အခန်း(၃) အချစ်။

အခန်း(၃) အချစ်။

ဒီကနေ့မျက်မှောက်ခေတ်မှာ အချစ်ဆိုတဲ့အရာနဲ့ပတ်သက်လို့ အ ကြောင်းအရာပေါင်းများစွာကို ကျွန်တော်ကြားသိခဲ့ရပါတ ယ်။ လူငယ်တော် တော်များများကလည်း
“လင်နဲ့မယား ပျော်ပျော်ရွှင်ရွှင်နေထိုင်တဲ့အိမ်ထောင်မျိုး ကျွန်တော် တို့မှာလည်း ဖြစ်ချင်တယ်ဗျာ” လို့ပြောနေကြတာကို ကြ သိနေရပါတယ်။
ဒါပေမယ့် “သိပ်ချစ်ပါတယ်”လို့ထင်ခဲ့တဲ့လူငယ်နှစ်ယောက်ရဲ့ အိမ်ထောင်ရေးဟာ လက်ထပ်ပြီးမကြာခင်မှာပဲ သာယာမှုက င်းမဲ့တဲ့အိမ်ထောင် ရေးဖြစ်လာခဲ့တယ်။
ဘာကြောင့်ဒီလိုဖြစ်ရတယ်ဆိုတာကို နားလည်သဘောပေါက်နိုင် ဖို့အတွက် အချစ်နဲ့ပတ်သက်ပြီး အချက်နှစ်ချက်ကိုသတိပြ သင့်ပါတယ်။

၁။ အတ္တတွေဖုံးလွှမ်းနေတဲ့ အချစ်
၂။ ကိုယ်ကျိုးစွန့်တဲ့ အချစ်ဆိုတာတွေဖြစ်တယ်။

အတ္တတွေဖုံးလွှမ်းနေတဲ့အချစ်က အိမ်ထောင်ရေးကို ပျက်စီးစေ တတ်ပါတယ်။ အိမ်ထောင်တစ်ခုမှာ ဇနီးမယားဖြစ်တဲ့သူက သူမအတွက်ပဲ စဉ်းစားလိုက်တဲ့အချိန်မှာဖြစ်စေ၊ လင်ယောက်ျားဖြစ်တဲ့သူကလည်း မိမိအ တွက်ပဲ တွက်ချက်စဉ်းစားနေတယ်ဆိုပါ စို့။ လင်နဲ့မယားဟာ ငွေရေး ကြေးရေး ကြောင့်ဖြစ်ဖြစ်၊ ရင်သွေးကလေးများအရေးကြောင့်ပဲဖြစ်ဖြစ် ပြဿနာတွေ တစ်မျိုးပြီးတစ် မျိုး ကြုံတွေ့လာတတ်ပါတယ်။

ကိုယ်ကျိုးစွန့်တဲ့အချစ်ကတော့ သာယာပျော်ရွှင်တဲ့အိမ်ထောင်တစ် ခုကိုဖြစ်ပေါ်စေပါတယ်။ လင်ယောက်ျားအနေနဲ့ သူ့ရဲ့ကို ယ်ကျိုးကိုစွန့်ပြီး ဇနီးမယားကိုချစ်တဲ့အခါမှာ သူ့ရဲ့ လိုအင်ဆန္ဒတွေထက် ဇနီးသည်ရဲ့ လိုအင် ဆန္ဒတွေကို ဦးစားပေးလာမှာဖြစ်ပါတယ်

ဇနီးဖြစ်သူကလည်း ခင်ပွန်းဖြစ်တဲ့သူကို ကိုယ်ကျိုးစွန့်တဲ့အချစ်မျိုး နဲ့ချစ်လာတဲ့အခါမှာ သူမရဲ့ လိုအင်ဆန္ဒတွေထက် ခင်ပွန် သည်ရဲ့လိုအင်ဆန္ဒ တွေကို ဦးစားပေးလာမှာဖြစ်ပါတယ်။

ဇနီးသည်က
“မောင်ရယ်၊ ကျွန်မတို့ဒီလအသုံးစရိတ်ကနေ ငွေပိုလာရင် မောင့် အတွက် အင်္ကျီအသစ်လေးဝယ်ရအောင်နော်” လို့ပြော လိုက်တယ်ဆိုပါစို့။

