အခန်း(၆) လိင်ဆက်ဆံခြင်း

ထိုအကြောင်းကြောင့်ယောက်ျားသည် ကိုယ်မိဘကိုစွန့်၍၊ ကိုယ် ခင်ပွန်း၌မှီဝဲသဖြင့် ထိုသူတို့သည် တစ်သားတစ်ကိုယ်တ ည်းဖြစ်ရမည်။
(ကမ္ဘာဦး၊ ၂း၂၄)။

ဘုရားသခင်ရဲ့ အစီအစဉ်ဟာ အံ့သြဖွယ်ကောင်းလှပါတယ်။ ယောက်ျား က သူ့မိဘကိုစွန့်ပြီး ဇနီးသည်နဲ့ပျော်ပျော်ရွှင်ရွှင်အ တူနေပြီး၊ တစ်သွေးတစ် ကိုယ်တည်းဖြစ်ရမယ်လို့ဆိုထားပါတယ်။ ဆိုလိုချင်တာကတော့ ဘုရားသခင် ပေးတဲ့ခန္ဓာကိုယ်၊ လိင်ဆက် ဆံမှုတွေမှာပျော်မွေ့နေခြင်းကို ဆိုလိုခြင်းဖြစ် ပါတယ်။
ဗွီဒီယို၊ မဂ္ဂဇင်းတော်တော်များများက ဒီလိင်ဆက်ဆံမှုတွေကိုတင် ဆက်တဲ့နေရာမှာ ညစ်ညစ်ညူညူနဲ့ဖော်ပြတတ်ပါတယ်။ သီချင်းတက္သီ ချင်းလို့ခေါ်တဲ့ ရှောလမုန်သီချင်းကိုဖတ်ကြည့်မယ်ဆိုရင်တော့ အမျိုးသမီးက သူ့ချစ်သူအမျိုးသားကို သီချင်းနဲ့ဖွဲ့ နွဲ့ခဲ့တာကိုတွေ့ရပါတယ်။
သခင်နှုတ်ဆက်သော နမ်းခြင်းနှင့်ကျွန်မကိုနမ်းပါစေ။
ကိုယ်တော်ရဲ့ မေတ္တာဟာ စပျစ်ရည်ထက်ကောင်းပါ၏။
ငါချစ်ရာသခင်သည် ငါ၌’မုရန် နံ့သာပုံဖြစ်၏။
ငါ့ရင်အုံကြားမှာ တစ်ညဉ့်လုံးအိပ်ရမည်။ (၁း၁၃)
ငါချစ်ရာသခင်သည် အဆင်းလှ၍၊ ချစ်ဖွယ်သောအဆင်းနှင့် ပြည့်စုံတော်မူ၏။
ငါ့အိပ်ရာခင်းသည် စိမ်းသောအဆင်းရှိ၏။ (၁း၁၆)
သူ၏လက်ဝဲဘက်သည် ငါ့ခေါင်းကိုထောက်မလျှက် ညာလက်ဖြင့် ငါ့ကိုဖက်လျက်နေ၏။ (၂း၆)

