ယောက်ျားတစ်ချို့က အဲဒီလိုမကြာမကြာပြောတတ်ကြပါတယ်။ အဲဒီလိုခံယူထားတဲ့ ရှေးရိုးစဉ်အလာ လက်ထပ်ထိမ်းမြားခြင် းက ကောင်းပါသ လား။ ဒါမှမဟုတ် ဒီထက်ကောင်းမွန်တဲ့ ထိမ်းမြားလက်ထပ်မှုပုံစံတွေ၊ နည်း လမ်းတွေကို ဘုရားသခင်ကပေးထ များပါရဲ့လားဆိုတာ ဆင်ခြင်စဉ်းစားဖို့သင့်ပါ တယ်။
ရှေးခေတ် ရှေးရိုးအစဉ်အလာလက်ထပ်ထိမ်းမြားမှုမှာ ယောက်ျား တွေရဲ့ စိတ်ထဲက“ငါ့မိန်းမကိုငါချစ်ပေမယ့် အထက်စီးကဆက်ဆံဖို့တော့လိုတယ်။ ဒါမှ ငါ့ကိုသူရိုသေမယ်”လို့ တွေးတောယူဆကြပါတယ်။ အဲဒီလိုပါပဲ။ ရှေးဦးအစဉ်အလာအရ လက်ထပ်ထိမ်းမြားခြင်းပြုတဲ့ အမျိုးသမီးကလည်း
“ငါက ငါ့ယောက်ျားကို အပေါ်ယံလောက်ပဲရိုသေပြနေတာပါ။ နှလုံးသားထဲကရိုသေနေတာမျိုးတော့ မဟုတ်ဘူး။ သူက အရမ်းတစ်ကိုယ် ကောင်းဆန်တတ်တာပဲ။ ငါ့အတွက် ဘာမှစဉ်းစားပေးတာမဟုတ်ဘူး။ ဒီတော့ ငါလည်း သူ့အတွက် ဘာများစဉ်း စားပေးနေဖို့လိုလို့လဲ” ဆိုပြီး စိတ်ထဲမှာ မကျေနပ်မှုတွေကို မွေးမြူ သိုလှောင်ထားတတ်ပါတယ်။
ရှေးရိုးအစဉ်အလာလက်ထပ်ထိမ်းမြားခြင်းပုံစံ။
အဲဒီလိုလက်ထပ်ထိမ်းမြားခြင်းပုံစံဟာ အမျိုးသမီးတွေအတွက် ကောင်းပေမယ့် ယောက်ျားများအတွက် အကောင်းဆုံးလို့ အမျိုးသားအများ စုက ထင်မြင်ယူဆကြပါတယ်။
အမှန်စင်စစ်မှာ အဲဒီလိုလက်ထပ်ခြင်းကနေ သာယာပျော်ရွှင်တဲ့ အိမ်ထောင်မိသားစုမျိုးကို မပေါ်ပေါက်စေတာအမှန်ပါပဲ။
အိမ်ထောင်တစ်ခုကို မသာယာ၊ မပျော်ရွှင်ခြင်းကိုဖြစ်တည်စေတဲ့ အဓိကအကြောင်းတရားနှစ်ခုရှိပါတယ်။
၁။ အထက်က လက်ထပ်ထိမ်းမြားခြင်းပုံစံမှာ အမျိုးသမီးက လင်ယောက်ျားကို အပြင်ပန်းအနေနဲ့ ရိုသေသယောင်မြင်တွေ့ ရပေမယ့် သူ့ရဲ့ ရိုသေခယမှုတွေဟာ အနှစ်သာရ၊ နက်နဲမှုမရှိပါဘူး။
ဥပမာအနေနဲ့ပြရမယ်ဆိုရင်
သမ္မာကျမ်းစာတော်ထဲက ဣဇက်နဲ့ရေဗက္ကာအကြောင်းက သက် သေခံနေပါတယ်။ ရေဗက္ကာက ဣဇက်ကိုရိုသေလေးစားမှု ရှိခဲ့ပေမယ့် လေး နက်တဲ့ ရိုသေကိုင်းရှိုင်းမှုမျိုးတော့မဟုတ်ပြန်ဘူး။ နောက်ဆုံးသူချစ်တဲ့ သား ငယ်ကောင်းကြီးမင်္ဂလာခံစားနိုင်ဖို့အ တွက် လင်ယောက်ျားကိုလှည့်စားခဲ့ တဲ့ အဖြစ်အပျက်ကိုတွေ့မြင်ရပါတယ်။ (ကမ္ဘာ၊ ၂၅)