လင်ယောက်ျားဖြစ်တဲ့သူကလည်း
“ဒီလ ခင့်အတွက်ပဲဝယ်လိုက်ပါကွာ။ မောင့်အတွက်တော့ နောက် လမှပေါ့ကွယ်။ ဟုတ်ပြီလား” လို့ အပြန်အလှန် ဦးစား ကြပြီး၊ ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ဖြစ်လာတတ်ပါတယ်။
 
ဒါကြောင့် မိတ်ဆွေအနေနဲ့လည်း လူတစ်ယောက်ယောက်ကို ချစ်တယ်လို့ထင်ခဲ့ရင် မိတ်ဆွေချစ်တဲ့ ချစ်ခြင်းတရားဟာ ကိုယ်ကျိုးစွန့်တဲ့ အချစ်မျိုးလား။ ဒါမှမဟုတ် ကိုယ့်အတွက်ကိုသာစဉ်းစားတဲ့ အတ္တတွေ ဖုံးလွှမ်း နေတဲ့အချစ်မျိုးလားဆိုတာကို ဦးစွာပ ထမဆင်ခြင်သင့်ပါတယ်။

လူတော်တော်များများက အဲဒီအချစ်နှစ်မျိုးနှစ်စားကို သေသေချာ ချာမခွဲခြားတတ်၊ မသိမြင်တတ်ဘဲ ဖြစ်နေပါတယ်။ ဒါကြောင့် ဆက်ပြီးလေ့လာ ကြပါမယ်။

အတ္တတွေဖုံးလွှမ်းနေတဲ့ အချစ်။
“ဂျွန်”က“ငါတော့ “လှိုင်းစ်’ကို ချစ်မိနေပြီ။ ငါသူ့ကိုလက်ထပ်ချင်တယ် ကွာ”လို့ သူ့ညီကိုဖွင့်ပြောလိုက်တယ်။ သူ့ညီက
“အစ်ကိုက သူ့ကိုချစ်တယ်ဆိုတာ ဘာကိုဆိုလိုတာလဲ” လို့ပြန် မေးလိုက်တဲ့အခါမှာ “ဂျွန်’ အဖြေရခက်သွားတယ်။ မတတ်သာတဲ့အဆုံး
“ငါဆိုလိုတာက၊ သူငါ့အနားမှာရှိနေရင် ပျော်တယ်လို့ခံစားရတယ်။ သူဟာ ငါ့အတွက် ဇနီးကောင်းတစ်ယောက် ဖြစ်လာမယ် လို့လည်း ယုံကြည် တယ်။ ပြီးတော့ ငါ့အခက်အခဲတွေကိုနားလည်ပြီး ငါ့ကိုဂရုစိုက်စေချင်တယ်။ ငါ့ဘဝအတွက် ပျော်ရွှင်မှုတွေပေး နိုင်မယ်လို့ ငါထင်တယ်ကွာ” လို့ သူ့စိတ် ထဲဖြစ်ပေါ်လာတဲ့ ခံစားမှုအတိုင်း ပြောချလိုက်တယ်။
“ဂျွန်” ရဲ့ အချစ်ဟာ တစ်ကိုယ်ကောင်းဆန်၊ အတ္တတရားတွေဖုံး လွှမ်းနေတဲ့ အချစ်မျိုးဖြစ်နေတယ်လေ။ “ဂျွန်” က “လွိုင်းစ်” ဟာ သူ့ဘဝကိုပျော် ရွှင်စေမယ်။ သူ့ရဲ့ အခက်အခဲပြဿနာတွေကို ဂရုစိုက်ပေးနိုင်မယ်လို့ပြောခဲ့ တယ်။ တကယ်တော့သူ့အချစ်ဟာ အတ္တတွေဖုံးလွှမ်းနေပါတယ်။

