အမှာစာ – ခရစ္စမတ်ရဲ့အနှစ်သာရ
ဘာသာပြန်သူ၏အမှာစာ စာဖတ်သူများအား … မင်္ဂလာအပေါင်းနှင့် ခညောင်းတဲ့ ခရစ္စမတ်ပါ လို့ ဦးစွာနှုတ်ဆက်ပါရစေ။ ကျွန်တော်တို့မီဒီယာလုပ်ငန်းမှ ဒီစာအုပ်ကို ပရိသတ်လက်ထဲ အရောက်ပို့ပေးနိုင်ပြီဖြစ်လို့ ၀မ်းသာမဆုံးဖြစ်ရပါတယ်။ ကျွန်တော်ဘာသာပြန်တဲ့စာအုပ်တွေကို အားပေးတဲ့ စာဖတ်သူတွေ၊ ခရစ်ယာန်စာပေကို မြတ်နိုးတဲ့ စာချစ်သူတွေကို စာရေးသူ ကျွန်တော့်အနေနှင့် ဘာမှလုပ်ပေးနိုင်တာမရှိပါ။ သို့သော် . . . စာကောင်းပေမွန်များကို ဘာသာပြန်ခြင်းဟာ ကျွန်တော်လုပ်ဆောင်နိုင် သည့် စာပေအမှုတော် ထမ်းရွက်ခြင်းဟု ခံယူတဲ့အတွက် တတ်နိုင် သလောက် ကြိုးစား၍ ဘာသာပြန်ခဲ့ပါတယ်။ ယခု ပရိသတ်လက်ထဲရောက်ရှိလာတဲ့ စာအုပ်ဟာလည်း ကမ္ဘာကျော်ခရစ်ယာန်သင်းအုပ်ဆရာ၊ စာရေးဆရာ ျွငခု ျွှမေမနည ရဲ့နောက်ဆုံးထုတေ်၀တဲ့စာအုပ်ပါ။ ၂၀၀၈ ခုနှစ်၊ ခရစ္စမတ်ရာသီအတွက် ထုတေ်၀တဲ့စာအုပ်လေးပါ။ ဒီတော့ကျွန်တော့်အနေနှင့် ဒီလို စာအုပ်ကောင်းကို ပရိသတ်လက်ထဲအရောက်ပို့ခွင့်ရခြင်းကြောင့် ပီတိဖြစ်မိပါတယ်။ တကယ်တော့…
Read more