရကြသလဲ။
“လူဝီစ်’ဆိုတဲ့ ကောင်မလေးတစ်ယောက်ရှိတယ်။ သူ့ခံယူချက် က လက်မထပ်ခင် လိင်ဆက်ဆံခြင်းမပြုဖို့ပဲ။ ဒါပေမယ့် သူမရဲ့ ခံယူချက် ကို သူ့ချစ်သူကလက်မခံတဲ့အတွက်၊ ချစ်သူအလိုကိုလိုက်ပြီး၊ သူမရဲ့ ဆန္ဒကို တစ်နေ့သူဖျက်လိုက်ရတယ်။
ဒါပေမယ့် မကြာပါဘူး။ သူမရဲ့ ချစ်သူနဲ့မှားယွင်းပြီး တစ်လခွဲ လောက်ရောက်တော့ သူ့ချစ်သူက သူမကိုစွန့်သွားခဲ့တယ်။ ‘ လူးစ်”အရမ်း ခံစားသွားတာပါပဲ။ ရူးမတတ်ကိုခံစားသွားတယ်။ အသည်းကွဲမတတ် ခံစား ခဲ့တယ်။ အဲဒီအချိန်မှာ အခြားကောင် လေးတစ်ယောက်က ချစ်ရေးဆိုလာပါ တယ်။ ကြေကွဲဝမ်းနည်းနေတဲ့ “လူးဝစ်’က အဲဒီကောင်လေးကို လွယ်လွယ်နဲ့ လက်ခံလိုက်တ ယ်။ အဲဒီကောင်လေးနဲ့လည်း လိင်ဆက်ဆံမှု ထပ်ပြုကြပြန် ရောပဲ။
ချစ်သူလေးနဲ့လိင်ဆက်ဆံခဲ့တဲ့အတွက် အိတ်စ်ရောဂါများရမလား ဆိုပြီး “လူးဝစ်”တစ်ခါတစ်ခါ စိုးရိမ်မိပါသေးရဲ့။ အိတ်စ်ရမှ ဂကိုတော့ “လူးဝစ်” အရမ်းကြောက်တယ်။ ဒါပေမယ့် ဒီကောင်လေးက ကျန်းမာတဲ့ ပုံရှိပါတယ်။ ရောဂါဆိုးတော့ရှိမှာ မဟုတ်ပါ ဘူးလေ”ဆိုပြီး သူ့ကိုယ်သူနှစ်သိမ့်တတ်တယ်။
အမှန်မှာတော့ ကောင်လေးကိုယ်တိုင်မသိပေမယ့် ကောင်လေးက အိတ်စ်ရောဂါရှိနေတဲ့လူဖြစ်ပါတယ်။ ဒါကြောင့် ရောဂါပိုး တွေဟာ ‘လူးစ်” ရဲ့ ကိုယ်ထဲကို ဝင်ရောက်သွားပါပြီ။ ။
နောက်ငါးနှစ်အတွင်းမှာ’လူးဝစ်’ဟာ ကောင်လေးနှစ်ယောက်နဲ့ လိင်ဆက်ဆံမှုထပ်ပြုလိုက်ပြန်တယ်။ ဒါကြောင့် “လူးဝစ်’ကို ယ်တိုင်က သူ့မှာ ရောဂါရှိမှန်းမသိဘဲနဲ့ သူများကို ထပ်ကူးလိုက်ပြန်ခြင်းဖြစ်လေတော့တယ်။
နောက်တစ်နှစ်မှာတော့ ‘လူးဝစ်’ရဲ့ ရောဂါလက္ခဏာ ပေါ်လာပါ တယ်။ တစ်ပါတ်ပြီးတစ်ပါတ် ဝမ်းလျှောရောဂါမသိမသာခံစ ရတယ်။ ခန္ဓာ ကိုယ်အလေးချိန်ဟာလည်း တဖြည်းဖြည်းလျော့ကျလာတယ်။ နောက်ဆုံးအခြေအနေရောက်မှပဲ သူဟာအိတ်စ် ရာဂါရှိနေကြောင်း “လူးဝစ်’သိနိုင်တော့ တယ်။
“လူးဝစ် ဘယ်လောက်ဝမ်းနည်းခံစားရရှာမလဲဆိုတာ စဉ်းစား ပေးပါဦး။ နောက်ဆုံး ဘုရားသခင်ရဲ့ တရားစီရင်ခြင်းကို သူ မအလွန် ကောက်ရွံ့ လျက်ရှိနေတယ်။ “ငါ၊ သေပဲသေပစ်လိုက်ချင်တယ်”ဆိုတဲ့ “လူးဝစ်”ရဲ့ငိုသံ၊ ညည်းတွားသံပဲကြားနေရတယ်။

