အခန်း(၄) အချစ်စစ်ကို ဆန်းစစ်နည်း(၈)မျိုး။
“မာသနဲ့ကျွန်တော်ဟာ တစ်ယောက်နဲ့တစ်ယောက်ချစ်နေကြပါ တယ်။ သူ့ကိုလည်။ ကျွန်တော်လက်ထပ်ချင်ပါတယ်။ ဒါ ပမယ့် ကျွန် တော့်အချစ်ဟာ အချစ်စစ်၊ အချစ်မှန်ဟုတ်ပါ့မလားဆိုတာ သိချင်ပါ တယ်။ ကျွန်တော်တို့ရဲ့ ချစ်ခြင်းဟာ အချစ်စစ် ၊ အချစ်မှန်ဟုတ်မဟုတ် ဘယ်လိုသိနိုင်မလဲ”
လူငယ်တွေက အဲဒီလိုမျိုးစာတွေနဲ့ မကြာမကြာလာမေးတတ်ပါ တယ်။ အဲဒီမေးခွန်းကို နားလည်နိုင်ဖို့အတွက် အချစ်ကိုခွဲ ခမ်းစိတ်ဖြာနိုင်ဖို့ ဆန်းစစ်နည်း (၈)နည်းကိုပေးထားပါတယ်။
၁။ပေးဆပ်ခြင်း။
မိတ်ဆွေဟာ တစ်စုံတစ်ယောက်ကိုချစ်မိပြီဆိုရင် သင့်ရဲ့ပျော် ရွှင်မှုအတွက်ထက်၊ သင်ချစ်တဲ့ချစ်သူအပေါ် ပေးဆပ်လိုတဲ့ ဆန္ဒတွေဖြစ် ပေါ်လာမှာဖြစ်ပါတယ်။ အချစ်စစ်မှန်ရင် ကိုယ့်ကိုကိုယ်ထက် အခြားသူ (ချစ်သူ)ကို ပိုပြီးဂရုစိုက်လာပါတယ်။
အချစ်စစ်မှန်ရင် ကိုယ့်ချစ်သူဆီကနေ အကြံဉာဏ်တွေရယူ တတ် ပါတယ်။ ချစ်သူရဲ့ အခက်အခဲမှန်သမျှကို ဖြေရှင်းပေး လိုတဲ့ဆန္ဒတွေရှိပါတယ်။ ဖြူစင်ရိုးသားပြီး သိမ်မွေ့တဲ့သဘောတရားတွေရှိပါတယ်။ သူတပါးအပေါ် မေတ္တာစိတ်ထားပြီး၊ ရယူလိုတဲ့ အချစ်မျိုး လျော့ပါးလာပါတယ်။ အတ္တသဘော နဲ့ဆန့်ကျင့်ပြီး ချစ်သူရဲ့ လိုအပ်မှုကို ဂရုစိုက်တတ်ပါတယ်။
ကျွန်တော်တို့တတွေဟာ ပုထုဇဉ်လူသားတွေဖြစ်ကြတာကြောင့် အတ္တသဘောတရားတွေနဲ့ မကင်းနိုင်ကြတာမထူးဆန်းပါဘူး ။ ဒါပေမယ့် ဘယ် လိုပဲ အကြီးကြီး၊ အချစ်စစ်ကိုတွေ့ရှိပြီး၊ အမှန်တကယ်ချစ်မိပြီဆိုရင် ကိုယ့် ချစ်သူကိုအထက်စီးက အနိုင်ရ နေတာထက် ကိုယ်ကသာပေးဆပ်လိုတဲ့စိတ် တွေ တဖွားဖွားပေါ်ပေါက်လာမှာဖြစ်ပါတယ်။
ဒါကြောင့် အချစ်စစ်နဲ့ပတ်သက်ပြီး စိစစ်ချင်တယ်ဆိုရင် ပထမဆုံး မေးရမယ့်မေးခွန်းကတော့
“ငါဟာ အမှန်တကယ် သူ့ကိုပေးဆပ်ချင်ပါရဲ့လား။ ဒါမှမဟုတ် ငါ့ရဲ့ အတ္တကိုပဲ ဦးစားပေးနေသလား” ဆိုပြီး ကိုယ့်ကိုကိုယ် မေးခွန်းထုတ် ရမှာဖြစ်ပါတယ်။
၂။ နှစ်သက်သဘောကျခြင်း။
ကောင်မလေးတစ်ယောက်အနေနဲ့ အဆိုတော်ကောင်လေးတွေ ကို နှစ်သက်သဘောကျတတ်ပါတယ်။ ဒါပေမယ့် ကိုယ့်ဟာ ကိုယ်ပြန်စဉ်းစား ကြည့်တော့
“တကယ်လို့ ငါသာအသက်ငယ်ငယ်နဲ့သေခဲ့ရင်၊ ငါရဲ့ကလေးတွေ ထားခဲ့ပြီးသေသွားခဲ့ရင်၊ ဒီလူက ကလေးတွေကို ပြုစု စောင့်ရှောက်မှာမဟုတ် ဘူး”ဆိုပြီး စဉ်းစားတတ်ကြပါတယ်။