၂။ ဒုတိယအချက်ကတော့ ရှေးရိုးအစဉ်အလာလက်ထပ်မှုတွေ မှာ အမျိုးသမီးတွေက လင်ယောက်ျားကို ဝတ်ကျေ တန်း ကျပြုစုဆက် ဆံတတ်ခြင်းပဲဖြစ်တယ်။ ထမင်းချက်စရာရှိရင် ချက်ပေးတယ်။ ဒါပေမယ့် ချစ် လင်ယောက်ျားအတွက် အကောင်း ဆုံးဆိုတဲ့ ထမင်းဝိုင်းမျိုးကိုတော့ ဖန်တီးမ ပေးကြပါဘူး။ ချက်ပြုတ်ခူးခပ်ပေးရုံလောက်ပါပဲ။ လင်ယောက်ျားနဲ့ တစ်ကုတင်တည်းမှ ၁ အတူအိပ်၊ လိင်ဆက်ဆံခွင့်ပေးပေမယ့် လင်ယောက်ျားအတွက် အကောင်းဆုံး ပျော်ရွှင်မှုအပြည့်အ၀ ခံစားနိုင်အောင်တော့မလုပ် ပေးဘဲနေ နေတတ်ကြပါတယ်။
ကဲ- ဒီလိုဖြစ်နေရတာဟာ ဘာကြောင့်လဲ။ အဖြေက ရှင်းရှင်း လေးဖြစ်ပါတယ်။ အိမ်ထောင်တစ်ခုရဲ့ ဦးစီးသူဖြစ်တဲ့လင် ယောက်ျားက ဇနီးမယားဖြစ်သူ အမျိုးသမီးကို ဦးစားပေးမှုမပေး၊ တစ်ကိုယ်ကောင်းဆန်၊ အတတ ရားတွေကြီးမားနေမှုကို ဇနီးမ ယားကမကျေမနပ် တန်ပြန်တုန့်ပြန်မှုတွေကြောင့် ပဲဖြစ်ပါတယ်။
ခေတ်သစ်လက်ထပ်ထိမ်းမြားခြင်း။
မျက်မှောက်ခေတ်မှာတော့ အိမ်ထောင်ရှင်မတော်တော်များများ ဟာ ခေတ်ဟောင်းကထိမ်းမြားလက်ထပ်ခြင်းပုံစံကို ဆန့်ကျ င်ငြင်းဆန်လာကြ ပါတယ်။
“ငါ့အတွက်စဉ်းစားရမယ်။ ယောက်ျားကို ဘာကြောင့်အသားလွတ် ရိုသေနေရမှာလဲ။ ငါ့ထက်သူ ဘယ်နေရာကမြင့်မြတ်နေ လို့လဲ” လို့လည်း လေသံဟလာကြပါတယ်။
ယောက်ျားတစ်ချို့ကလည်း
“ငါ့မိန်းမက ငါ့အတွက်အကောင်းဆုံးလုပ်ပေးနေဖို့ အဓိကပဲ။ ငါ့ အနေနဲ့သူ့ကို ယုယနေဖို့မလိုဘူး။ ဒါမှ ငါ့ကိုသူရိုသေမှာ” ‘ဆိုတဲ့ ဟောင်းနွမ်းနေ တဲ့ အတွေးမျိုးကို လက်ကိုင်ထားဆဲပါပဲ။
ဒီသဘောတွေကြောင့် လူတွေက ဟောင်းနွမ်းဆွေးမြေ့နေတဲ့ ရှေး ဆန်ဆန်ပုံစံခွက်ထဲက ရုန်းထွက်လာကြပြီး ပုံစံသစ်ထဲ ကိုဦးတည် လျှောက် လှမ်းလာနေကြတယ်။ | အဲဒီပုံစံသစ်ကို “ခေတ်သစ်လက်ထပ်ထိမ်းမြားခြင်း”လို့ အမည် သညာတပ်ပေးလိုက်ကြပါစို့။
ခေတ်သစ်လက်ထပ်ထိမ်းမြားခြင်းမှာတော့ လင်ယောက်ျားရော ဇနီးမယားဖြစ်သူကပါ အရိုအသေပေးမှုကိုအပြန်အလှန်လိုချ င်၊ ခံယူလိုကြတယ်။ နှစ်ယောက်စလုံးက အိမ်ထောင်ဦးစီးဆိုတဲ့ ရာထူးကိုရယူလိုကြတယ်။ ဒါတွေကြောင့် အိမ်ထောင်အတွင်းမှာ ရန်လိုမှုတွေဟ