သင့်ချစ်သူက
“ ငါ့ချစ်သူ
မင်းနှုတ်ခမ်းဟာ ပျားလပို့လိုယိုတတ်ပြီး
မင်းရဲ့လျှာအောက်မှာ နို့နဲ့ပျားရည် စီးဆင်းနေရဲ့။
မင်းဟာ
သူများတွေအဖို့ ကာတားတဲ့ဥယျာဉ်
သလဲပင်တွေပြည့်တဲ့ အချိုဆုံးအသီးသီးတဲ့ ဥယျာဉ်ပေါ့” လို့ပြန်ဆိုလိုက်တယ်။ (၄း၁၁-၁၃)။ သူတို့ချစ်သူနှစ်ဦးဟာ တကယ်ပဲအားကျပျော်ရွှင်ဖွယ်ကောင်းတဲ့ စုံတွဲတွေပါပဲ။
“လာပါ၊ ငါ့ချစ်သူ
မင်းရဲ့ ဥယျာဉ်က အသီးတွေကိုစားကြစို့” (၄း၁၆)လို့ ချစ်သူကို ခေါ်ဖိတ်တဲ့အခါမှာလည်း
“ကျွန်မရဲ့ဥယျာဉ်ထဲကို လာပါပြီ။ ကျွန်မရဲ့ ပျားလပို့ကိုစားကြစို့” (၅း၁)လို့ ချစ်သူကပြန်သီကြွေး လိုက်တယ်။
ချစ်သူနှစ်ယောက်ရဲ့ သီချင်းတွေကို မှတ်သားဖို့အလွန်သင့်ပါတယ်။ အကြင်လင်မယားဖြစ်ခြင်းမှာ ပျော်ရွှင်တဲ့ဆက်ဆံရေးဟာ အင်မတန်လိုအပ်လှပါတယ်။
လိင်ဆက်ဆံမှုဟာ ရင်သွေးငယ်တွေကိုမွေးဖွားစေရေး တစ်ခုတည်း အတွက်မဟုတ်ပါ။ ဘုရားသခင်ရဲ့ အကြံအစည်တော် ကတော့ ယောက်ျားက မိဘကိုစွန့်ပြီး ပျော်စရာကောင်းတဲ့ဘဝတည်ဆောက်ဖို့ပါပဲ။ ။
အကြင်လင်မယားအဖြစ် လိင်ဆက်ဆံခြင်းမှာလည်း၊ ရင်သွေးငယ် မွေးပေါက်ဖွားစေခြင်းထက် ချစ်သူနှစ်ဦးရဲ့ ချစ်မေတ္တာခိုင် ပဲစေဖို့ဟာ ဘုရားသခင် ရဲ့အလိုတော်ပဲဖြစ်ပါတယ်။ မိဘကိုစွန့်ပြီး ချစ်သူနဲ့အတူနေစေခြင်းကလည်း လင်မယားရဲ့ လွတ်လပ်မှုအတွက် ဘုရားသခင်ရဲ့အကြံအစည်တော်ပါ။
အိမ်ထောင်တည်ဆောက်ရာမှာ ပျော်ရွှင်တဲ့အိမ်ထောင်ဖြစ်ဖို့ ဘုရား သခင်အလိုတော်ရှိတယ်။ ဒီအကြောင်းကို (၁ကော၊ ၇◌း၅မှာ
“အချင်းချင်းခင်ပွန်းဝတ်ကိုမပယ်၊ မရှောင်ကြနှင့်” လို့ဆိုထားပါတယ်။
ဒါကြောင့် လိင်ဆက်ဆံမှုဟာ အိမ်ထောင်ရှင်တွေအဖို့ ဘုရားသခင် ပေးထားတဲ့ဆုကျေးဇူးပါပဲ။ ဒါပေမယ့် ဒီဆုကျေးဇူးဟာ အိမ်ထောင်ရှင်တွေအတွက်သာ ဖြစ်ကြောင်းကိုတော့ သတိပြုရမှာဖြစ်ပါတယ်။ အိမ်ထောင်ပြုခြင်း မရှိဘဲ လိင်ဆက်ဆံခြင်းပြုတာ က ဘုရားသခင်တားမြစ်တဲ့အပြစ်တရားထဲမှာ ပါပါတယ်။

(၁ကော၊ ၆း၉)။
“မတရားသောမေထုံ၌မှီဝဲသူ၊ ရုပ်တုကိုးကွယ်သူ
သူ့မယားကိုပြစ်မှားသူ၊ ယောက်ျားချင်းမေထုံမှီဝဲသူ
သူဥစ္စာကိုခိုးသူ၊ သေရည်သေရက်နဲ့ယစ်မူးသူ
လောဘလွန်ကျူးသူ၊ အနိုင်အထက်ပြုသူတို့
ကောင်းကင်နိုင်ငံမဝင်ကြရ”တဲ့။
ဘုရားသခင်ရဲ့ ဖန်ဆင်းခြင်းဟာ ထူးဆန်းလှပါတယ်။ ဘုရားသခင် က လိင်မှုကိစ္စနဲ့လက်ထပ်ထိမ်းမြားခြင်းကို တပါတည်းဖန်ဆင်းလိုက်ပါတယ်။ ဒီနှစ်ခုကိုခွဲခြားပြီးမထားခဲ့ပါဘူး။ လိင်ကိစ္စနဲ့ လက်ထပ်ခြင်းဟာ ဒွန်တွဲနေပါ တယ်။
ဒါကြောင့် လက်မထပ်ဘဲလိင်ဆက်ဆံမှုမှာ စစ်မှန်တဲ့ပျော်ရွှင်ကြည်နူးမှုကို မရနိုင်တာဖြစ်ပါတယ်။
ဘယ်လိုပဲဆိုဆို ဘုရားသခင်ကိုကြောက်ရွံ့ရိုသေပြီး၊ အလိုတော် နဲ့အညီချစ်ကြိုက်ကြပြီး၊ ထိမ်းမြားလက်ထပ်သူများသာ ဘုရားသခင်ပေးတဲ့ လိင်ဆက်ဆံမှုရေးရာ၊ အထွတ်အထိပ်ပျော်ရွှင်မှုကို ရရှိနိုင်ကြပါတယ်။