ယောက်ျားလေးတွေကလည်း ဒီအတိုင်းပါပဲ။ ကောင်မလေးတွေ ရဲ့ ဝတ်စားဆင်ယင်မှုကို သဘောကျတတ်ကျပါတယ်။ သသေချာချာပြန် စဉ်းစားကြည့်တော့
“”ဒီလိုပုံစံနဲ့ဝတ်စားတတ်တဲ့ မိန်းမမျိုးကို ရဲ့ ကလေးတွေအတွက် မိခင်ဖြစ်ဖို့ ငါတကယ်သဘောကျနေပါ့မလား”လို့ ကိုယ့် ကိုကိုယ်မေးလိုက် တဲ့အခါမှာ အဖြေကတော့
“မဟုတ်သေးဘူး” ပေါ့။
အချစ်စစ်ဆိုတာဟာ ခံစားမှုသက်သက်ထက်သာလွန်နေပါတယ်။ နှစ်ဦးစလုံးအပြန်အလှန် သဘောကျနှစ်သက်ဖို့လိုအပ်လှပါ တယ်။ ဒါကြောင့် ဒုတိယမေးခွန်းကတော့
“ငါတို့ဟာ တကယပဲအပြန်အလှန်နှစ်သက်မှုရှိပါရဲ့လား”
၃။ အလေ့အထ(အကျင့်)
‘ရောဘတ်” ဆိုတဲ့ကောင်လေးက ‘အော်ဒယ်ရီ” ဆိုတဲ့ကောင်မလေး ကိုလက်ထပ်ခွင့်တောင်းပါတယ်။ “အော်ဒယ်ရီ” ကလည်း စဉ်းစားပါတယ်။သူမအနေနဲ့ ‘ရောဘတ်” ရဲ့ အမူအကျင့်တစ်ခုကို မကြိုက်ပေ။ ထမင်းစားပြီး အရိုးကိုက်တတ်တဲ့ ‘ရောဘတ်” ရဲ့ အကျင့် က သူမကိုမအီမသာဖြစ်စေသလို ခံစားနေရတယ်။
တကယ်လို့ “အော်ဒယ်ရီကရောဘတ်”ကိုတကယ်ချစ်ရင် “ရော ဘတ်’ရဲ့အကျင့်ကို နဂိုရှိရင်းအတိုင်းလက်ခံနိုင်ရမှာဖြစ်ပါ တယ်။
“လက်ထပ်ပြီးရင် အကျင့်တွေပြောင်းသွားမှာပါ” လို့တော့ တစ်ထစ် ချယူဆမထားသင့်ပါ။
“”အချစ်”က တစ်ယောက်သောသူရဲ့အမူအကျင့်ကိုပါ ချစ်ခင်စေ တတ်ပါတယ်။
ဒါကြောင့် မိတ်ဆွေဟာ မိမိမကြိုက်မနှစ်သက်တဲ့အမူအကျင့်ကို ပိုင်ဆိုင်ထားတဲ့သူတစ်ယောက်နဲ့လက်ထပ်ပြီး မပျော်ရွှင်နိုင် ဘူးလို့ထင်ရင် လက်ထပ်ဖို့အကြံအစည်ကို ပယ်ဖျက်လိုက်ပါ။ အရက်သမားတစ်ယောက်နဲ့ အတူမနေချင်ရင် အရက်သေစာသောက် စားတဲ့သူကို လက်မထပ်ဖို့ပဲဖြစ်ပါ တယ်။ လက်ထပ်တာတစ်ခုတည်းနဲ့ လူတစ်ယောက်ရဲ့ အမူအကျင့်ဆိုးကို ပြောင်းလဲမှုတွေမဖြစ်ပေါ် စေပါဘူး။ လက်ထပ်တာကြောင့် အရက်ကိုလုံးဝဖျက် ပစ်လိုက်တဲ့လူဆိုတာကလည်း မရှိသလောက်ရှားပါးပါတယ်။
ဒါကြောင့် အချစ်နဲ့ပတ်သက်ပြီး ကိုယ့်ကိုကိုယ်ပြန်မေးရမယ့် တတိ ယမေးခွန်းကတော့“သူ့အကျင့်တွေကို တကယ်ပဲဒီအတိုင်း ငါလက်ခံနိုင်ပါ့မလား” ဆိုတဲ့မေးခွန်းပဲဖြစ်ပါတယ်။
၄။ ဘုရားသခင်ကိုယုံကြည်ခြင်း။
စတုတ္ထမေးခွန်းအတွက် မိသားစုနှစ်စုအကြောင်းကို ဆင်ခြင်ကြည့် ရအောင်။