“လူးဝစ်’လိုလူများအတွက် ခရစ်ယာန်များဘာလုပ်ပေးနိုင် မ လဲ။
ပထမအနေနဲ့ အိတ်စ်ရောဂါရှင်တွေကို ကျွန်တော်တို့ရဲ့ အိမ်တွေ မှာခေါ်ထားပြီး သူ့ရဲ့ အခက်အခဲ၊ ခံစားမှုတွေကို ကူညီဖြေ ရှင်းပေးနိုင်ပါ တယ်။ အိတ်စ်ရောဂါသည်တွေ အသုံးပြုမှီဝဲတဲ့ဆေးတွေကိုလည်း ပေးလို့ ရပါတယ်။ အချိန်ပိုင်းဖြစ်ဖြစ်၊ အချိန်ပြည့် ဖစ်ဖြစ် သူ့ကိုကူညီပေးလို့ရပါတယ်။ လုကာ၊ ၁၀း၃ဝ-၃၅ မှာ“သူ့ရဲ့နောက်လိုက်တွေဟာ သူတပါးကို ကူညီတတ် သူဖြစ်သင့်တယ် ”လို့ သခင်ယေရှုမိန့်ထားလို့ပါပဲ။
ဒုတိယလုပ်ငန်းအနေနဲ့ “ခရစ်တော်က မင်းကိုအမြဲကြည့်ရှုနေတယ်။ ဂရုစိုက်နေတယ်”ဆိုတဲ့သတင်းကောင်းကို ကျွန်တော် တို့ပြောပြလို့ရပါတယ်။ “လူးဝစ်”လိုရောဂါသည်တွေဟာ “သူတို့မိုက်ပြစ်ကြောင့် ဘုရားကသူတို့ကို ရှောင်ခွာသွားပြီ” လို့ခံစားတတ် ကတယ်။
အမှန်မှာတော့ သူတို့တွေကသာ အပြစ်လုပ်နေတာမဟုတ်ပါဘူး။ ကျွန်တော်တို့အားလုံးဟာ ပြစ်မှားတတ်ကြပါတယ်။ ကျွန် တော်တို့ရဲ့ အပြစ် တွေကြောင့် ငရဲကျသင့်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ အပြစ်အတွက် သခင်ယေရှုဟာ ကျွန်တော်တို့ရဲ့ အပြ
စ်တွေကို ယူဆောင်သွားပါပြီ။ သခင်ယေရှုပြုခဲ့တဲ့အမှုကြောင့် ကျွန်တော်တို့ဟာ ခွင့်လွှတ်ခြင်းကိုခံခဲ့ရပါပြီ။ ဒါကြောင့် အဲဒီကယ် တင်ရှင်ယေရှုကို ကယ်တင်ရှင်အဖြစ်လက်ခံရင် ကောင်းကင်ပြည်ကို ဝင်စားရမှာဖြစ်ပါတယ်။
ဒီကယ်တင်ခြင်းသတင်းဟာ ဘယ်လောက်ကောင်းမြတ်တဲ့ သ တင်းပါလဲနော်။ “လူးဝစ်’လိုလူတွေအတွက် ဘယ်လောက် ကောင်းတဲ့ သတင်း လဲနော်။ (ဒါကြောင့် ဒီသတင်းကောင်းကို ဝေမျှကြရအောင်)