ယောက်ကျားနှင့်မိန်းမတို့သည် သူတို့၏မိဘများကိုစွန့်ရမည်။ သို့သော် လိုအပ်သည်များကိုကြည့်ရှု ဆက်၍ချစ်ရမည်။မိဘကိုစွန့်ပြီးနောက် တစ်ယောက်နှင့်တစ်ယောက် ပို၍ရင်းနှီး ကျွမ်းဝင်လာစေသည်။
လင်နှင့်မယားသည် လိင်ဆက်ဆံခြင်းကိုပြု၍ ပျော်ရွှင်မှုကို အချင်းချင်းပေးကြရမည်။

ဒါကြောင့် လက်ထပ်ထိမ်းမြားခြင်းဆိုတာ

သင်ကလေးမရနိုင်တဲ့အခါ။
တစ်ခါတစ်လေ ကျန်းမာရေးကြောင့် ရင်သွေးငယ်ကလေးများ မမွေးနိုင်တာတွေရှိတတ်ပါတယ်။ ဒီလိုမရရှိတာကို “လက်ထ ပ်မှုမှာ ဆုံးရှုံးအ ကျိုးမပေးဖြစ်နေသလား” ဆိုပြီးမေးရင်လည်း “မဆုံးရှုံးပါဘူးလို့ပဲဖြေရပါလိမ့် မယ်။
“လက်ထပ်တာဟာ ကိုယ့်မိဘကိုစွန့်ပြီးကိုယ့်ဇနီး၊ ခင်ပွန်းသည် နဲ့အတတကွ ပျော်ရွှင်ကြည်နူးဖို့”လို့ ကျမ်းစာထဲမှာဆိုထား ပါတယ်။ “က လေးမွေးဖွား၊ ထုတ်လုပ်ဖို့”လို့ ဆိုမထားပါဘူး။
ဒါကြောင့် ရင်သွေးကလေးတွေမရဘူးဆိုရင်လည်း စိတ်မပျက် သင့်ပါဘူး။ မင်္ဂလာဆောင်ရခွင့်ဟာ ဘုရားသခင်ပေးတဲ့ကေ ာင်းကြီး မင်္ဂလာ ပါပဲ။ ကိုယ်နဲ့ကိုယ့်ဇနီးဟာ ဖြစ်နေတဲ့ဘဝမှာပျော်ရွှင်မှုကို ဖန်တီးနိုင်ပါတယ်။
ကလေးမွေးခြင်းသာလျှင် ဘုရားသခင်ရဲ့ အကြီးမားဆုံး၊ အကောင်း ဆုံးကောင်းကြီးမင်္ဂလာမဟုတ်ပါဘူး။ အမျိုးသမီးတစ်ဦးရဲ , အဓိကတာဝန်၊ လုပ်ဆောင်သင့်တာကတော့ ကိုယ့်ခင်ပွန်းနဲ့ရင်းနှီးချစ်ခင်မှု ကိုရယူဖို့ပါပဲ။
ပြီးခဲ့တဲ့အပတ်က ကျွန်တော့်မိတ်ဆွေဟောင်းတစ်ဦးနဲ့ တွေ့ကြ ပါတယ်။ အဲဒီမိတ်ဆွေနဲ့မတွေ့ဖြစ်ခဲ့တာ (၁၀)နှစ်လောက် ကာပါပြီ။
“ဟေး- ဘရစ်တင်တို့ လင်မယားပါလား”လို့ တအံ့တဩခေါ်ပါ တယ်။ ပြီးတော့ သူကပဲ“ငါ့ပြဿနာကို မင်းတို့နဲ့တိုင်ပင်ဖို့လာတာကွ။ တွေ့ရတာ ငါအရမ်း ဝမ်းသာတယ်ကွာ” လို့ပြောလိုက်တယ်။ “တိုင်ပင်ဖို့ဟုတ်လား။ ဘာပြဿနာများလဲ”
“ငါ့မိန်းမပေါ့ကွာ။ ကလေးမရလို့ဆိုပြီး အချိန်ရှိတိုင်းငိုနေတော့ တာပဲ။ ငါတို့ဆရာဝန်နှစ်ယောက်နဲ့ပြခဲ့တာလည်း ကလေးမ ရနိုင်ဘူးလို့ပြော ကြတယ်။ ဒီတော့ အံ့ဖွယ်နိမိတ်လက္ခဏာတွေပြုပြီး၊ ကလေးရနိုင်စေဖို့ ဘုရားသခင်ဆီကိုပဲ ငါတို့ဆုတောင်းကြတ ယ်။ ဒါပေမယ့်ကွာ၊ ရလာမယ့်ပုံ လည်းမပေါ်တော့ မိန်းမက သူ့ကိုသူအသုံးမကျဘူးဆိုပြီး ငိုငိုနေတော့တာပဲ။ ငါသူ့ကိုချော့လို့လည် မရဘူး”လို့ သူကျွန်တော်တို့ကို ရှင်းပြပါတယ်။
ဒီကြောင်းကြားသိလိုက်ရတာဟာ ကျွန်တော်တို့အတွက်အရမ်းကို ကောင်းသွားပါတယ်။ အကြောင်းက ကျွန်တော်တို့ဇနီးမေ ဂင်နှံအနေနဲ့ သူ့ဇနီးကို အမှာစကားကောင်းကောင်းပါးလိုက်ခွင့်ရလို့ပါပဲ။ ကျွန်တော်တို့မှာလိုက်တဲ့ စကားတွေက
“”မင်းဟာ အသုံးမကျဘူးဆိုတာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆို ရင် ဘုရားသခင်က ကလေးတွေကိုမွေးဖွားဖို့ မိန်းမကိုငါ ဖန်ဆင်းမယ်လို့ မ ဆိုထားဘူး။ ယောက်ျားဟာ တစ်ယောက်တည်းမနေကောင်း၊ သူအဖို့ မိန်းမကို ငါဖန်ဆင်းမယ်”လို့ပဲဆိုထားပါ တယ်။ ဒါကြောင့်ဘုရားသခင်က မင်းတို့လင်မယားပျော်ရွှင်နေတာကိုပဲ အလိုတော်ရှိပါတယ်။ မင်းတို့နှစ်ယောက် ပျော်ရွှင်လာအောင် ကြိုးစားကြစမ်းပါ။ ကိစ္စမှန်သမျှ ဆွေးနွေးကြစမ်းပါ။ ပြီးတော့ ဝမ်းနည်းမှု၊ ပျော်ရွှင်မှုတွေကို အတူတူဝေမျှခံစားလိုက်ကြစမ်းပါ။ “က
လေးမ ရနိုင်ပေမယ့် ကိုယ်တော့်ကို ကျွန်တော်တို့ချစ်နေပါတယ်။ ကိုယ်တော့်ရဲ့ အမှု တော်ကို ပျော်ပျော်ကြီးထမ်းဆောင်ပါ့မယ်”လို့ ချီးမွမ်းကြစမ်းပါ” ဆိုတဲ့ အားပေး စကားတွေပဲဖြစ်ပါတယ်။
“ဝမ်းမနည်းကြပါနဲ့”လို့တော့ ကျွန်တော်တို့မမှာလိုက်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုမျိုးပြဿနာဟာ ဇနီးမောင်နှံတွေ အတွက်စိတ်မကောင်း စရာဖြစ်တတ်ပါတယ်။ ဒါကြောင့်

