မကြာသေးခင်တုန်းက ကျွန်တော့်အစ်မဖြစ်သူက ကျွန်တော် ငယ်ငယ်တုန်းက ဓါတ်ပုံတစ်ပုံ တွေ့လိုက်ပါတယ်။ သုံးနှစ်သားအရွယ် ကျွန်တော်က၊ ခရစ်တော်ရဲ့မွေးနေ့ကိတ်နားမှာ မတ်တပ်ရပ်လို့၊ ဖယောင်း တိုင်အစုံနှင့်၊ အဲဒီမွေးနေ့ကိတ်က ကျွန်တော့်ရဲ့စိတ်ကူးပါ။ အဲဒီတုန်းက ကျွန်တော်ဟာ မြီးကောင်ပေါက်ကလေးလေးဆိုတော့ အမေ့ကိုမေးခွန်း မေးလိုက်တယ်။
”မေမေ၊ သားတို့ ဘာကြောင့် ခရစ်စမတ်ပွဲကျင်းပတာလဲ”
အမေက စိတ်ရှည်ရှည်နှင့် ရှင်းပြပါတယ်။ ”ခရစ်စမတ်နေ့ဟာ ခရစ်တော် ရဲ့ မွေးနေ့မို့လို့ မွေးနေ့ပွဲကျင်းပတာ” တဲ့။
မူကြိုရွယ်ကလေးတစ်ယောက်ပီပီ၊ ကျွန်တော်ပြောထွက်တာ ကတော့ ”ဒါဆို ကျွန်တော်တို့ ခရစ်စမတ်ပွဲကျင်းပသင့်တာပေါ့။ ကိတ်မုန့် နှင့် ခရစ်စမတ်သီချင်းကို ခရစ်တော်အတွက် သီဆိုသင့်တယ်” လို့ပြောလိုက် မိတာ။ အမေက ”ဟုတ်တာပေါ့ လုပ်ကြရအောင်” လို့ပြောလိုက်တယ်။
ဒီလိုနှင့် ကျွန်တော်တို့ဝါရင့်မိသားစုမှာ ခရစ်စမတ်အစဉ်အလာ တစ်ခု ခရစ်တော်မွေးနေ့ပွဲကျင်းပလာတာ ဆယ်စုနှစ်ငါးစုကျော်ပါပြီ။ ဖယောင်းတိုင်နှင့် ကိတ်မုန့်နှင့် ယေရှုရဲ့မွေးနေ့ပွဲကို အိမ်သားထဲက အငယ်ဆုံးက မီးမှုတ်ရတယ်။ အခုတော့ ကျွန်တော့မြေးအငယ်ဆုံးအလှည့် ရောက်ပေပြီ။ အဲဒီမွေးနေ့ပွဲကို မိုျးဆက် ၄-ဆက်က ဆင်နွဲနေပါပြီ။
မိသားစု ခရစ်စမတ်မှာ သီချင်းဆိုတာနှင့် ကျမ်းစာဖတ်ရင်း ခရစ်စမတ်ပုံပြင်ဖတ်ခြင်း၊ တစ်ယောက်စီ တိုင်းက ကိုယ်နှင့်ပတ်သက်တဲ့ အတွေ့အကြုံအပေါ် မေးခွန်းနှစ်ခုဖြေရပါတယ်။ အဲဒီမေးခွန်း နှစ်ခုထဲက၊ ပထမ မေးခွန်းက ”ဒီကုန်ဆုံးခဲ့တဲ့နှစ်မှာ ဘုရားသခင်အပေါ် ဘာကို ကျေးဇူးတင်ပြီး ဘာကြောင့် ကျေးဇူးတင်ရသလဲ” ဆိုတဲ့မေးခွန်းပါ။ နောက်မေးခွန်းတစ်ခုက ”ဒီနေ့ဟာ ခရစ်တော်ရဲ့ မွေးနေ့ဖြစ်တဲ့အတွက် နောက်နှစ်မှာ ခရစ်တော်ကို ဘာပေးဖို့စဉ်စားပါသလဲ” ဆိုတဲ့မေးခွန်းပါ။ ဒီမေးခွန်း၊ ရိုးရိုးလေးမေးခွန်းနှစ်ခုဟာ ကျွန်တော်တို့ မိသားစုရဲ့သမိုင်းမှာ အရေးကြီးတဲ့လုပ်ဆောင်မှုတွေထဲကတချို့ကို ဖြစ်ပေါ်စေတဲ့ မေးခွန်းလေး ဖြစ်လာပါတယ်။