ကိုယ်ကျိုးစွန့်သောအချစ်။

“ဖလောရင့်ဟာ ထူးခြားတဲ့ အမျိုးသမီးတစ်ယောက်ပါပဲ” လို့ “အင် ဒီ’က သူ့ရဲ့ သင်းအုပ်ဆရာကိုရင်ဖွင့်ခဲ့တယ်။ ဒါပေမယ့် ‘ အင်ဒီက
“သူ့အနေနဲ့ ဘာကြောင့်များ ကျွန်တော့်လိုလူမျိုးကို လက်ထပ် ချင်တာလဲမသိဘူး။ ဒါပေမယ့် သေချာပါတယ်။ သူကျွန် တော့်ကိုလက်ထပ် ရင်တော့ သူ့အပေါ်ကျွန်တော်ဂရုစိုက်မယ်။ သူကြုံတွေ့ရတဲ့အခက်အခဲတွေ အားလုံးကိုလည်း ဂရုစိုက်လုပ်ဆောင် ပေးပါ့မယ်။ သူခံစားနေရတဲ့ခံစားချက် တွေကိုလည်း နားလည်ပေးနိုင်အောင်ကြိုးစားပြီး၊ ရှိသမျှဥစ္စာတွေကိုလည်း သူနဲ့ကျွန်တော် အတူတူမျှဝေအသုံးပြုသွားမယ်” လို့ ရှည်လျားစွာပြောကြား နေသည်။
“အင်ဒီ’ရဲ့အချစ်ဟာ ကိုယ်ကျိုးမကြည့်ဘဲချစ်တဲ့ ချစ်ခြင်းမျိုးဖြစ် ပါတယ်။ “အင်ဒီ”က သူ့ပျော်ရွှင်မှု တစ်ခုတည်းကို မကြည့်ဘဲ “ဖလောရင့်’ရဲ့ ပျော်ရွှင်မှုကိုပါ ထည့်တွက်ပေးနေတာကို တွေ့ရပါတယ်။ သူချစ်တဲ့ သူရဲ့ပျော်ရွှင်မှုကို ပိုပြီးစဉ်းစားပေးနေတာကို တွေ့ရပါတယ်။

 

လူသားတစ်ဦးအနေနဲ့ ကိုယ်ကျိုးကိုစွန့်နိုင်ပါ့မလား။

သမ္မာကျမ်းစာတော်မြတ်အရ သခင်ယေရှုကကိုယ်ကျိုးစွန့်ပြီး လော ကသားတွေကိုချစ်ခဲ့ကြောင်း ကျွန်တော်တို့ သိကြပါတယ် ။ ကျွန်တော်တို့ အားလုံးအတွက် ကိုယ်ကျိုးကိုစွန့်ပြီး၊ လောကကိုကြွလာတော်မူလို့ အသက် စွန့်ခဲ့တာ ဖြစ်ပါတယ်။
လူသားဖြစ်တဲ့ကျွန်တော်တို့မှာရော အဲဒီလိုချစ်ခြင်းမေတ္တာမျိုးရှိနိုင် ပါ့မလား။ စဉ်းစားစရာပါ။ ရှိနိုင်ပါတယ်။ ကိုယ်ကျိုးကိုမင့် တဲ့ချစ်ခြင်းတရားကို ကျွန်တော်တို့ရဲ့ အတွင်းနှလုံးသားထဲမှာ ကြီးထွားရင့်ကျက်လာနိုင်ပါတယ်။
ဥပမာအနေနဲ့
လူငယ်တစ်ယောက်က အမျိုးသမီးတစ်ယောက်ကို စွဲစွဲလမ်းလမ်း ချစ်မိခဲ့တယ်ဆိုကြပါစို့။ အဲဒီအချစ်မှာ အတ္တတရားတွေဖုံး လွှမ်းနေတဲ့ အချစ် မျိုးဖြစ်နိုင်သလို၊ ကိုယ်ကျိုးမငဲ့တဲ့ ပေးဆပ်မေတ္တာမျိုးလည်းဖြစ်နိုင်ပါတယ်။
ဒါဆိုရင်ကိုယ်ကျိုးစွန့်တဲ့ချစ်ခြင်းတရားမျိုးကို ဘယ်လိုကြီးထွားစေနိုင်မလဲ။ အဖြေက နှစ်မျိုးတွေ့ရပါတယ်။ ၁။ သခင်ယေရှုခရစ်တော်ဆီကလာတဲ့ ဘုန်းတန်ခိုး နဲ့ ၂။ အချိန်ဆိုတဲ့ အချက်တွေပဲဖြစ်ပါတယ်။