“ဝမ်းနည်းပြီးတော့ငိုမနေဘဲ ဘုရားသခင့်အမှုတော်ကို ထမ်း ဆောင်ပါ”လို့ပဲ ကျွန်တော်တို့တိုက်တွန်းလိုက်တာပါ။
ရင်သွေးကလေးတွေမရတဲ့ တစ်ချို့ဇနီးမောင်နှံတွေဟာ ဘုရား သခင်ရဲ့ အမှုတော်အတွက် ကလေးရှိသူတွေထက် အချိန်ကို ပိုပြီးပေးဆပ်၊ ဆက် ကပ်နိုင်ကြပါတယ်။ ကလေးမရှိတဲ့ဇနီးမောင်နှံတစ်ချို့ဟာ လူနာတွေဆီသွားပြီး အားပေးတာတို့၊ မိဘမဲ့က လေးတွေကိုပြုစုတာတို့နဲ့ မရှိဆင်းရဲသားတွေကို ကူညီတဲ့အမှုတွေမှာ သူတို့သားရင်း၊ သမီးရင်းတွေကိုပြုစု ရသလိုပြုတတ် ကြပါတ ယ်။
ဒီလိုပြုခြင်းအားဖြင့်လည်း သူတို့ဟာအလုပ်ထဲမှာပျော်ရွှင်ကြ ပြီး၊ သူတို့ကလေးမရှိတာကို မေ့လျော့တတ်ကြရင်း ဘုရားသခင့်အမှု တော်မှာ အစွမ်းထက်နေ တတ်ကြပါတယ်။