ကျွန်တော့်အစ်ကိုက အိတ်စ်ရောဂါရှိနေလို့ သူ့ဆီကရောဂါကူး စက်ရမှာ ကြောက်စရာရှိပါသလား။
အစ်ကိုကအိတ်စ်ရောဂါရှိလို့ ကြောက်စရာအကြောင်းမရှိပါဘူး။ ထမင်းပန်းကန်အတူတူစားပေမယ့် ရောဂါမကူးစက်နိုင်ပါဘူး။ အင်္ကျီအတူ ဝတ်၊ အတူတူလေရှူ၊ အိမ်သာအတူတူသုံးစတဲ့ကိစ္စတွေ၊ လက်ချင်းတွဲတာ တွေ၊ နှာချေတာတွေနဲ့ ရောဂါမကူးစက်နိုင်ပါဘူး။
ဒါပေမဲ့ သူ့ရဲ့သွေးနဲ့ထိတွေ့တာတွေ။ ဆေးထိုးအပ်အတူတူ သုံးတာ တွေကနေ ရောဂါကူးစက်တတ်ပါတယ်။ ရောဂါမကူး ဘဲနဲ့ မင်းရဲ့ အစ်ကိုကို ဘယ်လိုပြုစုနိုင်တယ်ဆိုတာကို ဆရာဝန်တွေက ဝမ်းသာစွာနဲ့သင်ပေးမှာပါ။ ဒါကြောင့် ဆရာဝန်တွေနဲ့တိုင်ပင် ပါ။ ကူညီပါ။

အိတ်စ်ရောဂါကိုဘယ်လို ကာကွယ်ရမှာလဲ။
“သူတပါးရဲ့သွေးတွေကိုမထိဖို့နဲ့ သူများအသုံးပြုထားတဲ့ ဆေးထိုးအပ်တွေကို သေချာကျိုမထားရင် လက်မခံပါနဲ့လို့”ပဲ ဆရာတို့အနေနဲ့ ပြောချင်ပါတယ်။
ဒါပေမယ့် အိတ်စ်ရောဂါဟာ သွေးတွေထိတွေ့ခြင်းထက် လိင် ဆက်ဆံခြင်းကနေ ပိုပြီးကူးစက်ပါတယ်။ ပိုပြီးပျံ့နှံ့ပါတယ်။ ဒါကြောင့် ပိုပြီးအရေးကြီးတဲ့ စကားတစ်ခွန်းမှာချင်တာကတော့“အိတ်စ်ရောဂါရှိတဲ့လူနဲ့ လိင် ဆက်ဆံမှုလုံးဝမပြုပါနဲ့”လို့မှာချင်ပါ တယ်။
ပြဿနာတစ်ခုကတော့ မင်းအနေနဲ့ဘယ်လိုပုဂ္ဂိုလဟာ အိတ်စ် ရောဂါရှိပြီး၊ ဘယ်သူကမရှိဘူးဆိုတာ ခွဲခြားဖို့ခက်နေတော့၊ အကောင်းဆုံး ကတော့ လိင်ဆက်ဆံဖေါ် ဆက်ဆံဖက်တစ်ယောက်ပဲထားဖို့””ပါပဲ။ ဆို လိုချင်တာကတော့ မင်းလက်ထပ်တဲ့လူနဲ့ ပဲ လိင်ဆက်ဆံဖို့ပဲဖြစ်ပါတယ်။

ထပ်ပြီးပြောရရင်တော့
လက်မထပ်ခင် လိင်ဆက်ဆံမှုမပြုရ။ လက်ထပ်ပြီးရင် အိမ်ထောင်ဘက်ကို သစ္စာရှိပါ။ လိင်တူ ဆက်ဆံခြင်းကိုရှောင်ရှားပါ။
ကဲ၊ ဘယ်လောက် စိတ်ဝင်စားစရာကောင်းလဲနော်။ အိတ်စ် ရောဂါကို အကောင်းဆုံးကာကွယ်တားမြစ်နိုင်ဖို့ ဘုရားသခင် ဆီပြန်လှည့် ပြီး၊ သူ့ရဲ့စကားနားထောင်ပါ။ ဘုရားသခင်ရဲ့ စကားကိုနားထောင်ဖို့ အရမ်း ပဲလိုအပ်လှပါတယ်။ ဘုရားသခင်က ကျပ် းစာထဲမှာ
“အသက်ပျိုရွယ်စဉ်ကာလပေါင်းဖေါ်သော မယားနဲ့အတူပျော်မွေ့လော့ သူသည် စုံမက်တတ်သော သမင်မ၊ နှစ်လိုဖွယ်သော ဒရယ်မကဲ့သို့ဖြစ်၍ သူ၏သားမြတ်တို့သည် သင့်အလိုကိုပြေစေ၍ ချစ်သောစိတ်နဲ့အစဉ် ယစ်မူးလျက်နေလော့။ သင်သည်အမျိုးပျက်သောမိန်းမနဲ့ အဘယ့်ကြောင့်ယစ်မူးသနည်း။ ပြည့်တန်ဆာ၏ရင်ဘတ်ကို အဘယ်ကြောင့် ဖက်ရမ်းသနည်း။ သင်၏လမ်းခရီးကို ဘုရားရှင်မြင်တော်မူသည်ကို အောက်မေ့ သင်သွားရာလမ်းကို အမြဲကြည့်နေတော်မူ၏။ အဓမ္မပြုသောသူသည် မိမိပြုသောအပြစ်ကြောင့် ချည်နှောင်ခြင်းခံရမည်။(သုတ္တံ၊ ၅း၁၈-၂၂)