ယခုခေတ်၊ ခေတ်အနေအထားကြောင့်၊ ကျွန်တော်တို့တွေဟာ ဘုရားသခင်ပြုတော်မူခဲ့တဲ့ ကောင်းမြတ်မှုတွေကို အလျင်အမြန် မေ့ပျောက် တတ်လာကြပါတယ်။ ပြီးတော့နောက်တခြား စိန်ခေါ်မှုတစ်ခုကို ရွေ့လိုက် ကြပါတယ်။ ဒီတော့ စာရေးသူကျွန်တော်အနေနှင့် စာဖတ်သူရဲ့မိသားစုမှာ ခရစ်စမတ်နေ့ကို ကျင်းပဖို့ တိုက်တွန်းလိုက်တာပါ။ ခင်ဗျားရဲ့အိမ်မှာ မိသားစုနှင့်၊ ခင်မင်တဲ့သူငယ်ချင်းတွေနှင့်အတူ ခရစ်တော်ရဲ့ မွေးနေ့ပါတီပွဲ ကျင်းပပါ။ တစ်နှစ်လုံးကို ပြန်လည်အောက်မေ့ပြီး၊ ဘုရားသခင်ပြုတော်မူ သော ကောင်းမြတ်မှု များကို ပြန်ဆင်ခြင်နှလုံးသွင်းလိုက်ပါ။ တကယ်တော့ ဘုရားသခင်၊ ပို၍သိကျွမ်းအောင်လုပ်ဆောင်ခြင်း၊ ပို၍ချစ်အောင် လုပ်ဆောင်ခြင်းထက် ပို၍ အဓိပ္ပါယ်ရှိသော ခရစ်စမတ်မရှိနိုင်ပါ။ စာရေးသူ ကျွန်တော်တို့မိသားစု ခရစ်စမတ်ပွဲကျင်းပပုံဟာ နှစ်တိုင်းပြောင်းလေ့ရှိပါတယ်။ စာရေးသူတို့ မောင်နှမတွေငယ်တုန်း ကတော့ ဒီခရစ်စမတ်ပွဲဟာ ပျော်ပျော်ပါးပါး၊ ပေါ့ပေါ့ပါးပါးပဲဗျ။ လူးလွန့် စွာပျော်မြူးကြ၏။ တဖြည်းဖြည်းနှင့် ကြီးထွားရင့်ကျက်လာတော့၊ ကျွန်တော်တို့ရဲ့ ဝေမျှသက်သေခံချက်တို့ဟာ ပိုပြီးနက်ရှိုင်းလာပါတယ်။ ဒါပေမယ့် ကလေးတွေအဖို့တော့ ကျွန်တော်တို့ငယ်တုန်းကလိုပဲ ပျော်ရွှင်၊ ပေါ့ပါးလျက်ပါ။ ခုတော့ မြေးတွေရဲ့အလှည့်။ ပျော်ရွှင်ပေါ့ပါးရွှင်မြူးတဲ့ အချိန်ဖြစ်လာပါတယ်။ ကျွန်တော်တို့တွေကြီးထွားရင့်ကျက်လာကြပြီး၊ ဘုရားနှင့်လည်း ပိုနီးလာပါတယ်။ တစ်ဦးနှင့် တစ်ဦးနှလုံးသားထဲထဲကနေ ဝေမျှကြပြီး၊ ခရစ်တော်ဆီကို ဆက်ကပ်အပ်နံှကြပါတယ်။
မျိုးဆက်တွေဟာ ရောက်လာပြီး၊ သွားကြတာပါပဲ။ စာရေးသူရဲ့ မိဘတွေဆို ခုတော့ ကောင်းကင်ဘုံမှာရောက်နှင့်ပြီ။ ဒါပေမယ့် ဒီလောက မှာတော့ အရာရာက ပြောင်းလဲလို့။ အဲသလိုပြောင်းလဲနေတဲ့ကမ္ဘာမှာ ကျွန်တော်တို့မိသားစုရဲ့ ယုံကြည်မှု၊ ခရစ်တော်ပေါ် ယုံကြည်မှုရဲ့ တည်ငြိမ် မှုက လောကမှာ ကျွန်တော်တို့ ရင်ဆိုင်ကျော်လွှားမရတဲ့ ပြဿနာများ၊ ကင်ဆာရောဂါ၊ မိသားစုပြဿနာ၊ ငွေရေးခက်ခဲမှု၊ သေခြင်းကအစ တခြားသောပြဿနာပေါင်းများစွာကို ရင်ဆိုင်နိုင်စွမ်းပေးလျက်ရှိပါတယ်။
ဒီတော့ … စာဖတ်သူခင်ဗျား၊ ဒီ ခရစ်စမတ်မှာ ခင်ဗျားဘဝက ဘာပဲဖြစ်ဖြစ် နေပါစေဦးတော့။ ခရစ်စမတ်ကို အမှန်တကယ် ကျင်းပဖို့ ကြိုးစားလိုက်ပါ။ ထူးခြားမှုတစ်ခု ဖြစ်လာပါလိမ့်မယ်။