အနှစ်နှစ်ရာလောက်တုန်းက။
ယနေ့ခေတ်မှာ ကျွန်တော်တို့လူသားအားလုံးက ဘဝရဲ့ အစပြုပုံ အကြောင်းတွေကို သိရှိနိုင်ကြပါတယ်။ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်အင်္ဂါက အလွန်သေးငယ်ပြီး၊ အဏုကြည့်ကိရိယာနဲ့သောတွေ့မြင်ရတဲ့ ဥကလေး တွေကို အုပါတယ်။ အမျိုးသမီးတစ်ဦး ဟာ ယောက်ျားတစ်ယောက်နဲ့ လိင် ဆက်ဆံရင်း သူ့ရဲ့မျိုးဥဟာ ယောက်ျားသုတ်ကောင်နဲ့တွေ့ထိပြီး အောင်မြင် ရင် “ဘဝ” ဆိုတာ စခဲပါတယ်။ အဲဒီမျိုးဥနဲ့သုတ်ကောင်ဟာ အနည်းငယ်ကြီးပြင်းလာပြီး မျိုးစေ့လို့ဖြစ်လာပါတယ်။ ပြီးတော့ နောက်ကိုးလအတွင်းမှာ ကလေးလေးအဖြစ် ပြောင်းလဲသွားပါတယ်။
ဒီအကြောင်းအရာမှာတော့ ယောက်ျားနဲ့မိန်းမဟာ အတူတူလုပ် ဖော်ဆောင်ဖက်တွေဆိုတာတွေ့ရပါတယ်။ ကလေးတစ်ယေ ဝက်ဖြစ်တည် လာနိုင်ဖို့ ယောက်ျားရဲ့မျိုးကတစ်ဝက်၊ မိန်းမရဲ့မျိုးကတစ်ဝက်ပါဝင်နေပါတယ်။ ဒါကြောင့် ဘဝတစ်ခုဖြစ်တည်လာဖို့ ယောက်ျားနဲ့မိန်းမရဲ့ ပါဝင်မှုဟာ ညီမျှနေပါ တယ်။
ဒါပေမဲ့ အဲဒီလိုညီမျှနေတဲ့အကြောင်းတွေကို လွန်ခဲ့တဲ့အနှစ်(၂၀၀) လောက်တုန်းက ဒီကမ္ဘာမှာ ဘယ်သူမှသဘောမပေါက်နို င်ခဲ့ပါဘူး။
လွန်ခဲ့တဲ့နှစ်နှစ်ရာလောက်က အမျိုးသမီးတွေဟာ မျိုးဥထုတ်တဲ့ လူဖြစ်ကြောင်းကို ဘယ်လူမျိုးကမှမသိကြပါဘူး။ မျိုးပွားနို င်မှုဟာ ယောက်ျား ကပဲထုတ်ပြီး သူရဲ့ အမျိုးသမီးဟာ အဲဒီမျိုးဥအောင်မြင်နိုင်ဖို့ မြေနေရာမျိုး လောက်အထိသာ သဘောပေါက်ကြ ပါတယ်။

တစ်မျိုးပြောရရင်တော့ လယ်သမားက သူ့ရဲ့မျိုးတွေကို လယ်ထဲ၊
ဥယျာဉ်ထဲစိုက်သလိုပေါ့။ ယောက်ျားတွေက သူတို့ရဲ့မျိုးစေ့ကို အမျိုးသမီးရဲ့ ခန္တာကိုယ်ထဲကို စိုက်ပျိုးလိုက်ခြင်းပဲဖြစ်တယ်လို့ယူဆကြတယ်။
ဒီလိုမှားယွင်းစွာယူဆမှုကို ဆရာကြီး Walter Trobish က “ဥယျာဉ်ယူဆချက်” လို့ နာမည်ပေးထားပါတယ်။

ဥယျာဉ်ယူဆချက်ရဲ့ မှားယွင်းမှု။
အဏုကြည့်မှန်ပြောင်းတွေကို တီထွင်နိုင်တဲ့အခါမှာတော့ အရင်က ဥယျာဉ်ယူဆမှုဟာမှားယွင်းကြောင်း သိပ္ပံပညာရှင်တွေ က ထောက်ပြကြပါတယ်။ အမှန်တကယ်မှာတော့
(၁) မိန်းမရဲ့ ခန္တာကိုယ်ဟာ လယ်မြေလောက်သာမဟုတ်ဘဲ၊ သူမရဲ့ ခန္ဓာကိုယ်ကလည်း မျိုးဥကိုထုတ်ပြီးမျိုးပွားဖို့ တာဝ န်တစ်ဝက်ယူခဲ့ရပါတယ်။
(၂) ယောက်ျားရဲ့ ခန္ဓာကိုယ်ကထုတ်တာက သုတ်ရည်သာဖြစ်ပါ တယ်။ ဒါကြောင့်ယောက်ျားဟာလည်း မျိုးပွားဖို့တာဝန် တစ်ဝက်ပဲလုပ်ဆောင် ပါတယ်။ အဲဒီသုတ်ရည်တွေက နေရာတကာမှာကြီးထွားနိုင်ပါတယ်။
(၃) ယောက်ျားသုတ်ရည်က ယူမသာသုသာန(၂၃)ခုထုတ်သ လို အမျိုးသမီးမျိုးဥကလည်း Chromosome (၂၃)ခု၊ အ တိအကျထုတ်နိုင်ပါ တယ်။ ဒါကြောင့် ယောက်ျားနဲ့မိန်းမဟာ တန်းတူရှိတဲ့အဖော်တွေပဲဖြစ်ပါ တယ်။ ကလေးလေးတစ်ဦးဟာ အမေနဲ့ရော၊ အဖေနဲ့ပါတူနေနိုင်တာရဲ့ အ ကြောင်းရင်းပါပဲ။