“မိန်းမနဲ့ပေါင်းဖေါ်သကဲ့သို့ ယောက်ျားချင်းပေါင်းဖေါ်လျှင် ထိုသူနှစ်ယောက်တို့သည် ရွံရှာဖွယ်အမှုကိုပြုသောကြောင့် အ သေသတ်ခြင်းကို အမှန်ခံရမယ်။ သေထိုက်သော အပြစ်ရှိ၏။ (ဝတ်ပြုရာ-၂၀း၁၃)

“မတရားသောမေထုံ၌ မှီဝဲသူ၊ ရုပ်ထုကိုးကွယ်သောသူ၊ သူ့မ ယားပြစ်မှားသောသူ၊ ယောက်ျားချင်း မေထုံပြုသူများ၊ ဘုရား သခင်၏နိုင်ငံတော်ကို မခံကြ။ အထက်ကသင်တို့တွင် အချို့
သောသူတို့သည် ထိုသို့သောသူဖြစ်ကြသော်လည်း ယခုတွင်သ ခင်ယေရှုနာမတော်အားဖြင့်၊ ငါတို့ဘုရားသခင်၏ဝိညာဉ်တော် အားဖြင့် ဆေးကြောသန့်ရှင်း၍ ဖြောင့်မတ်ရာသို့ရောက်ကြပြီ။ (၁ကော၊ ၆း၉-၁၁)

လိင်ဆက်ဆံခြင်းကို ကျွန်တော်ဘယ်လိုပဲရှောင်ရှောင်၊ ကျွန်တော်ယူတဲ့ ကောင်မလေးမှာ အိတ်စ်ရောဂါရှိနေရင် ကျွန်တော် လည်း ရောဂါရသွားမှာပဲမဟုတ်လား။ ဒီအချက်နဲ့ပတ်သက်လို့ မင်းဖက်ကလုပ်နိုင်တာ အချက်(၂)ချက် ရှိပါတယ်။

၁။ မင်းလက်ထပ်မဲ့သူကို သေချာရွေးထားပါ။

လက်ထပ်ဖို့ စိတ်မလောပါနဲ့။ လက်ထပ်မဲ့သူရဲ့ အကျင့်စရိုက်ကိုကြိုသိထား ပါ။ မင်းရည်ရွယ်တဲ့ကောင်မလေးဟာ မင်းနဲ့မယူခင်၊ လူများနဲ့လိင်ဆက်ဆံခဲ့ပြီလား။ သူဟာ ပေါ့ပျက်ပျက်မိန်းကလေးလားဆိုတာ
သေချာစဉ်းစားလေ့လာပါ။ အိတ်စ်ရောဂါ များရှိနေမလား။ ဒါမှမဟုတ် ကိုယ်ဟာသန့်ရှင်းသလို သူလည်းသန့်ရှင်းနေ မလား။ ဒါတွေ စဉ်းစားသင့်ပါတယ်။
တကယ်တော့ အမှန်သိဖို့မလွယ်ပါဘူး။ ကောင်မလေးတစ် ယောက်ကိုလေ့လာဖို့ ဒီလောက်ခက်ခဲနေတာ မိန်းကလေး(၄၅) ယောက်နဲ့ လိင်ဆက်ဆံခဲ့တဲ့ကောင်လေးတွေအတွက် ပိုပြီးမခက်ပေဘူးလား။ အဲဒီ လူတွေရောဂါမရှိဘူးလို့ ဘယ်လိုသေချာနိုင်မလဲ။ သူတို့တွေဟာ တကယ်မ သေချာပါဘူး။ ဒါကြောင့် လူများစွာနဲ့ဆက်ဆံတဲ့လူက ပိုပြီးရောဂါရလေ ဖြစ်ပါတယ်။