“အဲစတယ်လာ’နဲ့’ကာလက်’တို့ဟာ ဘုရားသခင့်အမှုတော်မှာ ပါဝင်ဆက်ကပ်နေတဲ့ စုံတွဲပါ။ ဘုရားသခင်ရဲ့ အမှုတော်မှာပါ ဝင်တာကိုလည်း ပျော်ရွှင်စရာလို့သတ်မှတ်နေကြပါတယ်။ ဆွေမျိုးသားချင်းတွေအတွက်ပါ သူတို့နှစ်ယောက်က အပြန်အလှန်ဆုတေ ဝင်းပေးတတ်ကြပါသေးတယ်။ “အဲစ တယ်လာ”က
“ကာလက်နဲ့တွေ့ပြီးမှပဲ ဘုရားနဲ့ကျွန်မနီးစပ်နိုင်တော့တယ်”လို့ဆို ပါတယ်။
နောက် စုံတွဲတစ်တွဲကတော့ “စာရာ’နဲ့’သတေဖန် ́ ပါ။ “သတေဖန်” အပြစ်တွေမပြုလုပ်မိဖို့ “စာရာ’ကခဏခဏသတိပေးပါ တယ်။ ဒါပေမယ့် သူတို့နှစ်ယောက်ဟာ တစ်ခါမှအတူတူဆုမတောင်းဖူးကြဘူးပါ။ “စာရာ”ကပါ သူ့ချစ်သူကို ဘုရားသခင်နဲ့ပိုနီးစေဖို့ အတွက် ကြိုးစားခဲ့ပေမယ့် မအောင်မြင် ပါဘူး။ “သတေဖန”က “စာရာ့’ကိုဂရုမစိုက်ဘဲနေခဲ့တယ်။
ကျွန်တော်တို့စဉ်းစားရမှာက
“ကျွန်တော်တို့ချစ်သူမောင်နှံဟာ ဘုရားသခင်ကိုအမှန်ပဲချစ်ကြ ပါရဲ့လား။ ဘုရားသခင်နဲ့နီးစပ်ဖို့ ကြိုးစားကြပါရဲ့လား” ဆိုတဲ့အချက် ဖြစ်ပါတယ်။
၅။ ပွင့်လင်းစွာပြောဆိုခြင်း။
ချစ်သူနှစ်ဦးလက်ထပ်ပြီးတဲ့အခါမှာ ဘယ်လိုနေထိုင်ကြမလဲ။ မိဘ တွေနဲ့အတူ နေရမလား။ လင်ယောက်ျားဖက်က မိဘ ကိုပဲကြည့်ရမလား။ ဒါမှမဟုတ် မိန်းမဖက်ကမိဘကိုပဲပံ့ပိုးရမလား စတဲ့မေးခွန်းတွေကိုလက်မထပ်ခင်ကတည်းက ပွင့်ပွင့်လင်းလင်း ဆွေးနွေးညှိနှိုင်းသင့်ပါတယ်။ ။
ချစ်သူနှစ်ဦးဟာ အမှနတကယ်ချစ်ကြသူတွေဖြစ်တယ်ဆိုရင် အဲဒီ အကြောင်းတွေကို ဆွေးနွေးညှိနှိုင်းထားသင့်ပါတယ်။ “အဲလိအွတ်” နဲ့ ဘတ်တီ”ဟာ ချစ်သူတွေဖြစ်ပြီး အသင်းတော်ချင်း မတူကြပါဘူး။ တစ်နေ့ “အဲလိအွတ်”က
“မင်းတို့အသင်းတော်က ပို့ချတဲ့ယုံချက်နဲ့ ကိုယ်တို့ဆီမှပို့ချတဲ့ ယုံချက်က မတူဘူးဟုတ်လား”လို့ဒေါသတကြီးနဲ့မေးတော့ “ ဘတ်တီ’က မဝံ့မရဲနဲ့
“ဟုတ်တယ် မတူဘူး”လို့ဖြေလိုက်တယ်။ “ဘတ်တီ” စိုးရိမ်နေတာက သူ့ချစ်သူ’အဲလိအွတ်” အနေနဲ့ သူယုံ ကြည်ခံယူတဲ့အသင်းတော်ကို စွန့်ပစ်ခိုင်းမှာကိုဖြစ်ပါတယ်။ “အင်။ ဘယ်လိုပဲဖြစ်ဖြစ်လေ။ မင်းနဲ့ကိုယ်လက်ထပ်ပြီးရင်တော့ ကိယ့်အသင်းတော်မှာ မင်းပါဝင်မယ်မဟုတ်လား ဘတ်တီရယ်”
‘ဘတ်တီ’ ဘာမှ မပြောတော့ပါ။ သူမရဲ့ အသင်းတော်မှာ မိတ်ဆွေ သူငယ်ချင်းများစွာရှိနေသလို သူတို့ကိုမခွဲခွာရက်ပါ။ အ မှန်မှာ သူမကလည်း လက်ထပ်ပြီးပါက သူမရဲ့အသင်းတော်မှာ “အဲလိအွတ်”ပါဝင်လာလိမ့်မယ် လို့ စိတ်ထဲမျှော်လင့်ခဲ့မိတယ။