သခင်ယေရှုခရစ်တော်ဆီကလာတဲ့ ဘုန်းတန်ခိုး။

ကျွန်တော်တို့လူသားတွေဟာ အတ္တတရားကြီးကြပါတယ်။ အထူး သဖြင့် ကလေးငယ်တွေမှာ အတ္တတရားကပိုကြီးတာတွေ့ ရတယ်။ မိဘတိုင်း ကလည်း ကိုယ့်ကလေးတွေကိုအတူမကြီးဖို့ ဆုံးမသွန်သင်တတ်ကြပါတယ်။ ဒါပေမယ့် တစ်ချို့ကလေးတွေက [ ကီးပြင်းလာတဲ့အချိန်ထိ ကိုယ်ကျိုးကိုသာ ကြည့်တတ်ပြီး၊ အတ္တကြီးတတ်ပါတယ်။ အဲဒီလိုကြီးပြင်းလာတဲ့လူငယ်တွေ ရဲ့ အိမ်ထောင် ရေးက များသောအားဖြင့်မသောဃာတတ်ပါဘူး။

ဗျာဒိတ်၊ ၃၂၀။ ၁ယော၊ ၁း၉။ ဂလာတိ၊ ၅၂၂ တို့ကိုလေ့လာ မယ်ဆိုရင် သခင်ယေရှုက
“ငါသည်တံခါးခေါက်လျှက်ရှိ၏။ ဆုံးဖြတ်ချက်သည် သင်တို့၏ ဆုံးဖြတ်ချက်ဖြစ်သည်။ သင်သည်ငါ့ကိုဖိတ်ခေါ်လျှင် ငါသ ည်သင်တို့ကို ခွင့်လွှတ်၍ အသစ်ပြုပြင်သောလူကောင်းတစ်ဦးကဲ့သို့ အသစ်ပြုပြင်ပေး မည်”လို့ ဖိတ်ခေါ်နေတာကိုတွေ့ရပါတယ်။

ဒါကြောင့် ကျွန်တော်တို့ရဲ့ နှလုံးသားမှာ သခင်ယေရှုကိုဖိတ်ခေါ် ဖို့ အရေးကြီးလှပါတယ်။ “အိုင်ဗီ’နဲ့ ဂျက်’တို့အိမ်ထောင် ကိုသတိရပါ။ (စာ-၉ ကိုရှုသခင်ယေရှုကိုလက်ခံတဲ့အချိန်ကစပြီး အိမ်ထောင်ဟာသာယာ ခဲ့ပါတယ်။ ကျွန်တော်တို့အားလုံး လည်း သခင်ယေရှုကိုခေါ်ဖိတ်လက်ခံဖို့ အရေးကြီးလှပါတယ်။

အချိန်။

ကျွန်တော့်သားဟာ အသက်အရွယ်ကြီးလာပြီး အိမ်ထောင်ကျဖို့ သင့်တော်တဲ့ အရွယ်ရောက်လာပါပြီ။ သူကိုယ်တိုင်ကလည်း မိန်းကလေးတွေကို စိတ်ဝင်စားလာပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ဇနီးမောင်နှံက
“နေပါဦးသားရယ်။ မင်းရဲ့ မိန်းကလေးကို အချိန်ယူပြီးလေ့လာ ကြည့်ပါဦး။ သူ့ကိုအခြားလတွေနဲ့အတူ အလုပ်လုပ်ခိုင်းကြ ည့်ပြီး သူကလူတွေ အပေါ်မှာ ဘယ်လောက်သဘောကောင်းကြောင်းလေ့လာပြီးမှ လက်ထပ်ဖို့ ဆုံးဖြတ်ပါကွယ်”လို့ တိုက်တွန်းကြ ပါတယ်။
“ဖို၊မနဲ့ဆိုင်တဲ့ သွေးဆောင်မှုတွေကများပြားနေတာကြောင့် မျက် ကွယ်မှာ နှစ်ယောက်တည်းအတူနေချိန်သိပ်မပေးပါနဲ့”

“တစ်ခါတလေ နှစ်ယောက်တည်းစကားပြောချင်ရင် နေရာ ကောင်းကိုရွေးတတ်ပါစေ။ ဘယ်သူမှမရှိတဲ့အိမ်မျိုးကို မရွေးချယ်မိပါစေနဲ့။ အများတကာမြင်သာတဲ့နေရာ၊ မင်းလုပ်သမျှကို သူများမြင်နိုင်မယ့်နေရာမျိုးကို ရွေးပါ။ အပြစ်ကို မလုပ်မိပါစေနဲ့။ အပြစ်ကို ဝေးဝေးရှောင်ပါ”