နေ့စဉ်နဲ့အမျှ ပြည့်လျှံနေ ပါတော့တယ်။ ဇနီးမောင်နှံဟာ ချစ်ခင်ကြင်နာကြတဲ့မိတ်ဆွေများနဲ့မတူတော့ ဘဲ နေရာဌာနတစ်ခုစီကလ ပြီး သူနိုင်၊ ကိုယ်နိုင်အပြိုင်အဆိုင်၊ အကြိတ်အနယ်ယှဉ်ပြိုင်နေကြတဲ့ ရဲရဲတောက် အားကစားသမားတွေနဲ့ တူနေပါတယ်။
ဒီခေတ်သစ်လက်ထပ်ထိမ်းမြားခြင်းပုံစံကို ယောက်ျားများက သိပ် ဘဝင်မကျလှပါဘူး။
“ငါတို့လက်ထပ်ပြီးတဲ့နောက် စကားများကြတယ်။ တကယ်တော့ ဒီကိစ္စမှာ ငါမမှားဘူး။ ခေတ်ကိုအမီလိုက်တဲ့ ခေတ်ဆန် တဲ့မိန်းမတွေဟာ သူတို့ယောက်ျားကို မရိုသေလို့အခုလိုဖြစ်ရတာ။ တခြားမြို့က အမျိုးသမီးတစ် ယောက်ကို ငါလက်ထပ်ခဲ့သင့်တ ယ်”လို့လည်း ညည်းချင်းချတတ်ကြပါတယ်။ ။
ဘယ်လိုပဲဖြစ်နေ၊ ဖြစ်နေ၊ လူတွေဖန်တီးတဲ့ “ခေတ်ဟောင်း”၊ “ခေတ် သစ်””ထက်ကောင်းတဲ့အကြံအစည်တစ်ခု ဘုရား သခင်ဆီမှာရှိနေတာကိုတော့ သိစေချင်ပါတယ်။
ထိမ်းမြားလက်ထပ်ဖို့ ဘုရားသခင့်အကြံတော်။
အိမ်ထောင်တစ်ခုမှာ လင်နဲ့မယားနှစ်ယောက်စလုံးက ဘုရားသခင် အလိုတော်ရှိတဲ့အကြံအစည်တော်ကို နားလည်သဘော ပေါက်လိုက်ပြီဆိုရင် ဖြင့် လင်ယောက်ျားကလည်း
“ကျွန်တော်ပျော်ရွှင်မှုထက် ကျွန်တော့်အမျိုးသမီးပျော်ရွှင်ရေးကို ပဲ စဉ်းစားချင်တယ်။ ဇနီးမယားရဲ့ အချစ်ဆုံးလို့သတ်မှတ် ခံရတဲ့သူလည်းဖြစ် ချင်တယ်ဗျာ။ နောက်ပြီး ကျွန်တော့်အနေနဲ့ သခင်ယေရှုလို တစ်ကိုယ်ကောင်း မဆန်၊ အတ္တတရားမရှိတဲ့စိတ် ထားမျိုးကို မွေးမြူချင်လာတယ်ဗျာ” လို့ ဖွင့်ပြော လာတတ်ပါတယ်။
ဇနီးမယားဖြစ်တဲ့သူကလည်း
“ကျွန်မယောက်ျားက ကျွန်မကိုအရမ်းဂရုစိုက်တာရှင့်။ သူ့ရဲ့ ယုယ ကြင်နာမှုတွေအပေါ်မှာလည်း ကျွန်မကျေနပ်နေတာအ မှန်ပဲ။ ကျွန်မ အနေနဲ့ လည်း လင်ယောက်ျားအတွက်ပြည့်ဝတဲ့ ပျော်ရွှင်မှုကိုအတတ်နိုင်ဆုံးပေးချင် တယ်။ သူ့ရဲ့ယုယကြင်နာတတ် မတွေဟာ သူ့ကိုကျွန်မ ပိုပြီးလေးစား ရိုသေ လာစေတဲ့အချက်ပါပဲ” လို့ ဖွင့်ဟဝန်ခံတတ်ကြပါတယ်။