၂။ ဆေးခန်းသွားပြီး စစ်ကြည့်ပါ။

လက်မထပ်ခင် ဆေးခန်းသွားပြီး အိတ်စ်ရောဂါနဲ့ တခြားရောဂါရှိ၊ မရှိသွေးစစ်တာဟာ နှစ်ယောက်စလုံးအတွက် အကောင်းဆုံးဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် စိတ်မချခြင်းမဟုတ် ပါ။ ကြိုတင်ကာကွယ်မှုအတွ က် အကောင်းဆုံးပြင်ဆင်မှုပဲဖြစ်ပါတယ်။

သူ့မိုက်ပြစ်ကြောင့်အိတ်စ်ရတဲ့လူကို ကူညီသင့်သလား (သို့မ ဟုတ်) သူ့အပြစ်နဲ့သူ ခံသင့်သလား။
သူ့ကိုကူညီပါ။ လူတွေကိုချစ်ဖို့ဟာ ဘုရားသခင်ရဲ့ အလိုတောပါ ပဲ။ အပြစ်စီရင်ခြင်းဟာ ခရစ်တော်ရဲ့ အလုပ်ပါ။ ၁သက်၊ ၅း၁၅မှာ “လူတိုင်းအ ပေါ် ကောင်းမှုကုသိုလ်ပြုကြပါ”လို့ဆိုထားတယ်။ ပြီးတော့ (၁ပေ၊ ၄း၈)မှာ “အရာရာမှာ အချင်းချင်းချစ်ကြပါ။”လို့ ဆိုထားပါတယ်။ ၂ကော၊ ၅း၁ဝမှာ “ကျွန်ုပ်တို့အားလုံး ခရစ်တော်ရှေ့မှာမတ်တပ်ရပ်လျက် ခရစ်တော်က တရားစီရင်လိမ့်မယ်”လို့ ရေးထားတာကိုလည်းတွေ့ရပါတယ်။

ဘုရားသခင်ကိုမယုံကြည်တဲ့လူတွေ အိတ်စ်ရောဂါ ဘယ်လို ကာကွယ်ကြမလဲ။
ဘုရားသခင်ကို မယုံကြည်တဲ့လူတွေရဲ့ စကားကို အောက်မှာဖေါ်ပြပေးထားပါတယ်။ သူတို့ရဲ့ သွန်သင်မှုနဲ့ ခရစ်တော်သွန်သင်မှုကို နှိုင်းယှဉ် လို့ရပါတယ်။

လောကီဆန်တဲ့ သွန်သင်မှု။
ဗွီ ရောဂါကာကွယ်နိုင်ရန်။
(၁)အိတ်စ်ရောဂါရှိတယ်လို့ထင်ရသူနဲ့ လိင်ဆက်ဆံမှုမပြုမိစေဖို့ ရှောင် ပါ။ ဒါပေမယ့် လူတစ်ယောက်ရဲ့ အပြင်ပန်းသဏ ဝန်ကိုကြည့်ပြီး ရောဂါရှိ၊ မရှိ မသိနိုင်တဲ့အတွက် လူအများနဲ့လိင်ဆက်ဆံခြင်းမပြုတာ အကောင်းဆုံး ဖြစ်ပါတယ။
(၂) လူတစ်ယောက်ဟာ အခြားလူတစ်ယောက်နဲ့ လိင်ဆက်ဆံ ဖူးတာသိရင် အဲဒီလူနဲ့လိင်ဆက်ဆံမှုမပြုပါနဲ့တော့။
(၃) လူတစ်ယောက်နဲ့ လိင်ဆက်ဆံတိုင်း သုတ်ရည်တွေမထိမိ ဖို့ သတိထားပါ။ လိင်ဆက်ဆံတဲ့အခါမှာ အစကနေအဆုံး အထိ အကာအ ကွယ် (ကွန်ဒုံး)ဆောင်ပါ။
(၄) တခြားသူတွေရဲ့ သွေးကို မထိပါစေနဲ့။