“(၂တိ၊ ၂း၂၂) အတိုင်း မကောင်းမှုရဲ့ဒုစရိုက်အလိုဆန္ဒနဲ့ဝေးရာ ကိုပြေးပါ”

“ချစ်သူနဲ့ အချင်းချင်းခံစားမှုတွေ၊ ဝမ်းနည်းမှုတွေ၊ ပျော်ရွှင်မှုတွေ ကိုဆွေးနွေးမျှဝေပါ။ ဒီလိုဆွေးနွေးမှုတွေက မင်းအတွက် အစပိုင်းမှာတော့ ခက်ခဲနေလိမ့်မယ်။ ဒါပေမယ့် ကြိုးစားပါ။ အထူးသဖြင့် ယောက်ျားလေးအ နေနဲ့ ရင်ဖွင်ဆွေးနွေးရာမှာ ခက်ခဲမ ယ်ဆိုပေမယ့်လည်း ကြိုးစားပါ”
“ခရစ်တော်ကို အဓိကဗဟိုထားပြီး ဆုတောင်းပါ။ ခရစ်တော်ကို မင်းတို့ရဲ့ ခင်မင်ရင်းနှီးမှုရဲ့ ဗဟိုဆုံမှတ်အဖြစ်သဘောထား “ဟုလည်း သွန်သင် ခဲ့ပါတယ်။

ဒါကြောင့် အချစ်အတွက်တစ်ယောက်နဲ့တစ်ယောက် သဘော ထားဖလှယ်ရင်း၊ ကိုယ်ကျိုးမငဲ့တဲ့အချစ်၊ အတ္တမဲ့ကိုယ်ကျိုးစွ န့်အချစ်တွေရရှိနိုင် ဖို့အတွက် အချိန်တော်တော်များများပေးသင့်ကြောင်းသတိထားပါ။

အချစ်အတွက် စိတ်မလောသင့်ပါ။ အဲဒီအကြောင်းတွေကိုလည်း ကျွန်တော်တို့ဇနီးမောင်နှံက သားကို သွန်သင်ဖြစ်ပါတယ်။

တဖြည်းဖြည်းချင်းပိုင်ဆိုင်မယ့် အချစ်။
“ရော်ဂျာ’ဟာ “မာလနီး ́ကိုစတင်တွေ့တဲ့အချိန်မှာ
“ဟာ၊ သူ့မျက်လုံး၊ ခြေချောင်းလေးတွေ၊ သူ့အသံ၊ ကိုယ်ဟန် အမူအရာတွေက သိပ်လှတာပဲ။ ငါတော့ ကြိုက်သွားပြီ” လို့ခံစားလိုက်ရတယ်။

ဒီလိုချစ်ခြင်းမျိုးက အချစ်စစ် အချစ်မှန်မဟုတ်ပါ။ “ရော်ဂျာ”သိခဲ့၊ မြင်ခဲ့၊ ခံစားခဲ့တာက “မာလနီး’ရဲ့ အပြင်ပန်းပုံသဏာ န်တွေသာဖြစ်ပြီး “မာလနီး’ ရဲ့ အတွင်းကျကျစိတ်ထားကို မသိခဲ့ပါဘူး။ ဒါကြောင့် “ရော်ဂျာ”ရဲ့ အချစ်ဟာ ပြည့်ဝနက်နဲမှုမရှိဘူး လို့ ဆိုရပါမယ်။ လူတစ်ဦးတစ်ယောက်က မြန်မြန်ဆန် ဆန်ချစ်ကြိုက်သွားပြီဆိုရင် အချစ်စစ် အချစ်မှန်ဖြစ်ဖို့က သိပ်ပြီးမသေချာ တော့ပါဘူး။

တကယ်တော့ အချစ်စစ်၊ အချစ်မှန်၊ ကိုယ်ကျိုးမဲ့အချစ်ဟာ လျှက်တစ်ပြက်ရရှိလိုက်တာမျိုးမဟုတ်ဘဲ အချိန်ယူပြီးမှပေါက် ဖွားကြီးထွားလာ တတ်တာမျိုးပါ။
ဒီလိုဆိုရင် “ရော်ဂျာ’နဲ့ ‘မာလနီးတို့ ဘာဆက်လုပ်သင့်သလဲ။