““တကယ်လို့ ဒီအကြောင်းတွေဆက်ပြီဆွေးနွေးနေရင် ငါတို့လက် ထပ်ဖို့အစီအစဉ်ပျက်သွားနိုင်တယ်။ ဒါကြောင့် ငြိမ်နေလို က်တာပဲကောင်း ပါတယ်”လို့ “ဘတ်တီ’ဆုံးဖြတ်လိုက်တယ်။
နောက်ဆုံး ကျွန်တော်က “ဘတ်တီ’ကိုဆုံးဖြတ်ပေးလိုက်တယ်။
“ဘတ်တို့အနေနဲ့ ဒီကိစ္စကို အဲလိအွတ်နဲ့ပွင့်ပွင့်လင်းလင်းဆွေးနွေး လိုက်ပါကွယ်။ မင်းရဲ့ အသင်းတော်ကို စွန့်လွှတ်ဖို့ခက်ခဲ့ တဲ့အကြောင်းတွေ ပေါ့။ ဒါပေမယ့် တစ်ခုတော့ရှိတယ်။ မင်းစကားပြောတဲ့အခါမှာ လိမ္မာသိမ် မွေ့ဖို့တော့လိုလိမ့်မယ်။ ဒီလိုဆွေးနွေး းတာကြောင့် မင်းတို့ရဲ့ ဂိုဏ်းဂဏပြဿ နာတွေ ရှင်းလင်းသွားလိမ့်မယ်လို့ထင်တယ်။ အဲ၊ တကယ်လို့ မင်းတို့အဲဒီလိုမှ ပွင့်လင်းမှုမရှိ ကြဘူးဆိုရင်တော့ မင်းတို့ရဲ့ ချစ်ခြင်းဟာ အချစ်စစ်၊ အချစ်မှန် မဟုတ်လို့ဖြစ်မှာပါ”လို့ အကြံပေးလိုက်ပါတယ်။
အဲဒီတော့ အချစ်စစ်ကိုသိရှိနိုင်ဖို့အတွက် ပဉ္စမမေးခွန်းကတော့“ငါတို့ချစ်သူတွေအချင်းချင်း ပွင့်လင်းမရှိကြသလား” ဆိုတဲ့ အချက်ပါ။
၆။ ငြင်းခုံပြီးနောက် ခွင့်လွှတ်ခြင်း။
“”လင်နှင့်မယား၊ လျှာနှင့်သွား”ဆိုသလိုပါပဲ။ ကမ္ဘာပေါ်မှာရှိကြတဲ့ လင်ယောက်ျားနဲ့ ဇနီးမယားတိုင်း အငြင်းပွားရန်ဖြစ်တ တ်စမြဲပါ။ ဒါပေမယ့် ဘယ်လိုပဲရန်ဖြစ်ဖြစ်၊ သူတို့နှစ်ယောက်ဟာ ချစ်သူမှန်တွေဖြစ်ခဲ့ရင် လိုက်လျော မှုတွေပြုပြီး ခွင့်လွှတ်နိုင်ကြမှ ဖြစ်ပါတယ်။
လက်မထပ်မီလူငယ်များဟာလည်း အငြင်းပွားပြီးရင် အချင်းချင်းခွင့် လွှတ်နိုင်ရဲ့လားဆိုတာကို ဆန်းစစ်ဖို့လိုပါတယ်။ အဲဒီ အကြောင်းနဲ့ပတ်သက်ပြီး မကြာသေးခင်အချိန်က တက္ကသိုလ်တစ်ခုမှာကျောင်းသူ၊ ကျောင်းသားများနဲ့ ဆွေးနွေးခဲ့ပါတယ်။ “နော်မ င်’ ဆိုတဲ့ကျောင်းသားတစ်ယောက်က
“ဒါမဖြစ်နိုင်ဘူး။ လက်မထပ်သေးတဲ့ချစ်သူနှစ်ယောက် ရန်ဖြစ် တယ်ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။ ရန်ဖြစ်တယ်ဆိုတာ လက် ထပ်ပြီးမှစလာတဲ့ အရာပါ”လို့ ကျွန်တော့်ကိုအတင်းငြင်းဆိုနေပါတယ်။
“ဘာဖြစ်လို့ မဖြစ်နိုင်ရမှာလဲ နော်မင်”လို့ ကျွန်တော်မေးတော့
“ဘာဖြစ်လို့လဲဆိုတော့ လက်မထပ်ခင်မှာ ချစ်သူတွေဟာဂရုစိုက် ကြတယ်။ ပျော်မြူးကြတယ်။ တစ်ယောက်စိတ်ကို တစ် ယောက်ဖုံးဖိထား ပြီးဟန်ဆောင်နေကြတော့ ရန်ဖြစ်တယ်ဆိုတာမရှိဘူး”လို့ ပြန်ဖြေပါတယ်။