ဒီလိုအကြောင်းအရာတွေကို သိပ္ပံပညာရှင်တွေက မဖော်ထုတ်ခင် ကတည်းက ဘုရားသခင်ကသိရှိပြီးဖြစ်ပါတယ်။ ဒါကြော င့် ကမ္ဘာဦးကပင် “ယောက်ျားသည် တစ်ယောက်တည်းမနေကောင်း၊ သူ့အဖို့ အဖော် ကိုငါလုပ်ပေးမယ်”လို့ ဘုရားကဆိုခဲ့တာပါ။
““ယောက်ျားက သူ့ရဲ့ မျိုးကိုထုတ်လုပ်နိုင်ဖ ဥယျာဉ်လေးတစ်ခု ပေးမယ်ကွာ”လို့ဘုရားသခင်က မဆိုခဲ့ပါဘူး။
ဒါကြောင့် သိပ္ပံပညာရော၊ ဘုရားသခင်ကပါ ဒီ“ဥယျာဉ်ယူဆ ချက်ဟာ မှားနေတယ်”လို့ဆိုကြပါတယ်။ မိန်းမဟာ ယော က်ျားရဲ့ အဖော် မွန်သာဖြစ်ပြီး ဥယျာဉ်တစ်ခုတော့မဟုတ်ပေဘူး။
ကလေးမျိုးပွားတဲ့နေရာပဲဖြစ်ဖြစ် ဘဝတစ်လျှောက်လုံးမှာပဲဖြစ် ဖြစ်၊ မိန်းမဟာယောက်ျားရဲ့ အကောင်းဆုံးအဖော်မွန်ပဲဖြစ်ပါ တယ်။

ဥယျာဉ်ယူဆချက်က ကျွန်ုပ်တို့ကိုလွှမ်းမိုးခြင်း။
သမ္မာကျမ်းစာအရပဲဖြစ်ဖြစ်၊ သိပ္ပံပညာအရပဲဖြစ်ဖြစ် ဒီ“ဥယျာဉ် ယူဆချက်”ဟာ မှားနေကြောင်းကိုတော့ တစ်ကမ္ဘာလုံးသိ ပီးဖြစ်ပါတယ်။ ဒါကြောင့် ဒီခံယူမှုဟာ ဟောင်းနွမ်းနေပြီလည်းဖြစ်ပါတယ်။ ဒါပေမယ့် ဒီခံယူ မှုက လုံးဝပျောက်ကွယ်သွားပြီလို့တေ ၇ မဆိုလိုနိုင်သေးပါဘူး။ “ဥယျာဉ်ခံယူ မှု” ကို နှစ်ပေါင်းများစွာကျင့်သုံးခဲ့တဲ့အတွက်၊ ခံယူမှုရဲ့ လွှမ်းမိုးမှုကို ကနေ့ အထိ၊ လူမျိုးတ စ်ချို့ရဲ့ဘဝထဲမှာ ရှိနေတာကိုတွေ့ရပါတယ်။
ဒါကြောင့် ဒီဥယျာဉ်ခံယူမှုကလာတဲ့ခံယူမှုနဲ့ ဘုရားသခင်ဆီက လာတဲ့အကြံအစည်တွေကို နှိုင်းယှဉ်ပြချင်ပါတယ်။