ပထမဆုံးအနေနဲ့ သူတို့နှစ်ယောက်ဟာ ခရစ်ယာန်ပီပီအတူတူ ဆုတောင်းဖို့၊ အပြန်အလှန်နားလည်မှုရှိပြီး၊ ကိုယ်ကျိုးမဖက် တဲ့အချစ်မျိုးရ ရှိနိုင်ဖို့ ဆုတောင်းသင့်ပါတယ်။

အသင်းတော်လူငယ်များနဲ့အတူ ပါဝင်လှုပ်ရှားခြင်းဖြင့်လည်း သံ ယောဇဉ်တွေ ပိုမိုခိုင်မာလာစေနိုင်ပါတယ်။ အသင်းတော်မှ လှုပ်ရှားခြင်းနဲ့ အတ္တသဘောတွေကို ချေဖျက်နိုင်မှာဖြစ်ပါတယ်။

အဲဒီလိုပါဝင်ခြင်းကြောင့် သံယောဇဉ်တွေပိုမိုခိုင်မာလာစေနိုင်သလို ပိုပြီးတော့လည်း လျော့နည်းစေနိုင်ပါတယ်။ သဘော တရားမတိုက်ဆိုင်မှုတွေ တွေ့ပြီး၊ ပြုပြင်လို့မဖြစ်တော့တဲ့နောက်ဆုံးမှာတော့ လက်မထပ်သင့်တော့ပါ ဘူး။ ဒါကြောင့် ကိုယ့်ချစ်ခရီး လမ်းအတွက် ဘုရားသခင်ကတိုင်ပင်သင့်ပါ တယ်။ ကျွန်တော်တို့ရဲ့ချစ်လမ်းခရီးဟာ ဆုတောင်းခြင်းကြောင့်ဖြောင့်ဖြူးစေမှာ ဖြစ်ပါ တယ်။

လက်မထပ်မီ ဖို၊ မဆက်ဆံခြင်း။

ဒီနေ့ခေတ်မှာ အချစ်စစ်၊ အချစ်မှန်နဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေ များစွာပေါ်ပေါက်နေပါတယ်။ ရုပ်ရှင်၊ မဂ္ဂဇင်းတော် တော်များများကလည်း
“အချစ်စစ်ဟာ ဖို၊မ ဆက်ဆံရေးကအစပြုပါတယ်။ အမျိုးသားနဲ့ အမျိုးသမီးဟာ လိင်ဆွဲဆောင်နိုင်မှုရှိမှသာ ဖိုမ ဆက် ဆံနိုင်မယ်။ ဖိုမ ဆက်ဆံရေးဟာ အချစ်စစ်ကို မွေးဖွားစေတယ်” လို့ လူငယ်တွေကိုသွေးဆောင် နေကြပါတယ်။

တကယ်တော့ လက်မထပ်မီ ဖိုမဆက်ဆံတာဟာ အချစ်စစ်ကို မမွေးထုတ်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုရင် ဘုရားသခင်က လက်မထပ်ခင် ဖိုမ ဆက်ဆံမှုမပြုဖို့ ပညတ်ထားခဲ့ပါတယ်။ (၁သက်၊ ၄၃-၈)။

တစ်ချို့လူငယ်တွေက အဲဒီဘုရားသခင်ရဲ့ ပညတ်ချက်ကို ချိုးဖောက် ဆန့်ကျင်ဖို့ကြိုးစားကြပါတယ်။ ဘုရားသခင်ရဲ့ ပညတ် ကိုဆန့်ကျင်ခြင်းကြောင့် သူ့တို့အချစ်ဟာ လေးနက်သာယာခြင်းမရှိပါဘူး။ ဥပမာ- ကောင်မလေးတစ် ယောက်က အချစ်သတင်းလွှ ာက အယ်ဒီတာဆီကိုရေးလိုက်တဲ့စာကိုပဲ ကြည့်လိုက်ကြရအောင။