‘နော်မင်’ပြောတဲ့စကားတွေဟာ မှန်ပါတယ်။ လူငယ်တွေဟာ လက်မထပ်ခင်မှာ ဟန်ဆောင်တတ်ကြတယ်။ တကယ်ပဲဒီလို ဖစ်သင့်သလား လို့မေးခွန်းထုတ်မယ်ဆိုရင်တော့ “မဖြစ်သင့်ဘူး” လို့ဖြေရမှာဖြစ်ပါတယ်။
ဒါကြောင့် ကျွန်တော်ကတော့လူငယ်တွေကို“ကိုယ့်ချစ်သူကို လိုတာထက်ပိုပြီးမပြော(မကြား)ပါနဲ့”လို့သတိ ပေးချင်ပါတယ်။
အရင်းခံအတိုင်း ရိုးရိုးလေးဆက်ဆံတဲ့အခါမှာ မိမိရဲ့ အတွင်းစိတ် ထားအမှန်တွေ ပေါ်ထွက်လာပါလိမ့်မယ်။ အခိုက်အတန့်မှ ကတော့ ချစ်သူနဲ့ သဘောထားကွဲလွဲမှုတွေရှိပြီး ရန်ဖြစ်ပါလိမ့်မယ်။
ရန်ဖြစ်ပြီးရင်တော့ မိမိတို့ရဲ့ အချစ်တွေကမှန်ကန်တယ်ဆိုရင်
“ကိုယ်မှားသွားပါတယ်ကွယ်။ ကိုယ်အတ္တဆန်သွားတယ်။ ကိုယ့် အတွက်ပဲစဉ်းစားခဲ့မိတယ်။ ကိုယ့်ကိုခွင့်လွှတ်နော်””လို့ တ စ်ယောက်ယောက် က ပြောထွက်လာပါလိမ့်မယ်။
တစ်ယောက်ကတောင်းပန်ပြီဆိုရင် ကျန်တဲ့တစ်ယောက်ကလည်း
“မှားနေတာက ‘မေ’ပါကွယ်။ ကျွန်မက ကိုယ့်ကိုကိုယ်အတွက်ပဲ အတ္တကြီးခဲ့တာပါ။ မောင့်သဘောအတိုင်း ဆက်ပြီးလုပ် ဆောင်ကြရအောင် နော်။ ပြောမိ ဆိုမိတာတွေအတွက် “မေ့”ကိုခွင့်လွှတ်နော် မောင်”” ဆိုပြီးပြန် တောင်းပန်လာမှာဖြစ်ပါတယ်။
ချစ်သူနှစ်ဦးဟာ လက်မထပ်သေးခင်မှာ ပွင့်ပွင့်လင်းလင်းဆက်ဆံ ခဲ့တာကြောင့် သူ့တို့နှစ်ယောက်ရဲ့ ခွင့်လွှတ်နိုင်တဲ့သဘော တွေက ထူးခြားတယ် မဟုတ်လား။
တစ်ခါက ‘မာတင်’နဲ့ ‘အဲစတာ’ဆိုတဲ့ ချစ်ကြသူနှစ်ယောက်ဟာ သင်းအုပ်ဆရာဆီကိုသွားပြီး လက်ထပ်ခွင့်တောင်းခဲ့ကြတ ယ်။ သင်းအုပ်ဆရာ က သူတို့နဲ့စကားစမြည်ပြောပြီး
“မင်းတို့ရန်ဖြစ်ပြီးရင် ခွင့်လွှတ်နိုင်ကြရဲ့လား” လို့မေးလိုက်တော့
“အို၊ ဘယ်လိုပြောလိုက်တာလဲဆရာရယ်။ ကျွန်တော်တို့နှစ် ယောက်ဟာ အင်မတန်ချစ်မြတ်နိုးကြတာဗျ။ တစ်ခါမှ ရန်မဖြ စ်ဖူးဘူး”လို့ ဂုဏ်ယူပြီးပြောလိုက်ကြတယ်။ အဲဒီအခါမှာ သင်းအုပ်ဆရာက
“အေးကွယ်၊ ဒီလိုဆိုရင်လည်း နောက်လအနည်းငယ်ကြာမှပြန် လာခဲ့ကြပါ။ ဒီအတောအတွင်းမှာ မင်းတို့အချင်းချင်း စိတ် နှလုံးထဲမှာရှိတာမှန် သမျှကို ပွင့်ပွင့်လင်းလင်းအမှန်အတိုင်း ဆွေးနွေးလိုက်ကြပါဦးကွယ်” လို့ပြောပြီး ပြန်လွှတ်လိုက်တယ်။
ဒါကြောင့် ကျွန်တော်တို့ရဲ့ အချစ်ခရီးမှာ ဆဌမမေးခွန်းကတော့