ဥယျာဉ်ခံယူမှုမှ ဆင်းသက်လာတဲ့အလေ့အထများ။
ဥယျာဉ်ခံယူမှုမှာ အမျိုးသမီးရဲ့ အဓိကတာဝန်က ကလေးမွေးဖို့ဖြစ် ပြီး၊ ကလေးမမွေးတဲ့အမျိုးသမီးဟာ အသုံးမကျတဲ့လူ၊ အသီးမသီးတဲ့ဥယျာဉ်လို ဖြစ်တယ်။
လယ်သမားတစ်ဦးက သူ့အလိုကျ လယ်မြေကိုဖန်တီးနိုင်တယ်။ ဒါကြောင့် ယောက်ျားကသူ့မိန်းမကို လွတ်လပ်စွာပြုမူဆက် ဆံနိုင်ပါတယ်။ ကလေးတစ်ယောက်လို ကျွန်တစ်ယောက်လိုရိုက်နှက်ညှဉ်းဆဲပြီး သူကြိုက် သလို ပြုမူနိုင်ပါတယ်။
လယ်သမားတစ်ဦးက ခြံများစွာပိုင်လို့ရသလို ယောက်ျားတစ် ယောက်ကလည်း မိန်းမများစွာယူလို့ရပါတယ်။
လယ်သမားတိုင်းမှာဥယျာဉ်ရှိသလို ဥယျာဉ်တိုင်းမှာပိုင်ရှင်ရှိပါတယ်။ ဒါကြောင့် လကမထပ်ရတဲ့အမျိုးသမီးတွေအတွက် နေ ရာမရှိပေဘူး။

ဘုရားသခင်ရဲ့ အကြံအစည်။
ဘုရားရဲ့ အကြံအစည်မှာတော့ ဇနီးမောင်နှံတွေဟာ ရင်းနှီးတဲ့ မိတ်ဆွေတွေလိုနေရပါမယ်။ ဘုရားကသူတို့ကို ကလေးပေးပါ မယ်။ ကလေး မရရင်လည်း ဘုရားပေးတဲ့လိင်ဆက်ဆံနဲ့ပဲ ပျော်ရွှင်ရမှာဖြစ်ပါတယ်။
“သင်၏ဇနီးသည်ဟာ သင့်အတွက်အဖော်ဖြစ်တဲ့အတွက် သူ့ကို ကြင်နာစွာဆက်ဆံပါ”လို့ ဘုရားသခင်ကပြောပါတယ်။

“ ခရစ်တော်သည် သင့်ကိုချစ်လွန်းတဲ့အတွက် သူ့အသက်ပေး လှူခဲ့သလို သင့်ရဲ့ ဇနီးကို ထိုကဲ့သို့ပြုလော့”လို့လည်း မိန့်မှ ခဲ့ပါတယ်။ (၁ပေ၊ ၃း၇၊ ဧဖက်၊ ၅း၂၅)
ဘုရားသခင်က “ယောက်ျားသည် သူ၏ခင်ပွန်းနဲ့ တစ်သွေး၊ တစ်ကိုယ်တည်းဖြစ်ရမယ်”လို့ဆိုပါတယ်။ ဒါဟာ တစ်လင် တစ်မယား စနစ်လို့လည်းဆိုနိုင်ပါတယ်။
လက်ထပ်ဖို့၊ လက်မထပ်ဖို့ကို လူတိုင်းလွတ်လပ်စွာရွေးချယ် ပိုင်ခွင့်ရှိပါတယ်။ လက်မထပ်ဘဲနဲ့လည်း တစ်ဦးတည်းနေပြီး ဘုရားအမှုတော် မြတ်ကိုပိုပြီး အစေခံနိုင်ပါတယ်။ (၁ကော၊ ၇◌း၂၆-၃၈)