ချစ်တဲ့ဆန်ဒရာ

အခု ငါ့ရဲ့ကိုယ်ဝန်ဖျက်ချရတဲ့ကုန်ကျစရိတ်ကို ငါ့ရည်းစားဆီ မှာတောင်းရင် သင့်တော်မယ်လို့မင်းထင်သလား။ ဒီလို ငွေရေး၊ ကြေးရေး ကိုတောင်းဖို့ကျတော့ သူ့ကိုငါသိပ်မရင်းနှီးလို့ပါ။
| မင်းရဲ့ သူငယ်ချင်း။ ပေးစာကိုကြည့်မယ်ဆိုရင် အဲဒီလူငယ်နှစ်ယောက်ဟာ အချစ်စစ် နဲ့ချစ်ခဲ့ကြတဲ့ တကယ့်ချစ်သူတွေမဖြစ်နိုင်ပါဘူး။ အချစ်စ စ်၊ အချစ်မှန်ဆိုတာ ဘယ်အကြောင်းအရာကိုမဆို ဆွေးနွေးဖို့မကြောက်ကြပါဘူး။ ဒါပေမယ့် အထက်မှာပါတဲ့အတိုင်း ကောင်မလေးဟာ ငွေရေး ကြေးရေးကိစ္စကို မဆွေးနွေးရဲတာကိုထောက်ရင် သူတို့နှစ်ယောက်ဟာ ဖို၊ မဆက်ဆံရေးရှိခဲ့ကြပေမယ့် ချစ်သူတွေမဟုတ်ခဲ့ကြတာကိုတော့ ငြင်းဖွယ်မရှိတော့ပါဘူး။

ဒီအဖြစ်အပျက်ကိုကြည့်မယ်ဆိုရင် ဖိုမဆက်ဆံမှုပြုတဲ့အကျိုးဆက် ကြောင့် ချစ်ခြင်းတရားတွေပိုမိုရှင်သန်လာတဲ့အချက် မတွေ့ရှိရပါဘူး။

နောက်အဖြစ်အပျက်တစ်ခုကိုလည်း ပြောပြချင်ပါသေးတယ်။ ‘လီယွန်’ ဆိုတဲ့ကောင်လေးနဲ့ “ဘာနီ” ဆိုတဲ့ကောင်မလေးအကြောင်း ပါ။ သူတို့နှစ်ယောက်ဟာ ချစ်သူရည်းစားတွေဖြစ်ကြတ

တစ်နေ့’လီယွန်”က
“မင်း၊ ကိုယ့်ကိုတကယ်ချစ်တယ်ဆိုရင် မင်းအချစ်အတွက် သက် သေအနေနဲ့ မင်းခန္ဓာကိုယ်ကို ကိုယ့်ကိုပုံအပ်ပေးပါလား’ ‘လို့ တောင်းဆို လိုက်ပါတယ်။

“ဘာနီ” ကတော့
“မဖြစ်နိုင်သေးဘူး။ ကျွန်မတို့ကလက်ထပ်သေးတာလည်းမဟုတ် ဘူး။ ဘာဖြစ်လို့ ဒီလိုတောင်းဆိုရတာလဲ။ ရှင်ကျွန်မကိုချ စ်တဲ့အချစ်ဟာ တစ်ကိုယ်ကောင်းဆန်တဲ့အချစ်မျိုးလို့ ကျွန်မထင်တယ်”

‘လီယွန်’ကတော့ လိင်ဆက်ဆံမှုအတွက် အကြိမ်ကြိမ်တောင်းဆို ကြိုးစားခဲ့တယ်။ ဒီလိုပြုမူလိုက်ရင်လည်း ‘ဘာနီ” အတွက် ပျော်ရွှင်မှုကိုဖြစ် စေမယ်လို့လည်းထင်နေတယ်။ “ဘာနီ” က အမြဲတမ်းငြင်းဆန်တဲ့အတွက်

“နှုတ်ဆက်ခဲ့ပါတယ် ဘာနီ။ တစ်သက်စာအတွက်နှုတ်ဆက်ခဲ့ ပါတယ်”” ဆိုပြီး အပြီးတိုင်လမ်းခွဲလိုက်ရတဲ့ အဖြစ်အပျက် လေးတစ်ခုပါ။