““ငါတို့ ရန်ဖြစ်ပြီးရင် ခွင့်လွှတ်နိုင်ကြသလား။ ငါမှားပါတယ်လို့ ကိုယ့်ချစ်သူကို ဝန်ခံတောင်းပန်နိုင်ပါရဲလား။ တစ်ယောက် ရဲ့အလိုဆန္ဒကို ယောက်လိုက်လျောနိုင်ရဲ့လား” ဆိုတဲ့မေးခွန်းပဲဖြစ်ပါတယ်။
ရ။ စိတ်လှုပ်ရှားမှု။
“ဒီည “အဲင်”ကိုငါနမ်းခဲ့တယ်။ တစ်ခါမှ မထိဖူးတဲ့သူကိုယ်လုံး လေးကို ငါဖက်ခဲ့ရတယ်။ ငါ့စိတ်တွေလှုပ်ရှားပြီး ရင်လ ည်းခုန်လိုက်တာ”
စိတ်လှုပ်ရှားစွာနဲ့ “ဂျွန်”ခံစားနေရပါတယ်။ ‘ဘရက်လီ”ရဲ့ စိတ်လှုပ်ရှားမှုကတော့ တစ်မျိုးတစ်ဘာသာဖြစ်ပါ တယ်။ သူက
“ကရင်” နဲ့အတူတူ နေ့လယ်ကလမ်းလျှောက်ရင်း၊ ဈေးကိုသွား တော့ ငါ့ရင်တွေခုန်လိုက်တာ”လို့ ခံစားနေတယ်။
‘ဘရက်လီ’က သူချစ်သူရဲ့ ခန္ဓာကိုယ်ပေါ် သူ့လက်ကိုမတင်ခဲ့၊ ထိတွေ့မှုတွေမရှိခဲ့ပါဘူး။ ‘ဘရက်လီ”လိုနေနိုင်ဖို့က မလွယ် ကူလှပါဘူး။ ဒါပေမယ့် ဒီလိုနေတာကိုက သူ့ရဲ့ အချစ်ကိုသက်သေထူနေတာဖြစ်တယ်။
“ဂျွန်ကတော့ သူ့အချစ်ကို သေသေချာချာဝေခွဲမတတ်တဲ့သူဖြစ် ပါတယ်။ သူ့အချစ်ကိုသိနိုင်ဖို့အတွက် ထိတွေ့ချင်တဲ့သူ့ ဆန္ဒကိုဖျောက်ဖျက် ဖို့လိုပါတယ်။ ပြီးမှ သူ့ကိုသူမေးဖို့လိုပါတယ်။
“ငါဟာ အဲင်နဲ့အတူနေပြီးအချိန်ဖြုန်းနေရတာကို ပျော်နေတာလား။ သူ့ရဲ့ကိုယ်ရည်ကိုယ်သွေးကို ချစ်နေတာလား။ သူ့ရဲ့ကို ယ်ခန္ဓာအသွေးအသား ကိုပဲ တောင့်တနေတာလား”လို့ မေးဖို့လိုပါတယ်။ ဒါကြောင့် သတ္တမေးခွန်းကတော့“အထိအတွေ့မပါဘဲနဲ့ အတူတူနေပျော်ပါရဲ့လား”။
၈။ တစ်ယောက်အကြောင်းတစ်ယောက်နားလည်ခြင်း။
လူတစ်ယောက်ရဲ့ အကြောင်းကိုမသိဘဲနဲ့ သင်မချစ်နိုင်ပါ။ ဒါကြောင့် သင့်ချစ် သူရဲ့ အတိတ်နဲ့ လက်ရှိအခြေအနေကိုသိဖို့လို ပါတယ်။
(က) အတိတ်။
ဖဘညနမ ဆိုတဲ့ကောင်လေးတစ်ယောက်က , ငမနူပ (ရှာလီ)ဆို တဲ့ကောင်မလေးကို ကြိုက်နေပါတယ်။ လက်မထပ်ခင် ဗ ဘညနမ က
“”မင်း ငါ့အကြောင်း မသိတာတွေများမယ်ထင်ပါတယ်။ ငါ့အနေ နဲ့လည်း မင်းကိုပြောပြဖို့ဆိုရင်လည်း ခက်နေပြန်တယ်။ ဒါပေမယ့် ပြောရ တော့မှာပဲ။ သခင်ယေရှုကို ကယ်တင်ရှင်အဖြစ်လက်မခံခင်မှာ အရက်အရမ်း သောက်စားခဲ့တယ်။ ကောင်မ လေးတစ်ယောက်လည်း ငါ့ကြောင့်ကိုယ်ဝန်ရ ခဲ့ဖူးတယ်”လို့ ပွင့်ပွင့်လင်းလင်းဖွင့်ပြောလိုက်တယ်။