အိမ်ထောင်တစ်ခုမှာ လင်မယားဆက်ဆံမှုနဲ့ပတ်သက်ပြီး နိုင်ငံ၊ ယဉ်ကျေးမှုအသီးသီးက ဆိုဆုံးမထားတဲ့ အကြောင်းအရာ တွေရှိပါတယ်။ ဒါပေ မယ့် လူတွေဆိုဆုံးမထားတာထက် ပြည့်စုံလေးနက်တဲ့ဆုံးမစကားကတော့ သမ္မာကျမ်းစာတော်မြတ်ပဲဖြစ်ပါတ ယ်။ လင်နဲ့မယား ဘယ်လိုဖြစ်သင့်တယ် ဆိုတာကို ကျမ်းစာတော်မြတ်မှာ အတိအကျဖေါ်ပြထားပါတယ်။
အိမ်ထောင်ရှင်မိန်းမဖတ်ရန် အိမ်ထောင်ရှင်ယောက်ျားဖတ်ရန်
ဧဖက်၊ ၃၃-(ခ) ဧဖက်၊ ၃၃-(က)
ဧဖက် ၅း၂၂-၂၄ ဧဖက်၊ ၅း၂၅။ ၁ပေ ၃းရ။
အထက်မှာဖေါ်ပြတဲ့ ကျမ်းပိုဒ်ပါမိသားစုပုံစံမျိုးကို ဘယ်သူမဆို နှစ်သက်ကြပါလိမ့်မယ်။ အဲဒီ အိမ်ထောင်မိသားစု မှာတော့ မ ယားကလင်ကို အိမ်ထောင်ရဲ့ ဦးစီးသူအဖြစ်ချီးမြှောက်ပြီး၊ ရိုသေနိုင်အောင်လည်း ဆုတောင်း ကြိုးစားတတ်ပါတယ်။
လင်ယောက်ျားဖြစ်တဲ့သူကလည်း သူ့ဇနီးဟာ သူ့ရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်နေလို့ သူ့ကိုယ်သူလိုပဲသတ်မှတ်ပြီးချစ်နိုင်ဖို့ ကြိ စားလာပါတယ်။
အဲဒီလိုတည်ဆောက်ခဲ့တဲ့ ဘယ်အိမ်ထောင်ရေးမှာမဆို
““ငါဟာ အိမ်ထောင်ဦးစီး၊ ငါကြိုက်သလိုလုပ်မယ်” ဆိုတဲ့ အာဏာ ရှင်ဆန်ဆန်စကားသံမျိုးကိုလည်း မကြားရတော့ပါဘူး။ အိမ်ထောင်ကိုဦးစီး တဲ့သူကိုယ်တိုင်က သူ့ဇနီးကိုကြင်နာယုယနေတာကြောင့် အိမ်ထောင်ရေးဟာ သာယာလှပနေပါတယ်။
ကျွန်တော်မှတ်သားဖူးတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ကို ဝေငှချင် ပါတယ်။ အိမ်ထောင်မိသားစုတစ်စုမှာပေါ့။
ဖခင်က “ဂျူး’ ဆိုတဲ့သူ။ မိခင်က “လေးဒီယာ”ပါ။ တစ်နေ့မှာ သူ တို့လင်မယားဟာ ကလေးတွေကိုဘယ်ကျောင်းမှာထားရ မလဲ၊ ဘယ်ကျောင်း ကဘယ်လိုဆိုပြီး ပြောဆိုကြတာနဲ့ အကြိုက်ချင်းမတူတော့ငြင်းခဲ့ကြတယ်။ နောက်ဆုံးတော့ “ဂျူး ́ကပဲ သူ့မိန် မရဲ့အလိုကို လိုက်လျောလိုက်တယ်။သူ့မယားကိုချစ်လို့ လိုက်လျောလိုက်တာပါ။
နောက်တစ်ချိန်မှာတော့ ‘ဂျူးကကားတစ်စီးဝယ်ဖို့ စိတ်ကူးတယ်။ “ဂျူဝယ်ချင်တဲ့ကားကဟောင်းလွန်းတော့ “လေးဒီယာ” ကမကြိုက်ဘူး။ ဒါပေမယ့် သူ့ယောက်ျားကိုမရိုမသေ ဆရာလုပ်မိသလိုဖြစ်သွားမှာကိုစိုးရိမ် လို့ အဲဒီကားကိုဝယ်ဖို့မကန့်ကွက်ဘူး။ “လေးဒီယာ’ထင်တဲ့အတိုင်းပါပဲ။ မကြာ ခင်မှာ “ဂျူဝယ်လိုက်တဲ့ကားကပျက်ပြီး သုံးလို့ကိုမရတော့ဘူး။ “လေးဒီယာ’ က “ဂျူး” ကိုအရမ်းအပြစ်တင်ချင်တယ်။ ဒါပေမယ့် “လေးဒီယာ’က သူ့မှာဖြစ် ပေါ်လာတဲ့အပြစ်တင်ချင်စိတ်ကို ထိန်းချုပ်လိုက်တယ်။ ဒါကလ ည်း သူ့ ယောက်ျားကို ချစ်လို့ပါပဲ။ ချစ်ကြတော့လည်း အရာရာဟာအဆင်ပြေသွား ကြတော့တာပဲ။