ခရစ်ယာန်တို့ရဲ့ သွန်သင်မှု
ဗွီ ရောဂါကာကွယ်နိုင်ရန်

(၁) ဘုရားသခင်ရဲ့ အလိုတော်အတိုင်းနာခံပြီး လက်မထပ်ခင် လိင်ဆက်ဆံခြင်းမပြုပါနဲ့။
(၂) လက်ထပ်မယ့်သူကို ကောင်းကောင်းရွေးချယ်ပါ။ “ငါကသန့် ရှင်းသလို၊ သူရောသန့်ရှင်းမလား” ဆိုတာကို သေချာစဉ်းစားပါ။ ဖြစ်နိုင်ရင် လက်မထပ်ခင်သွေးစစ်ပါ။
(၃) လက်ထပ်ပြီးတဲ့အခါမှာ သူတပါးနဲ့ဖောက်ပြန်ခြင်း၊ လိင်တူ ဆက်ဆံခြင်းတွေမပြုဘဲ၊ ဘုရားသခင်အလိုတော်အတိုင်း သင့်အိမ်ထောင်ဖက်နဲ့သာ လိင်မှုပြုသင့်ပါတယ်။
(၄) သူတပါးရဲ့ သွေးကို မထိမိပါစေနဲ့။

အိတ်စ်ရောဂါသည်မိခင်က သူ့ကလေးကိုရောဂါ ကူးစက်နိုင်ပါသလား။
မိခင်တစ်ဦးကနေ သူ့ကလေးကို ရောဂါကူးစက်နိုင်ပါတယ်။ ကျွန် တော်တို့ဇနီးမောင်နှံဆီပို့လိုက်တဲ့ စာတစ်စောင်ကိုလေ့လ ကြည့်ရအောင်။
ကျွန်တော်နှင့် ကျွန်တော့်ဇနီးတို့ဟာ အလွန်ချစ်ကြပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့သုံးနှစ်လောက်က သူ့ကို ကျွန်တော်သစ္စာမဲ့ခဲ့ တယ်။ (ကျွန်တော်သင်္ဘောလိုက်ရင်း ကောင်မလေးတစ်ယောက်နဲ့ ချစ်ကြပြီး၊ မှားယွင်းခဲ့ကြတယ်။)
ပြီးခဲ့တဲ့တစ်လအထိ ကျွန်တော်ရောဂါလက္ခဏာဘာမှ မပြခဲ့ဘူး။ ဒါပေမယ့် ခုတလော ချောင်းဆိုး၊ ကိုယ်ပူဖြစ်ပြီး ဂဏှာမ ငြိမ်ဖြစ်ပါတယ်။ စိတ်လည်းလှုပ်ရှားလာပါတယ်။
ဆေးရုံကိုပြတော့ ကျွန်တော်နဲ့ကျွန်တော့်ဇနီးသည်တို့ နှစ် ယောက်စလုံးအိတ်စ်ရောဂါရှိနေကြောင်း ဆရာဝန်ကပြောပြပါ တယ်။ (သင်္ဘောပေါ်တွေ့ခဲ့တဲ့ ကောင်မလေးဆီကဒီရောဂါရပြီး ကျွန်တော့်မိန်းမ ကို ကူးသွားခြင်းဖြစ်ဖွယ်ရှိပါတယ်။)
အဓိကပြဿနာက ‘အပြစ်မဲ့တဲ့ ကျွန်တော့်ဇနီးရဲ့ ဗိုက်ထဲက ကလေးလည်းဒီရောဂါရနိုင်တယ်’ဆိုတဲ့ ဆရာဝန်ရဲ့ ပြောဆိုမှုပါပဲ။ “ဒီက လေးဟာ အိတ်စ်ရောဂါနဲ့မွေးဖွားလာလိမ့်မယ်”ဆိုတဲ့စကားဟာ အင်မတန် ထိတ်လန့်စရာကောင်းတာပဲ ဆရာရယ်။
ဒီစာကိုကြည့်ခြင်းအားဖြင့် ဘုရားသခင်ရဲ့ စကားကို ဘယ်လောက် နားထောင်သင့်တယ်ဆိုတာကို တွေ့ရပါတယ်။ ဘုရားသ ခင်ရဲ့ စကားကိုနားမ ထောင်တဲ့အခါမှာ အပြစ်မဲ့တဲ့ကျွန်တော်တို့ရဲ့ ဇနီးသားသမီးတွေပါခံစားရပြီး အိမ်ထောင်ရဲ့ မချမ်းမြေ့ဖွယ်ဖြစ်ရ ပ်ကိုတွေ့ရပါတယ်။ ။
ဒီပေးစာလေးအားဖြင့်လည်း ကျွန်တော်တို့ကိုသတိပေးနေပါတယ်။ အိတ်စ်ရောဂါ ခံစားနေရသူတွေဟာ အားငယ်နေကြပါတ ယ်။ ဒါကြောင့်သူ တို့ဟာ ကျွန်တော်တို့ရဲ့ချစ်ခြင်းမေတ္တာနဲ့ ခရစ်တော်ရဲ့ချစ်ခြင်းမေတ္တာကို တောင့်တနေကြတာမို့၊ ဒီရောဂါခံစားနေ သူတွေကို ကူညီဖေးမမှုကိုပေးရမှာဖြစ်ပါ တယ်။