ဗဘညခမ ရဲ့ပြုမူပုံက ကောင်းမွန်လှပါတယ်။ သူ့ဘဝအမှန်ကို ရိုးရိုး သားသားဝန်ခံခဲ့တယ်။ လူငယ်တွေအနေနဲ့လည်း မ တညခမ လိုဝန်ခံတတ် ဖို့လိုပါတယ်။ အဲဒီလိုပွင့်လင်းရိုးသားတာကြောင့် လက်ထပ်ပြီးတဲ့အချိန်မှာ
“ငါ့အတိတ်အကြောင်းကို သူသိသွားရင်ဘယ်လိုလုပ်ရမလဲ”ဆို တဲ့ စိုးရိမ်ပူပန်တာတွေကင်းသွားမှာဖြစ်ပါတယ်။ (ခ) ပစ္စုပ္ပန်။ လူတစ်ယောက်ရဲ့ လက်ရှိအသက်တာ၊ အကြောင်းကို သင်ဘယ်လို သိနိုင်သလဲ။ သူနဲ့အတူတူနေ၊ အတူတူလုပ်ဆောင်ပြီး လေ့လာ ဖို့ပဲလိုပါတယ်။
သင်ဟာအမျိုးသမီးဖြစ်ပြီး ကောင်လေးတစ်ယောက်ကချစ်ခွင့်ပန်၊ လက်ထပ်ခွင့်တောင်းလာမယ်ဆိုရင်တော့
“စဉ်းစားပါရစေရှင်။ ရှင်နဲ့ကျွန်မအသင်းတော်မှာ အရင်အတူပါ ဝင်လုပ်ဆောင်ကြည့်ကြရအောင်လေ” ဆိုပြီး သူ့ကိုပြန်ဖြေ သင့်ပါတယ်။
အတူတူလုပ်ဆောင်ရင်း သူ့အခြေအနေကိုလေ့လာရမှာဖြစ်ပါ တယ်။
“သူဒေါသထွက်လာရင် ဘာတွေလုပ်တတ်သလဲ။ သူ့အပေါ် အပြစ်လုပ်မိရင် ခွင့်လွှတ်တတ်ရဲ့လား။ ခွင့်မလွှတ်တတ်ဘူးလ များ။ လူတွေက သူ့ကိုခရစ်ယာန်ပီသတဲ့လူငယ်တစ်ယောက်လို့ မြင်ကြရဲ့လား။ ဆုတောင်း အားကြီးရဲ့လား။ ငွေကိုဖြုန်းတီးတတ်သ လား။ ဘုရားတရားကိုင်းရှိုင်းရဲ့လား။ မပျော်တဲ့အခါ ဘယ်လိုပြုမူပါသလဲ။ မမြင်ကွယ်ရာမှာ အရက်သောက်တတ် သူဖြစ်နေသလား။
အခက်အခဲကြုံရင် ဘုရားသခင်ကိုအားကိုးတတ်ပါသလား။ အမှားရှိရင် ဝန်ခံတတ်တဲ့အမူအကျင့်ရှိရဲ့လား”ဆိုတဲ့အချက်တွေကို သူ နဲ့အတူ ရှိနေချိန်မှာ လေ့လာရမှာဖြစ်ပါတယ်။
နောက်ဆုံးမေးခွန်းကတော့ “တစ်ယောက်အကြောင်းတစ် ယောက် အမှန်တကယ်သိကြပြီလား” ဆိုတာပဲဖြစ်ပါတယ်။ လိင်ဆက်ဆံခြင်းက အချစ်ကိုစမ်းသပ်ခြင်းမဟုတ်ပါ။
ဇနီးမောင်နှံနှစ်ဦး ကျွန်တော့်ဆီရောက်လာပြီး
“ကျွန်မတို့ လက်မထပ်ခင်တုန်းက လိင်ဆက်ဆံမှုပြုခဲ့ကြပါတယ်။ ပျော်လည်းပျော်ခဲ့ကြပါတယ်။ ဒါကြောင့်လည်း လက်ထ ပ်ဖို့ဆုံးဖြတ်ခဲ့ကြတာ ပါ။ ဒါပေမယ့် အခုတော့ ပျော်စရာမကောင်းတဲ့အပြင် အချိန်ရှိတိုင်းရန်ပဲ ဖြစ်နေရပါတယ်”လို့ ပြောပြကြပါတယ်။
ကျွန်တော်က
“မင်းတို့ရဲ့ အပြစ်တွေအတွက် ဝန်ချတောင်းပန်ပြီး တစ်ယောက်နဲ့ တစ်ယောက်ချစ်နိုင်ဖို့ကြိုးစားကြပါကွာ”လို့ အကြံပေးလို က်ပါတယ်။ လက်မထပ်ခင်လိင်ဆက်ဆံမှုက သူတိုနှစ်ယောက်ရဲ့ ချစ်ခြင်းကိုတိုးပွား စေပါသလား။ စဉ်းစားစရာပါ။