အမှန်မှာ အဲဒီလို တစ်ယောက်နဲ့တစ်ယောက်နားလည်မှုနဲ့ချစ်နိုင် ဖို့ဆိုတာ မလွယ်ကူလှပါဘူး။ လင်ယောက်ျားတစ်ယောက် အနေနဲ့
“ငါရော ငါ့မိန်းမကိုချစ်လို့ ကောင်းတဲ့အလုပ်တစ်ခုခုကိုလုပ်ခဲ့ဖူး ပြီလား”ဆိုပြီး ကျွန်တော့်ကိုကျွန်တော် မကြာခဏ ဆန်းစ စ်မေးခွန်းတွေထုတ် တတ်ပါတယ်။ အဲဒီလိုမျိုးအချိန်မှာဆိုရင် ကျွန်တော့်မိန်းမကိုပိုပြီးချစ်နိုင်ဖို့ အတွက် ဘုရားသခင်ကအောက်မှာပါ တဲ့အချက်တွေကို ကြိုးစားပြီးလုပ်ဖို့ ဘုရားသခင်ကကျွန်ုပ်ကိုပြောပါတယ်။ (ကျွန်တော့စိတ်ထဲက ခံယူချက်ပါ)
ချစ်ဇနီးကို ယုယကြင်နာဖို့ ကိုယ့်စိတ်ဆန္ဒတစ်ခုတည်းနဲ့ မရပ်တည်ဖို့ သိမ်မွေ့ပြီး စွန့်လွှတ်တတ်ဖို့ ဒေါသအလွယ်တကူ မထွက်မိဖို့(၁ကော ၁၃ ၄-၈)
အိမ်ထောင်တစ်ခု သာယာပျော်ရွှင်ဖို့အတွက် လင်ယောက်ျားက ကြင်နာယုယ၊ သိမ်မွေ့ပြီး စွန့်လွှတ်တတ်တဲ့သဘော၊ မေ တ္တာ၊ စိတ်ရှည်မှု တွေလိုအပ်သလို ဇနီးမယားဖြစ်သူကလည်း လင်ယောက်ျားကိုရိုသေမှုပေး ရန်လိုအပ်လှပါတယ်။
အိမ်ထောင်တစ်ခုတည်ဆောက်ရာမှာ ဘုရားသခင်ရဲ့အကြံအစည် တော်က အင်မတန်မှအရေးကြီးပါတယ်။ ဒါပေမယ့် ဝမ်း နည်းဖို့ကောင်းတာက တော့ ခရစ်ယာန်တော်တော်များများက သမ္မာကျမ်းစာပါဘုရားသခင်ရဲ့ အကြံ အစည်တော်ထက်၊ လောကီပုံစံ တွေကို အတုယူအသုံးပြုအသက်ရှင်ကြ လို့ဖြစ်ပါတယ်။
တစ်ချို့က ခေတ်သစ်ထိမ်းမြားလက်ထပ်မှုပုံစံအတိုင်း အသက် ရှင်ကြတယ်။ မိန်းမကို အနိုင်ယူချင်တဲ့လူကတော့ ခေတ် ဟောင်းလက်ထပ်မှုပုံ စံကို ကျင့်သုံးအသက်ရှင်ကြပါတယ်။
ဒါပေမယ့်လည်း
သမ္မာကျမ်းစာသွန်သင်မှုအတိုင်း အသက်ရှင်တဲ့သူများသာလျှင် သာယာပျော်ရွှင်တဲ့ မိသားစုဘဝကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ သူတို့တွေရဲ့ မိသားစု၊ ဇနီးမောင်နှံမှာ မိတ်ဆွေသူငယ်ချင်းလိုဖြစ်ဖြစ်၊ ချစ်သူတွေလိုတစ်ဖုံ ပျော်ရွှင်နေကြရပါတယ်။