“လီယွန်’လမ်းခွဲသွားတဲ့အတွက် “ဘာနီ” ဟာ အရမ်းကိုခံစားခဲ့ရတယ်။

“ယောရှု” ဆိုတဲကောင်လေးကို မတွေ့ခင်အထိတော့ “လီယွန်” ကို လွမ်းဆွတ်တမ်းတနေခဲ့တယ်။ ဒါပေမယ့် “ယောရှု နဲ့သူ တွေ့ဆုံခွင့်ရခဲ့တယ်။ သူတို့နှစ်ယောက်စလုံးဟာ ဘုရားသခင်ကိုယုံကြည်သူများပီပီ အသင်းတော် မှာလည်း လူငယ်လုပ်ငန်းကိုအတူ တူလုပ်ရင်း သံယောဇဉ်တွေခိုင်သထက် ခိုင်မြဲလာပါတယ်။ တစ်ယောက်ကိုတစ်ယောက် ယုံကြည်မှုအပြည့်ရှိကြတယ်။ အတွေ့မဲ့အချစ် တွေနဲ့ ပျော်ပျော်ရွှင်ရွှင်ပါပဲ။ နောက်ဆုံး မင်္ဂလာဆောင်ဖို့စီစဉ် ကြတဲ့အဆင့်အထိရောက်လာခဲ့ကြတော့တယ်။

ချစ်သူနှစ်ဦး အချင်းချင်းယုံကြည်မှုတွေရှိနေတာ၊ အတ္တတွေမဖုံး လွှမ်းဘဲ ချစ်နေနိုင်ကြတာ ဘာကြောင့်လဲ။

Author
Thang No

Further reading

အခန်း(၇) အေအိုင်ဒီအိတ်စ်။

အိတ်(စ်)ရောဂါလို့ခေါ်တဲ့ အေအိုင်ဒီအိတ်စ်ရောဂါဟာ များသော အားဖြင့် လိင်ဆက်ဆံရေးကနေ ရရှိနိုင်တဲ့ရောဂါဖြစ်ပါတယ် ။ ဒါကြောင့် ဒီ အခန်း(ရ)မှာ...

အခန်း(၆) လိင်ဆက်ဆံခြင်း

ထိုအကြောင်းကြောင့်ယောက်ျားသည် ကိုယ်မိဘကိုစွန့်၍၊ ကိုယ် ခင်ပွန်း၌မှီဝဲသဖြင့် ထိုသူတို့သည် တစ်သားတစ်ကိုယ်တ ည်းဖြစ်ရမည်။ (ကမ္ဘာဦး၊ ၂း၂၄)။ ဘုရားသခင်ရဲ့...

အခန်း(၅) မိဘကိုစွန့်ခြင်း။

အခန်း(၅) မိဘကိုစွန့်ခြင်း။ အကြောင်းမူကား ယောက်ျားသည်ကိုယ်မိဘကိုစွန့်၍၊ ကိုယ်ခင် ပွန်း၌မှီဝဲသဖြင့် ထိုသူတို့သည် တစ်သားတစ်ကိုယ်တည်း...

အခန်း(၄) အချစ်စစ်ကို ဆန်းစစ်နည်း(၈)မျိုး။

အခန်း(၄) အချစ်စစ်ကို ဆန်းစစ်နည်း(၈)မျိုး။ “မာသနဲ့ကျွန်တော်ဟာ တစ်ယောက်နဲ့တစ်ယောက်ချစ်နေကြပါ တယ်။ သူ့ကိုလည်။ ကျွန်တော်လက်ထပ်ချင်ပါတယ်။ ဒါ ပမယ့် ကျွန်...

အခန်း(၂) မိန်းမက သူ့လင်ယောက်ျားကို အရိုအသေပြုသင့်သလား။

ယောက်ျားတစ်ချို့က အဲဒီလိုမကြာမကြာပြောတတ်ကြပါတယ်။ အဲဒီလိုခံယူထားတဲ့ ရှေးရိုးစဉ်အလာ လက်ထပ်ထိမ်းမြားခြင် းက ကောင်းပါသ လား။ ဒါမှမဟုတ် ဒီထက်ကောင်းမွန်တဲ့...

အခန်း(၁) လက်ထပ်ခြင်း (သို့) အနက်ရှိုင်းဆုံးပေါင်းသင်းဆက်ဆံမှု။

အခန်း(၁) လက်ထပ်ခြင်း (သို့) အနက်ရှိုင်းဆုံးပေါင်းသင်းဆက်ဆံမှု။ သူမ…။ သူမကို စတင်တွေ့ခဲ့တဲ့နေ့ကို “ဂျက်’မေ့နိုင်တော့မည်မဟုတ်။ “ဂျက်”သည်...

Instagram feed @newdreammedia

Instagram has returned empty data. Please authorize your Instagram account in the plugin settings .