Author
Thang No

Further reading

အခန်း(၆) လိင်ဆက်ဆံခြင်း

ထိုအကြောင်းကြောင့်ယောက်ျားသည် ကိုယ်မိဘကိုစွန့်၍၊ ကိုယ် ခင်ပွန်း၌မှီဝဲသဖြင့် ထိုသူတို့သည် တစ်သားတစ်ကိုယ်တ ည်းဖြစ်ရမည်။ (ကမ္ဘာဦး၊ ၂း၂၄)။ ဘုရားသခင်ရဲ့...

အခန်း(၅) မိဘကိုစွန့်ခြင်း။

အခန်း(၅) မိဘကိုစွန့်ခြင်း။ အကြောင်းမူကား ယောက်ျားသည်ကိုယ်မိဘကိုစွန့်၍၊ ကိုယ်ခင် ပွန်း၌မှီဝဲသဖြင့် ထိုသူတို့သည် တစ်သားတစ်ကိုယ်တည်း...

အခန်း(၄) အချစ်စစ်ကို ဆန်းစစ်နည်း(၈)မျိုး။

အခန်း(၄) အချစ်စစ်ကို ဆန်းစစ်နည်း(၈)မျိုး။ “မာသနဲ့ကျွန်တော်ဟာ တစ်ယောက်နဲ့တစ်ယောက်ချစ်နေကြပါ တယ်။ သူ့ကိုလည်။ ကျွန်တော်လက်ထပ်ချင်ပါတယ်။ ဒါ ပမယ့် ကျွန်...

အခန်း(၃) အချစ်။

အခန်း(၃) အချစ်။ ဒီကနေ့မျက်မှောက်ခေတ်မှာ အချစ်ဆိုတဲ့အရာနဲ့ပတ်သက်လို့ အ ကြောင်းအရာပေါင်းများစွာကို ကျွန်တော်ကြားသိခဲ့ရပါတ ယ်။ လူငယ်တော်...

အခန်း(၂) မိန်းမက သူ့လင်ယောက်ျားကို အရိုအသေပြုသင့်သလား။

ယောက်ျားတစ်ချို့က အဲဒီလိုမကြာမကြာပြောတတ်ကြပါတယ်။ အဲဒီလိုခံယူထားတဲ့ ရှေးရိုးစဉ်အလာ လက်ထပ်ထိမ်းမြားခြင် းက ကောင်းပါသ လား။ ဒါမှမဟုတ် ဒီထက်ကောင်းမွန်တဲ့...

အခန်း(၁) လက်ထပ်ခြင်း (သို့) အနက်ရှိုင်းဆုံးပေါင်းသင်းဆက်ဆံမှု။

အခန်း(၁) လက်ထပ်ခြင်း (သို့) အနက်ရှိုင်းဆုံးပေါင်းသင်းဆက်ဆံမှု။ သူမ…။ သူမကို စတင်တွေ့ခဲ့တဲ့နေ့ကို “ဂျက်’မေ့နိုင်တော့မည်မဟုတ်။ “ဂျက်”သည်...

Instagram feed @newdreammedia

Instagram has returned empty data. Please authorize your Instagram account in the plugin settings .