ကျမ်းစာကဖေါ်ပြတဲ့ ဥယျာဉ်အယူအဆ။

ကျမ်းစာထဲမှာပါတဲ့ လူပုဂ္ဂိုလ်တွေတောင် မိမိတို့မယားများကို ဥယျာဉ်လိုမှားယွင်းစွာ စဉ်းစားထင်မြင်တတ်ကြပါတယ်။
ဥပမာအားဖြင့် ပထမရာဇဝင်၊ ၁း၁-၈မှာ ဟန္ဒနဲ့သူ့ယောက်ျား တို့က ဥယျာဉ်ယူဆမှုကို ခံယူနေတဲ့ပုံပေါ်ပါတယ်။ ဟန္နယောက်ကျားက မိန်းမ နှစ်ယောက်ယူပါတယ်။ ဟန္နက သားမရမချင်း အသုံးမကျတဲ့ လူအဖြစ် ကိုယ့်ကိုယ်ကိုသတ်မှတ်လိုက်တာပါပဲ။
သမ္မာကျမ်းစာထဲက လူတစ်ချို့ ဒီဥယျာဉ်အယူအဆကို လိုက် လျှောက်နေတာကို အမှန်တွေ့ရပါတယ်။ အဲဒီလူတွေကို အတုယူဖို့ဘုရား သခင်အလိုရှိရဲ့လားဆိုတာ စဉ်းစားရမှာပါ။
ဘုရားသခင်အလိုမရှိပါဘူး။
ကလေးမွေးခြင်းသာလျှင် အမျိုးသမီးရဲ့ အဓိကတာဝန်မဟုတ် ကြောင်းကို အမျိုးသမီးတိုင်းနားလည်ဖို့က ကမ္ဘာဦးကတည်းက ဘုရားသခင် ရဲ့အလိုတော်ပဲဖြစ်ပါတယ်။
“ ငါ့မိန်းမဟာ ငါ့ရဲ့ အခင်ဆုံးမိတ်ဆွေဖြစ်တယ်။ သူနဲ့ချစ်ခင်နိုင်ဖို့ ငါ့မိဘကိုစွန့်ရတယ်။ ဒါကြောင့် သူဟာ ဥယျာဉ်တစ်ခုလို ငါ့ရဲ့မျိုးစေ့တွေကို ကြီးပွားဖို့ နေရာတစ်ခု သက်သက်တော့မဟုတ်ဘူး။ သူဟာ ငါ့ရဲ့ အဖော်ပဲဖြစ် ပါတယ်။ ငါတို့ကလေးရရင်တော့ ဒီကလေးရဖို့သူဟာ ငါ့ရဲ့ အဖော်ဖြစ်သလို ကလေးမရရင်တောင် သူဟာငါ့ရဲ့ အကောင်းဆုံး မိတ်ဆွေဖြစ်နေမယ်။ ဘယ် လိုဖြစ်နေပါ စေ၊ ဘုရားသခင်အတွက်တော့ ကန်တော်တို့ဆက်ပြီးလုပ်ကြမယ် လေ”လို့ သဘောထားနိုင်ဖို့က ဘုရားသခင်ရဲ့ အလိုတော်ဖြစ်ပါတယ်။

Author
Thang No

Further reading

အခန်း(၇) အေအိုင်ဒီအိတ်စ်။

အိတ်(စ်)ရောဂါလို့ခေါ်တဲ့ အေအိုင်ဒီအိတ်စ်ရောဂါဟာ များသော အားဖြင့် လိင်ဆက်ဆံရေးကနေ ရရှိနိုင်တဲ့ရောဂါဖြစ်ပါတယ် ။ ဒါကြောင့် ဒီ အခန်း(ရ)မှာ...

အခန်း(၅) မိဘကိုစွန့်ခြင်း။

အခန်း(၅) မိဘကိုစွန့်ခြင်း။ အကြောင်းမူကား ယောက်ျားသည်ကိုယ်မိဘကိုစွန့်၍၊ ကိုယ်ခင် ပွန်း၌မှီဝဲသဖြင့် ထိုသူတို့သည် တစ်သားတစ်ကိုယ်တည်း...

အခန်း(၄) အချစ်စစ်ကို ဆန်းစစ်နည်း(၈)မျိုး။

အခန်း(၄) အချစ်စစ်ကို ဆန်းစစ်နည်း(၈)မျိုး။ “မာသနဲ့ကျွန်တော်ဟာ တစ်ယောက်နဲ့တစ်ယောက်ချစ်နေကြပါ တယ်။ သူ့ကိုလည်။ ကျွန်တော်လက်ထပ်ချင်ပါတယ်။ ဒါ ပမယ့် ကျွန်...

အခန်း(၃) အချစ်။

အခန်း(၃) အချစ်။ ဒီကနေ့မျက်မှောက်ခေတ်မှာ အချစ်ဆိုတဲ့အရာနဲ့ပတ်သက်လို့ အ ကြောင်းအရာပေါင်းများစွာကို ကျွန်တော်ကြားသိခဲ့ရပါတ ယ်။ လူငယ်တော်...

အခန်း(၂) မိန်းမက သူ့လင်ယောက်ျားကို အရိုအသေပြုသင့်သလား။

ယောက်ျားတစ်ချို့က အဲဒီလိုမကြာမကြာပြောတတ်ကြပါတယ်။ အဲဒီလိုခံယူထားတဲ့ ရှေးရိုးစဉ်အလာ လက်ထပ်ထိမ်းမြားခြင် းက ကောင်းပါသ လား။ ဒါမှမဟုတ် ဒီထက်ကောင်းမွန်တဲ့...

အခန်း(၁) လက်ထပ်ခြင်း (သို့) အနက်ရှိုင်းဆုံးပေါင်းသင်းဆက်ဆံမှု။

အခန်း(၁) လက်ထပ်ခြင်း (သို့) အနက်ရှိုင်းဆုံးပေါင်းသင်းဆက်ဆံမှု။ သူမ…။ သူမကို စတင်တွေ့ခဲ့တဲ့နေ့ကို “ဂျက်’မေ့နိုင်တော့မည်မဟုတ်။ “ဂျက်”သည်...

Instagram feed @newdreammedia

Instagram has returned empty data. Please authorize your Instagram account in the plugin settings .