ဒါပေမယ့် လက်မထပ်ခင်လိင်ဆက်ဆံမှုပြုတာဟာ အချစ်ကို လုံးဝမတိုးပွားစေ၊ မခိုင်မြဲစေပါဘူး။ အချစ်ကိုစိစစ်နိုင်ဖို့အတွက်တော့ ဖေါ်ပြပြီးခဲ့တဲ့အချက်(၈)ချက်နဲ့ ဆင်ခြင်ရမှာဖြစ်ပြီး လိင်ဆက်ဆံမှုကိုမစမ်းသပ်သင့်ပါဘူး။
ပျော်ရွှင်တဲ့အိမ်ထောင်မိသားစုတွေကိုကြည့်မယ်ဆိုရင် အထက်က ဆန်းစစ်နည်း(၈)နည်းကိုကျင့်သုံးပြီး အိမ်ထောင်တည်ဆေး ဝက်သူတွေများပါ တယ်။ ပျော်ရွှင်တဲ့အိမ်ထောင်တိုင်းဟာ လက်မထပ်ခင်လိင်ဆက်ဆံမှုရှောင် ကြဉ်ပြီး ထာဝရဘုရားရဲ့ ပညတ်အ
င်း “သရင်းသားလက်ထပ်ခြင်း”ကို ဆောင်ယူအသက်ရှင်ကြတယ်။ လက်ထပ်ပြီးမှပဲ လိင်ဆက်ဆံမှုကိုပြုကြ တယ်။ သူတို့ရဲ့ အိမ်ထောင်တွေဟာ တကယ်ပဲပျော်ရွှင်သာယာပါတယ်။ | ဘုရားသခင်က ကျွန်တော်တို့ကိုဘယ်လိုစကားပြောပါသလဲ။
ဓမ္မတက္ကသိုလ်တစ်ခုမှာပါ။ ကျွန်တော်တို့ဆွေးနွေးပွဲလုပ်အပြီးမှာ ပိန်ပိန်ရှည်ရှည်မိန်းမပျိုချောလေးတစ်ယောကက ဝမ်းမြော က်ဝမ်းသာနဲ့လက် ဆွဲနှုတ်ဆက်ရင်း မေးခွန်းတစ်ခုကိုမေးပါတယ်။ သူ့နာမည်က “အိန်ဂျလာ”ပါ။
“ကျွန်မကို ခပ်ချောချောကောင်လေးတစ်ယောက်က လက်ထပ်ဖို့ ခွင့်တောင်းနေပါတယ်။ ကျွန်မလည်း သူ့ကိုချစ်နေမိသလို ခံစားရပါတယ်။ အဲဒီလိုခံစားနေတာတစ်ခုတည်းကို အချစ်လို့ယူဆရမလား။ ဒါမှမဟုတ် အ ချစ်ကိုဆန်းစစ်နည်း(၈)နည်းအတိုင်းပဲစိ စစ်ရမလား။ ဘုရားသခင်ရဲ့ ဖွင့်ပြမှုကို ဆရာတို့အနေနဲ့ ဘယ်လိုနားလည်ပေးနိုင်ပါသလဲဆိုတာ သိချင်ပါတယ်ရှင်” လို့မေးလာပါတ
ကျွန်တော်က
“သမီးအိန်ဂျလာ။ ဆန်းစစ်နည်း(၈)နည်းက မင်းရဲ့ခံစားမှုတစ်ခုထက် စိတ်ချရပါတယ်။ ခံစားချက်ဆိုတာကတော့ ပေါ်ပေါက်ပြီးရင် ပျောက်ကွယ် သွားတတ်တာမျိုးပါ။ ခံစားမှုတွေက အမြဲပြောင်းလဲတတ်ပါတယ်။ ဒါကြောင့် လည်း ဘုရားသခင်ကခံစားမှုထက် ဦးနှော ဝက်ကိုဦးစားပေးအသုံးပြုစေချင်တဲ့ သဘောပါ။
မင်းအနေနဲ့ စိစစ်နည်း(၈)နည်းကိုသုံးတဲ့အခါမှာ (၈)မျိုးစလုံးအောင် မြင်ကောင်း အောင်မြင်မှာပါ။ ဒါမှမဟုတ် တစ်ချက်နှစ် ချက်လွဲကောင်းလွဲပါ လိမ့်မယ်။
ဒါကြောင့် အကြံပေးချင်တာကတော့ ခံစားမှုကိုဦးစားမပေး၊ ဘုရား သခင်အလိုတော်ကို ဝန်ခံနိုင်ဖို့ပါ။ ဆန်းစစ်နည်းအား လုံး အောင်အောင်၊ မအောင်အောင် ဘုရားသခင်ပေးထားတဲ့ဉာဏ်ကိုအသုံးပြုပြီးမှပဲ ဆုံးဖြတ်သင့် ပါတယ်ကွယ်”လိ “အိန်ဂျလာ” ကို ပြန်ဖြေခဲ့ပါတယ်။